Aug 12, 2015

chat box မှာ သူငယ်ချင်းနှင့် ချစ်လိုက်ပုံများ

မ သာ မ
သေ ဂျင်း ဇိုး
သေနာ ခု ဘာတွေလုပ်
နင်နဲ့ ချက်နေတယ်လေ မသာမရဲ့
နင် အခုတလော စာတွေ တင်လှချည်လား
အေး
ငါမဖတ်ဘူး
ကောင်းတယ်
နင့်ဟာက ရှည်တယ်
တစ်ချို့က ရှည်မှ ကြိုက်တယ်
တိုတိုတုတ်တုတ် လုပ်စမ်းပါ
ငါ မလုပ်တတ်ဘူး အားမရလို့
မသာ မညစ်ပတ်နဲ့
နင်နဲ့ တန်ရာ တန်ရာ ပြောရတာပဲ
နင့်စာတွေက စကားပြေဟန်လည်း မပါဘူး စကားပြောတွေချည်းပဲ
မဖတ်ဘူးလည်းပြောသေးတယ်၊ ဖာသည်မ
မဟုတ်ဘူး၊ ဒီအတိုင်းအပေါ်ယံ ရှပ်ဖတ်သွားတာ၊ ဒီအတွက် share တော့ မလုပ်ဘူး
like တော့ လုပ်တယ်ပေါ့
နင် မြင်လို့လား ငါ့ဟာ
မြင် ဘူး
မမြင် ၊ မလုပ်လို့ပေါ့ ဟဲ့ မသာမရဲ့၊ နင့်စာတွေက စကားပြောဟန်တွေချည်းဆိုတော့ ၀တ္ထုပုံစံလည်း မပေါက်ဘူး
ငါ ၀တ္ထုရေးတယ်လို့ နင့် ဘယ်သူပြောလဲ
အခုရေးထားတာ ၀တ္ထုမဟုတ်လို့ နင့်ဂျီးတော်လင်လား
မသာမ--ခုခေတ်က စာ တစ်လုံးဖတ်ဘို့ အချိန် သိပ်ရကြတာ မဟုတ်ဘူး၊ စကားပြေဟန်တွေ အကုန် ဖြုတ်ပစ်လိုက်တယ်၊ နင် မော်ဒန်ပန်းချီကို မြင်ဘူးလား အပိုတွေ အကုန်ဖြုတ်ပစ်လိုက်ပီလေ၊ ဒီလို မသာမရယ် ဟိုးတုန်းက ငါ သိပ်သဘောကျတဲ့ ပန်းချီကားလေး တစ်ကား ပြခန်းမှာ ကြည့်ဘူးတယ်
အင်း လုပ်ပါဦး
ပန်းချီကားနာမည်က လက်ဘက်ရည်ဝိုင်းတဲ့၊ လက်ဘက်ရည် ငါးခွက်၊ အပေါ်စီးကနေ ဆွဲပြထားတယ်၊ တစ်ခွက်တစ်ရောင်နဲ့ အရောင်ငါးမျိုး ဆွဲပြထားတယ်
အဲဒီတော့
သောက်တဲ့ လူ ထည့်ဆွဲမထားဘူး၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် စိတ် မတူကြဘူးဆိုတာကို လက်ဘက်ရည် ပန်းကန်ထဲမှာပဲ အရောင်နဲ့ ပြလိုက်တယ်၊ ရှင်းလား အဲဒါ မော်ဒန် အစစ်ပဲ ၊ ငါလည်း အဲသလိုပဲ၊ ခေတ်နဲ့ လျော်ညီထွေအောင် စကားပြေဟန်တွေ အကုန်ဖြုတ်ချပစ်လိုက်တယ်၊ ဖတ်တဲ့လူလည်း အချိန်ကုန်သက်သာတယ်၊ စကားပြောဟန်နဲ့ ရေးတော့ နည်းနည်းလည်း ပိုသွက်လာတယ်၊ ငါလည်း စဉ်းစားရတာ နည်းနည်းတော့ သက်သာတယ်
နင် သက်သာခိုချင်တာနဲ့ မော်ဒန်ပန်းချီကို ဆွဲမထည့်နဲ့
နင် စာတန်းထိုးကားတွေ မကြည့်ဘူးဘူးလား၊ ကိုရီးယားကား ဆိုကြည့်စမ်း၊ စကားပြောတွေချည်း ရေးတင်ထားတာ၊ စကားပြေဟန်တွေ ပါလို့လား
အင်း
စကားပြေဟန်သိချင်ရင် နောက်က လှုပ်ရှားမှုကို လိုက်ကြည့် ဒါပဲ၊ ငါလည်း အဲသလိုပဲ စာပေ ရုပ်ရှင် ရိုက်ကြည့်တာ ရှင်းလား
မ ရှင်း ဘူး
မရှင်း လဲသေလိုက် သေဂျင်းဇိုးမရဲ့
ဖာသည်မ စကားပြောတာ ကြီးကျယ်လိုက်တာ ဟွန်း---ဟိုဟာ လုပ်ထည့်လိုက်လို့ လေထဲ(အွန်လိုင်းပေါ်)တင် ကလေးမွေးသွားမယ် သိရဲ့လား တောက်ကောင်မရဲ့
(chatbox ထဲက အတိုင်းပါမို့ ယုတ်ရင်းကြမ်းတမ်းတာတွေ ပါနေတဲ့အတွက် ခွင့်လွတ်ပြီး နားလည်ပေးစေလိုပါသည်ခင်ဗျာ၊ တကယ်တော့ အရမ်းခင်သွားရင် မိတ်ဆွေ သူငယ်ချင်း ဆိုတာ အဲသလို ပါဆိုမှ--အရသာရှိလိုက်သည့်ဖြစ်ခြင်း)

No comments:

Post a Comment