[ ရယ်စရာ ဟာသ ပြက်လုံးများ (၂၆) ]
အရမ်းကို စိတ်တိုဘို့ ကောင်းတယ်
ဘာဖြစ်လို့လဲ
လူတွေ စာမဖတ်ကြဘူးလေ
လူတွေစာမဖတ်တာနဲ့ မင်းက စိတ်ဆိုးစရာလား
ဆိုးစရာပေါ့ကွ ငါမှာတော့ ရေးပြီး လိုင်းပေါ် တင်လိုက်ရတာ အားပေးမယ့်သူကို မရှိဘူး
MPT ကြောင့် ဖြစ်မှာပါကွာ စိတ်မပျက်ပါနဲ့ ဆက်ရေးပါ
MPT ကြောင့် ဟုတ်လား၊ ဓာတ်ပုံတို့ ဘာတို့ တင်ရင် ဘာလို့ Like တွေ တွန်းလုပ်ကြတုန်း ကဲ ပြောလေ၊ အဲဒါ စာ မဖတ်ကြလို့ပေါ့ကွ
အဲသလိုလား၊ ဒါဆိုရင်တော့ သေချာပြီ
ဘာသေချာတာလဲ ပြောပါဦး
မင်းစာတွေ သောက်သုံးမကျလို့ နေမှာပေါ့
ဂိန်
[ ရယ်စရာ ဟာသ ပြက်လုံးများ (၂၇) ]
ကိုဖျောက်ဆိပ်ရေ
အောင်ငွေရေ
ဟား--ဇာတ်ဆရာက သားမယား သုံးမျိုး သုံးစား ခွဲယူသွားတယ်
ချစ်သုံးလီတဲ့မောင်ရာ
တို့တော့ တစ်မျိုးထဲ ယူမယ်မောင်ရာ အမေ့စကား နားထောင်တဲ့အနေနဲ့
ဘယ်လိုတုန်း
သွားခေါခေါ မိန်းမယူမှာပေါ့
ဟာ---လှပါ့မလားဟ
အသက်ကြီးသွားတော့ ရှေ့သွားကြိုးရင် ရှေ့ကအချိုင့်လေးနဲ့ ပိုလှသတဲ့
အင်း အင်း
ငါသွားခေါခေါ မိန်းမယူထားတာ
ပြောစမ်း
အံမယ် ရှေ့သွားမကျိုး ဘေးသွားတွေကျိုးလို့ မယားကို ဂဠုန်ဖြစ်လို့
အဲဒါပေါ့--မိဘစကား နားထောင်ငြား မယား ဂဠုန် ဖြစ်လတံ့
ခ် ခ် ခ် ခ်
(---ဦးဖျောက်ဆိပ်၊ ဦးအောင်ငွေ အမှတ်တရ၊ ရွှေမန်းတင်မောင်ဇာတ်သဘင်)
[ ရယ်စရာ ဟာသ ပြက်လုံးများ (၂၈) ]
ဦးဓာတ်ရှင်
မိုးညိုရေ
ကျုပ်တို့တော့ စိန်လှကြည်လို ချောချောလှလှ မိန်းမတော့ မယူသေးဘူးဗျို့
ဘယ့်နှယ်ကြောင့်လဲ
ဟာ ကျုပ်တို့ မိန်းမ ယူလို့ရှိရင် နှုတ်ခမ်းမွှေးပါတဲ့ မိန်းမ ရွေးယူမှာ
ဟာ ဘယ်နှယ့် ကောင်းနိုင်ပါ့မလဲ နှုတ်ခမ်းမွှေး ပါတယ်လို့ ကြား မကြားဘူး
အဲဒါကြောင့် ခင်ဗျားတို့ ဗဟုသုတ မရှိဘူးလို့ပြောတာ၊ ရှေးတုန်းက မိန်းမတွေက နှုတ်ခမ်းမွှေးနဲ့ ခင်ဗျ
ဟေ
နောက်တော့အမျိုးသမီးတွေကသနပ်ခါးလိမ်းရော၊ သနပ်ခါးနဲ့ နှုတ်ခမ်းမွှေးနဲ့ ကြည့်မကောင်းဘူးဆိုပီး သိကြားမင်းက ဂျိုင်း(ချိုင်း) ကို ပြောင်းလိုက်တာ၊ အဲဒီတော့မှ ချိုင်းမွှေးရယ်ဖြစ်တာဗျ
အာ---ဟုတ်ရမယ်၊ ဒါ ယုတ္တိရှိတယ်ဟ
နောင်၊ အမျိုးသမီးတွေက အိကျီ င်္လက်တိုလေးတွေနဲ့ ရေအိုးပင့်ရော၊ ချိုင်းမွှေးတွေက ထွက်နေရော၊ ကြည့်မကောင်းဘူးဆိုပီး နောက် ဘယ်ပြောင်းသွားတယ် မသိပါဘူး။
တော်စမ်းပါဟာ မင်းဟာက၊ တို့တော့ ဇာတ်ဆရာက ချစ်သုံးလီတဲ့ မယားသုံးမျိုးယူသွား၊ ဟော တို့ကျတော့ တို့မိန်းမက တစ်ခါထဲနဲ့ သုံးလုပ်ပီးတယ်မောင်
အံမယ် အဖိုးတန်လိုက်တာ
အမလေး မနက်လင်း အိပ်ရာက ထလာ တစ်ခါတည်း ဆန်ဆေးရင်း သေးပေါက်တာပဲ မျက်နှာသစ်ပီး
(---ဦးဓာတ်ရှင်၊ ဦးမိုးညို အမှတ်တရ၊ ရွှေမန်းတင်မောင်ဇာတ်သဘင်)
[ ရယ်စရာ ဟာသ ပြက်လုံးများ (၂၉) ]
သူဌေးကြီး စံမတူ စံမတူနဲ့ ဒီအရပ်မှာတော့ ဟော်လေတကျိုး ဟိုးလေးတကျော်ပေါ့ဗျာ၊ ကံအားလျော်စွာ ဟို တမြန်နှစ်ကဖြင့် မိန်းမဆုံးသွားတယ်လေ၊ ပြန်ကို မရွေးနိုင်တော့ဘူး။ အယ်--သေခြင်းတရားဆိုတော့ ဘယ်ပြန်ရွေးနိုင်ပါတုန်း၊ ဒါပေမယ့် အင်မတန်ချစ်လှတဲ့ တစ်ဦးတည်းသော သမီးချော မိတဆိုးလေးပဲကျန်ခဲ့၊ မိန်းမ မရှိတဲ့နောက်ပိုင်းမတော့ ဒီ သမီးကလေးပဲ အင်း----အဲ အဲ အဲ---အားကိုးနေရတာ အားကိုးနေရတာ၊ လိမ္မာတဲ့နေရာမတော့ ပြောစရာမရှိပါဘူး၊ ပြောစရာမရှိဆို ပြောစရာမှ မရှိဘဲကိုး၊ အဟဲ--သမီးကညာ အရွယ်ရောက်လာ အခါမလင့်ဆိုတာလို သမီးကလေး ရှေ့ရေး ခေါ်ပြီးတော့ တိုင်ပင်ဦးမှာပဲလေ----- သမီး ဟေး သမီး အချိုရေ အချို အချိုမှုန့်
ရှင်---------------------ဘ
အော် အော်--အဲ ထိုင်စမ်းပါဦး သမီးရယ်၊ အဘခေါ်ရတာက သမီးကို အိမ်ထောင်ရက်သား ပြုဘို့အတွက်ပါပဲကွယ်
ဟင်---အဘကလဲသမီးရဲ့ အိမ်ထောင်ကို ရက်သားနဲ့ မပြုပါရစေနဲ့၊ အင်မတန်ငယ်သေးတာ၊ နောက်ပြီး ချက် ကြိုး လည်း ဖြတ် ရ သေး ဘူး -----အဟီး
တယ်---ဒီ ကောင် မ လေး
အမယ်--အဘက သီချင်း ဆိုနေပြန်ပီ ဟီ
နင်ဟာလေ အမလေး ပြောလေ ကဲလာပါပဲလား၊ ဒီအရွယ်ကြီး ရောက်နေတာတောင် ရူးတုန်း ပေါတုန်း ရှိသေးတယ်
ဒါကတော့ အပေါင်းအသင်း မကောင်းလို့ပါ အဘရယ်
အမယ် နင်က ဘယ်သူနဲ့ ပေါင်းသင်းနေလို့တုန်း
အ ဘ နဲ့ လေ
တယ် ခက်ပါလား၊ ငယ်စဉ်ကတည်းက အလိုလိုက်ခဲ့တော့ ရူးပေါပေါဖြစ်ပီးတော့ လူကြီး လူကြီးမှန်းမသိ
အမယ် သမီးက ဒီလောက်တော့ မအသေးပါဘူး အဘရယ်၊ လူကြီးတော့ လူကြီးမှန်း သိပါတယ်
ပြော စမ်း ပါ ဦး ဗျာ
ဟော သမီးနဲ့ အဘဆို သမီးက ကလေး၊ အဘက လူကြီး
ဟဲ့ တော်စမ်း၊ ခွေးမလေး
သမီးရဲ့ နာမည် ခွေးမလေး ဟုတ်ပါဘူး ချိုပါ
ကဲ---အချိုပဲ ထားလိုက်ပါတော့၊ အချိုပဲထားလိုက်ပါတော့
အင်း--အဘပြောလိုက်ရင် အချိုပဲ ထားလိုက်ပါတော့၊ အချိုပဲထားလိုက်ပါတော့နဲ့ တစ်ခါ တစ်ခါ သကြားများသွားရင် သမီးပဲ အဆူခံရတယ် အဟီ
အင်း--နင့်တော့ ငါ မနိုင်တော့ဘူး
မနိုင်ရင်လည်း မချီနဲ့ပေါ့
တော်ပါတော့ တော်ပါတော့ ကြာရင် ငါရူးလိမ့်မယ်
အဘရူးရင် သမီးက အဟီ
ထပ်မပြောနဲ့၊ မလွယ်ပါလားနော်၊ ကဲ--နားထောင်၊ သမီး အိမ်ထောင်ရေးကိစ္စအတွက် သတင်းစာကနေ ခင်ပွန်းလောင်း အလိုရှိတယ်လို့ ကြော်ငြာခဲ့တာ ဘယ်သူမှလည်း လာမလျှောက်ကြဘူးဟ၊ လာလျှောက်ချင်လည်း ကြော်ငြာထဲက အဘရဲ့ စည်းကမ်းချက်ကတော်တော်၊ သမီးရဲ့ ရူးပေါပေါ နေပုံ၊ ထိုင်ပုံ၊ ပြောပုံတွေ မြင်ပီးတော့ လန့်ပြေးမှာ သေချာတယ်
ဒီလိုဆို သမီးမယူတော့ဘူး၊ သမီးအစား အဘယူလိုက်ပါလား ဟင်
မဖြစ်လို့ပေါ့ဟ၊ အဘကလည်း အသက်ကြီးပီ၊ ဆွေမျိုးညာတိဆိုလို့လည်း အားကိုးလောက်အောင် တစ်ယောက်ကမှ မရှိဘူး၊ ဒီတော့ သမီးရဲ့ ရှေ့ရေးအတွက် သမီးနဲ့ အဆင်ပြေမယ့်လူမျိုး ရဘို့ အဘမှာလည်း ၀တ္တရား ရှိသေးတယ် မဟုတ်လား၊ ခဏစောင့်ပါဦးသမီးရယ်၊ အင်း--အဘ မျက်စိနှစ်လုံး မပိတ်ခင် သမီးကလေးကို လှလှပပ မြင်သွားချင်တယ်ကွယ်
ဒါက--လွယ်ပါတယ် အဘ ရယ်၊ အဘ မျက်စိနှစ်လုံး မပိတ်ခင် သမီးကို လှလှပပ မြင်ချင်တယ် ဟုတ်လား
အေး အေး
အဲ---ဒီလိုဆိုရင်၊ အဘမအိပ်ခင် သမီး သနပ်ခါးလိမ်းပြီး လာပြမယ်လေ
တယ်---
(ဓာတ်ပြားခေတ်----၊ ဦးစံမတူအမှတ်တရ---)
[ ရယ်စရာ ဟာသ ပြက်လုံးများ (၃၀) ]
(အာဂျီနိုမိုတို ဘားပလပ်နဲ့ ရောလို့ကျို)၂ မျက်နှာလည်းချို အားလည်းပို--ဟဲ ဟဲ ဟဲ
(သည်ကိုကို လူပျို၊ မိန်းမရဘို့ နီးတော့သကို)၂ (သွားတော့မယ်ဆို သွားတော့မယ်ဗျို)၂--အဟို့---
ဘာလိုလိုနဲ့ လှမ်းလာလိုက်တာ အ၀တ်တွေတောင် အတော်ခြောက်နေပီ၊ အင်း--လိပ်စာအရတော့ ဒီ အိမ်ပဲ၊ အမယ်ခြံဝမှာလည်း ဆိုင်းဘုတ်တစ်ခု ဆွဲထားပါလား၊ ကိုက်တတ်သည် စံမတူ---တဲ့၊ အော်-ဦးစံမတူ နေအိမ်ကိုး --အမ်း--အမ်း၊ ခွေးကိုက်တတ်သည်လို့ ရေးထားတာ၊ အော် ပိုက်ဆံရှိတဲ့သူတွေများ ခွေးကလေးတောင် နိုင်အောင် မထိန်းနိုင်ကြဘူးနော်၊ ခြံထဲမှာလဲ အဖိုးကြီးတစ်ယောက်ပဲ၊ ခေါ်ကြည့်ဦးမှ၊ ဒီမယ်---ဦးမင်း ဦးမင်း ကိုက်တတ်ပါသလားခင်ဗျာ
ဟေ့---ဘာကိစ္စလဲကွ--ငါ့ နာမည် ဦးမင်း မဟုတ်ဘူး စံမတူ
အော်---ချိုချို ရှိပါသလားလို့
မင်းက---ဒီအရွယ်အထိ နို့ မပြတ်သေးဘူးလား၊ ဒီမှာ ချိုချိုတော့ မရှိဘူး၊ နို့မုန့်ပဲ ရှိတယ်
အော် ချိုချိုဆိုတာက သတင်းစာမှာပါတဲ့ ကြော်ငြာရှင်ကို ပြောတာပါခင်ဗျာ
အို---ငါ့သမီးလား
ငါ့သမီးလား မဟုတ်ဘူးလေ၊ ချိုချိုပါ
အေးလေ---ငါ့သမီးနာမည်က ချိုပါကွ၊ မင်းက---ကြော်ငြာအတွက် လာလျှောက်တာထင်တယ်
ဟုတ်ကဲ့ခင်ဗျ
ဒါနဲ့စကားမစပ်--မင်း အရက်တို့ဘာတို့ ကြိုက်သလားဟေ့
လှည့်တောင် မကြည့်ချင်ပါဘူးခင်ဗျာ
ဘာဖြစ်လို့တုန်းကွ
မြင်ရင် သောက်မိမှာ စိုးလို့ပါ
အေး--ကြိုက်ပီ၊ ဒါနဲ့ နံမယ် နံမယ်
ဟုတ်ကဲ့ နှာခေါင်း ပိတ်ထားပါတယ်
မင်း နံမယ် မေးတာ
အော်--မင်းနံမယ်က ဗြဟ္မဒတ် တဲ့
တယ်------မင့် ဘိုး အေ
ကျနော့်ဘိုးအေက ဦးဘလေ
တော်တော် ကျပ်နေမှကိုး
ရေနံဆီလေး စိမ်ပေးပါ့လားခင်ဗျာ
မင်းရဲ့ အမည်နာမ မေးတာ
အော် ကျနော့်ရဲ့ အမည်နာမလား၊
အေး
စကားထာလေးနဲ့ ပြောမှ ဖြစ်မှာခင်ဗျ
ဆိုစမ်းပါဦးဗျာ
စံပယ်ဖူးစ ဇီးယောင်းမ---တဲ့
အင်း---အဓိပ္ပါယ်က
စပယ်ဖူးစတော့ မငုံလား
ငုံတာပေါ့
ဇီးယောင်းမကျတော့လည်း မမွှေရဘူးလား
မွှေရတယ်လေ
ငုံမွှေ---
ငွေမှုံတဲ့လား
သော်တာတဲ့
ကောင်းကွာ--ဒါနဲ့--မင်း---ကျန်းမာရေးကော လိုက်စားဘူးသလားဟေ့
အလေးမဘူးပါတယ်ခင်ဗျ
ဟာ--ဘယ်တုန်းကလဲ
ချိန်ခွင်ချိန်တုန်းကပါ
တော်တော်ထူးခြားတဲ့ သူငယ်ပဲဟေ့၊ အော်---စောစောက မင်း လမ်းပေါ်မှာ သီချင်းဆိုသံကြားလိုက်ပါတယ်၊ အနုပညာဘက်မှာ ၀ါသနာပါတယ်ထင်တယ်၊
ကျနော်--အနုပညာဘက်မှာ အဆို၊ အမှုတ်၊ အတီး၊ အက လေးမျိုးရပါတယ်ခင်ဗျာ
ကဲကဲ ပြောစမ်းပါဦး
အဆိုမှာ---ဓမ္မစကြာဆိုတတ်တယ်
ဟုတ်ပီ
အမှုတ်မှာ--မီးပြောင်းမှုတ်တတ်ပါတယ်ခင်ဗျာ
ကြိတ်လိုက်ကွာ
အယ်--အတီးမှာတော့ လည်လည်ပတ်ပတ် ကြေးစည်တီးတတ်တယ်လေ
လည် လည် လည် လည်
အကမှာတော့လေ စပါယ်ရှယ်ပဲ၊ ချိုမှိုင်မှိုင် ချိုချို၊ ချိုမှိုင်မှိုင် ချိုချို
အော် အဲ အဲ အရည်အချင်းတွေတော့ အားလုံးကြိုက်သွားပါပီ၊ ကဲ ဒီတော့ ပေးစားတော့မယ်၊ ဒါ ပေ မယ့် ငါ့သမီးနဲ့တော့ မဟုတ်ဘူး
ဟင်--ဒါဖြင့် ဘယ်သူနဲ့လဲ ခင်ဗျာ
အာ------ငါ---- နဲ့--------------------
သေ လိုက် ပါ တော့ ဗျာ---

(ဦးစံမတူ၊ ဦးသော်တာ--အမှတ်တရ ၊ ဓာတ်ပြားခေတ်)
No comments:
Post a Comment