ဦးလေး
ဘာ လဲ
ထူးပုံကြီးကလည်းဗျာ ကောင်းကောင်းမွန်မွန် တုံ့ပြန်စမ်းပါ
မင်းလို ကောင်မျိုးကို လုပ်စရာလားကွ
ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ဖက်က လူကြီးလူကောင်းဆန်ရင် ဦးလေးကလည်းလူလို ပြန်ထူးသင့်တာပေါ့
ဘာ ကွ၊ မင်းက ငါ့ကို တိရစ္ဆာန်လို့ ပြောလိုက်တာပေါ့လေ
မဆိုလိုပါဘူး ယဉ်ကျေးဘို့ ပြောတာ
ကွာ--စော စော စီး စီး လူသတ်ချင်လိုက်တာ
စိတ်လျှော့ ဦးလေး စိတ်လျှော့----ကဲပါ --ရော့---ပါ--စိတ်ပြေပါတော့
ဒါ ဘာ လဲ
အော်--ဦးလေးက မျက်လုံးပါ မကောင်းရှာတော့ဘူးကိုး--လက်ဘက်ရည်လေးဗျာ
ခွေးသူတောင်းစား---လက်ဘက်ရည်မှန်းသိဒယ်ကွ၊ ဒါဘာလုပ်တာလဲ-လို့ မေးနေတာ
ဦးလေးအတွက် လက်ဘက်ရည်ဝယ်လာတာလေဗျာ
အော ဟော ဟော မင်းဆိုတဲ့ကောင်က လူကြီးကို စော်ကားချင်သလို စော်ကား ပမာမခန့် လုပ်ချင်သလို လုပ်ပြီးမှ ဒီလို လက်ဘက်ရည်တစ်ခွက်နဲ့ တောင်းပန်လိုက်လို့ အဝိစိဂျိုးကပ်နေတဲ့နေရာက ပြန်ထ မလာနိုင်ဘူးကွ ငရဲကောင်ရ
မသောက်ဘူးဟေ့ကောင်
လူကြီးဆိုတာလည်း လူကြီးလို နေမှလေဗျာ၊ ဦးလေးက ချီးထဲပါ သေးထဲပါ
ဘာကွ ဟေ့ကောင် မင်း ထပ်စော်ကားလာပြန်ပြီ၊ ငါ့ဟာငါ ဘယ်အထဲပါပါကွာ မင့်အပူပါသလား သွားကွာ သွား သွား ဟေ့ကောင် နောက်ထပ် စော်ကားလာရင် ငါ သည်းခံမှာ မဟုတ်ဘူးနော် နားလည်လား
အင်း ---ကြည်စေ အေးစေ လုပ်ဘို့ လာတာ--သွေးချောင်းစီးပီး ပြန်ရမယ်နဲ့တူတယ်
အောင်မာကွာ၊ စမ်းကြည့်လိုက်လေ၊ အသက်ကြီးပေမယ့် မင်းလို မလောက်လေး မလောက်စား လောက်တော့ ထည့်ကို မတွက်ဘူးဟေ့ကောင်
ဘာပြောနေလို့လဲ၊ ကဲပါ ကျနော်ကပဲ တောင်းပန်ပါတယ်၊ ရော့ပါ သောက်ပါဗျ၊ ဦးလေးနဲ့စကားမပြော ရတော့လည်း ပျင်းတယ်ဗျာ
မင်း အပျင်းပြေရအောင် ငါ ပျော်တော်ဆက်မဟုတ်ဘူး
ထားပါလေ---သောက်မှာလား မသောက်ဘူးလားဗျာ--ဒါပဲပြောတော့--ကောင်းပြီလေ--ဒါဆိုလည်း ကျနော်ပြန်မယ်
ေ န ဦ း
ဘာ လဲ ဗ်
လက်ဘက်ရည်တော့ ထားခဲ့၊ ငါ မခေါ်ချင်တဲ့အထဲမှာ လက်ဘက်ရည်မပါဘူး၊ ဒါပေမယ့်
မင်းလိုလူကြီး လူကြီးမှန်း မသိတဲ့ ကောင်မျိုးကိုတော့ ရှေ့လျှောက် ဆက်ဆံသင့်မဆံသင့် စဉ်းစားရတော့မယ်
လူကြီးကလည်း လူကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင်တော့ နေတတ်ရတယ်ဆိုတာလည်း စဉ်းစားထားဦး အသက်ကြီးတိုင်း လူကြီးဖြစ်တာမဟုတ်ဘူး၊ လူကြီးမဖြစ်ပဲလူအိုဖြစ်နေတာတွေ တစ်ပုံကြီး
အဲဒီအထဲမှာ ငါမပါဘူးကွ
ပါးစပ်ကပြောတိုင်း ယုံမယ်တဲ့လား၊ လက်တွေ့ကြည့်ရင် အသိသာကြီး၊ ဦးလေးကတစ်ကယ်တော့ သိတာ တတ်တာ ဘာမှကို မရှိဘူး၊ သိသလောက်တတ်သလောက်လေးနဲ့ ကျနော့်လာ ဗိုလ်လုပ်နေတာ ကျနော်မို့ တစ်ခြားလူသွားမလုပ်နဲ့ ဦးလေး သွားတွေ တစ်ချောင်းမှကို ရှိမှာမဟုတ်ဘူး
တောက်---ဟေ့ ခင်တုတ်--ဦးရေတိုင်ထောင့်မှာ ထောင်ထားတဲ့ ဓားမ ယူခဲ့စမ်းဟေ့
ထင်းခွဲမလို့လား ဦးလေး
မင်း ကို ခုတ်သတ်မလို့ကွ၊ ခွေး သူ ခိုး ရ ။ ။

No comments:
Post a Comment