သိန်းဆုရေ
ဟေ
ခု--တို့ကတဲ့ အရပ်က ဘာအရပ်လဲ
သူဌေးတန်းရပ်လို့ ခေါ်တယ်
သူဌေးတန်းရပ်ဆိုတော့ သူဌေးတွေ ပေါမှာပေါ့ ဟုတ်လား
ဒါပေါ့ဟ ပေါစံရ
ငါတော့ မယုံပေါင်
ဘာလို့
ဟ--ခုထိ ဆုတော်ငွေ တစ်ပြားမှ မှ မလာတာ သူဌေးတန်းရပ် ဖြစ်နိုင်ပါ့မလား
မင်းကလည်း---အေးတာနဲ့ ပြန်လို့ အိပ်ကုန်ပေါ့
ဟေ--ဟုတ်ကလား၊ မအိပ်တဲ့သူတော့ ချချင်ချမှာပေါ့ကွာ
မင်း ဘာပြောတာလဲ
ဆုငွေပြောတာပါကွာ မင်းကလဲ--------
(ဦးပေါစံ၊ ဦးသိန်းဆု အမှတ်တရ)
[ ရယ်စရာ ဟာသပြက်လုံးများ (၂၂) ]
သေစကားမပြောနဲ့ မင်္ဂလာရှိတဲ့အချိန် သေစကားမပြောနဲ့
အို လူသေ တစ္ဆေဖြစ် မဆန်းပါဘူးကွာ မင်းကလဲ
လူသေတစ္ဆေဖြစ်ဆိုတော့ မင်းက တစ္ဆေ သရဲ ရှိတယ်ဆိုတာ ယုံတယ်ပေါ့
ဟ--ဘုရားရှင်လက်ထပ် အနာထ ပိန် သူဌေးကြီးရဲ့အိမ်မှာ ပုဏ္ဏကတိုက်သလို ဖြစ်နေလို့ သူဌေးကြီးက မြတ်စွာဘုရားကို လျှောက်တယ် မြတ်စွာဘုရား တပည့်တော်ရဲ့အိမ်မှာ အဲသလို အဲသလိုတွေ ဖြစ်နေပါတယ်ဘုရား ဘာ့ကြောင့် အဲသလို ဖြစ်နေရတာပါလဲ ဘုရားလို့ လျှောက်တော့ မြတ်စွာဘုရားက သူဌေးကြီး မကျွတ်မလွတ်သေးတဲ့ သူတွေက အမျှအတမ်း လိုချင်လို့ သတိပေးတာ အဲဒါတစ်ခြားမဟုတ်ဘူး နင့်အမျိုးတွေ ----ပေတ၀တ္ထု ၀ိမာန ၀တ္ထုထဲမှာ အတိအလင်းကို ပါတာ
တစ္ဆေ သရဲရှိတယ်ဆိုတာ ယုံတယ်ပေါ့
ယုံတာပေါ့ဟ
ဒါ----ဆို မင်း အခြောက်ခံဘူးလား
ငင်
အခြောက်ခံဘူးလား လို့
အင်း ဒီမေးခွန်းဖြေရမှာ အတော် ကျပ်တယ်၊ အခြောက်မခံဘူးပါဘူးဆိုပြန်ရင်လည်း ကိုယ့်စကားနဲ့ကိုယ်၊ ခံဘူးပါတယ်ဆိုရင်လည်း ကိုယ်ညံ့ရာ ကျတော့မယ်၊ နေပါဦး ငါ့တော့ မေးတယ် မင်းကရော အခြောက်ခံဘူးလား
ခံဘူးတယ်
ဘယ်မှာလဲ
တောင်ပြုံးပွဲမှာ--စီးကလက် နှစ်လိပ်တောင် ပေးသွားသေးတယ်

(ဦးပေါစံ၊ ဦးသိန်းဆု--အမှတ်တရ)
[ ရယ်စရာ ဟာသပြက်လုံးများ (၂၃) ]
ဟာ ဟေ့ကောင် နောက်တိုး မင်းသမီးဖင်ကို မရိုက်ပါနဲ့ဟ
ရိုက်တော့ ဘာဖြစ်လဲ ရွှေဗျိုင်းရဲ့
ဒါ တို့ကို လုပ်ကျွေးနေတဲ့ ထမင်းအိုးလေးပါကွာ၊ တော်ကြာ အိုးလေး ကွဲသွားလို့ ငါ တို့ ငတ်နေပါဦးမယ်ဟ
ဟေ---ဒါ အိုး ဟုတ် လား
အေး----
ဒါဆို ငါ့ အိုးခဏ ငှားစမ်း
ဘာလုပ်မလို့တုန်းဟ အောင်စိန်ရ
ငါ---အာလူးလေး ထည့်ပြုတ်ချင်လို့
အားသေးဘူး
ဘာလို့ မအားတာလဲ
ငါ ပဲမြစ်ပြုတ်ထားလို့

(သက်ကြီးအငြိမ့်----ဦးနောက်တိုး၊ ဦးရွှေဗျိုင်း၊ အမယ်ကြီးအို ဦးအောင်စိန် အမှတ်တရ)
[ ရယ်စရာ ဟာသပြက်လုံးများ (၂၄) ]
ငါက ကိုယ်ဟန် အမူအယာနဲ့ သဏ္ဍာန်လုပ်ပြမယ် ကြည့်ပြီး ဘယ်ရုပ်ရှင်ဇာတ်ကားလည်း ဆိုတာ ပြောပြ
ကျနော်တို့က ပြောနိုင်ရင်
လင်ဗန်းနဲ့ ငါ့ခေါင်းဆော်လေ၊ မပြောနိုင်ရင် မင်းတို့ခေါင်း ငါ ဆော်မယ်
စိန်လိုက် ဒါနဲ့ ကျနော်တို့ ဆိုင်ကယ်ဦးထုပ်လေး စောင်းထားလို့ ရမလား
မရဘူး ဒီအတိုင်းအလွတ်၊ ကိုယ့်ထက် အငယ်တွေဆိုတော့ ညှာညှာတာတာ ဆော်ပါ့မယ်၊ ဦးနှောက်ထွက်ရုံလေးပေါ့
ငင်
ကဲ စမယ်--မင်း ဒီနားကို လှဲအိပ်လိုက်စမ်း၊ ဟုတ်ပြီ၊ မင်းသမီးခဏ သမီးက ဒီနားမှာ ရပ်နေ ဒီဘက်လှည့်ထား ဟုတ်ပြီ ငါက ဒီကောင့်ပေါ်ကို ကျော်ပြီး ဟောသလို မင်းသမီးဆီကို ဒိုက်ထိုးဝင်လိုက်တဲ့ကား အဲဒါ ဘာကားလဲ
အောင်မလေး ဒါများ လွယ်လွယ်လေး
လွယ်ရင် ပြောစမ်း
ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်
မှားတယ်
ဂေါင်
ဂေါင် ဂေါင် ဂေါင်
မှတ်ထား ချောင်းကိုပစ်၍ မြစ်ကို ရှာ
နည်းနည်းပဲ လွဲသွားတယ်ကွာ ဘာလို့များချောင်းဘက်က လှည့်မသွားမိပါလိမ့်
ဒါဆို ကျနော်တို့လည်းမေးမယ်
မေးစမ်း
ဟော ကောင်းကင်မှာ လကလေးကသာလို့၊ မိန်းမက ခြင်ထောင်ထဲအိပ်နေတယ်၊ အဲဒါ အသာလေး ဟောသလို ချွတ်နင်း တီးလုံးလေး ဆရာရေ့ ---------------ကဲ ပြောစမ်း အဲဒါ ဘာရုပ်ရှင်ကားလဲ
လွယ်လွယ်လေး၊ သည့်ထက် ခက်တာ လုပ်ပြစမ်းပါဟ
ကဲ ဘာကားလဲ
စနေနေ့ည ကိုးနာရီ
မှားတယ်
ဂေါင်----ဂေါင်--ဂေါင်---ဂေါင်
အား----ဖြည်းဖြည်းလုပ်ကြပါဟ---အိမ်သာခေါင်မိုးလည်း ပြုတ်ထွက်သွားပါဦးမယ် ပြောစမ်း အဲဒီကားမဟုတ်ရင် ဘာကားလဲ
မသေမချင်းမှတ်ထား အဲဒါ တိုက်ပွဲခေါ်သံ---ဂေါင်--
အား---အဆစ်ပါ ထပ်အုပ်သွားပြန်ပီ၊ ကိုင်း ဒီတစ်ခါ ငါ့အလှည့်၊ ငါက မင်းတို့ကို ကျောခိုင်းပီး ထွက်သွားမယ်၊ ငါက သမင်လည်ပြန်လှည့်ကြည့်ပြီး လက်ပြရင် မင်းတို့လည်း ပြန်ပြ အဲဒါမျိုး သုံးလေးခါ လုပ်မယ် ဟုတ်ပလား
မင်းသမီး ကတော့မယ်တဲ့
ရတယ်၊ မကရရင် နေပလေ့စေ၊ ဒီဇာတ်ကားကို ပြီးအောင် ဆက်ပြမယ်၊ ရှင်းလား
ဟုတ်
ကဲ သွားပြီ----(လှည့်---လက်ပြ၊ ၄ယောက်သား ပြန်ပြ၊ တစ်ခါ ၊ နှစ်ခါ--------) ကဲ အဲဒါ ဘာကားလဲ
ဟား သိပြီ--အဖေနှင့်သားများ
မှားတယ်--(ဂေါင်)
ဗိုလ်အောင်ဒင်
မှားတယ်-(ဂေါင်)----ဘာ ဗိုလ်အောင်ဒင်လဲ ဘာမှကို မဆိုင်ဘူး--(-ဒေါင်)
ဦးပေါလုတို့ နှုတ်ဆက်တာလေ တောင်ကုန်းပေါ်ကနေ ဟောသလိုလေး
ဟား ဟား သိပြီ လက်ကလေးပြလို့ နှုတ်ဆက်ပါတယ်
ဂေါင်----အဲဒီလိုဇာတ်ကားမျိုး ကြားကို မကြားဘူးဘူး
ဟား သိပြီ--ရွှေလက်နဲ့ ခေါ်သော်လည်း မလာ အဲဒီကား---အကယ်ဒမီ မြတ်လေး
ဂေါင် ဂေါင် မှားတယ် လုံးဝ မဟုတ်ဘူး
ဒါဖြင့် ဘာကားလဲ ပြော
ဘာကားမှ မဟုတ်ဘူး၊ အဖေ နိုင်ငံခြားသွားလို့ သားတွေ လေယာဉ်ကွင်း လိုက်နှုတ်ဆက်တာ
ဂေါင် ဂေါင် ဂေါင် ဒေါင်----------

(ဦးကျော်ကြား အမှတ်တရ------)
[ ရယ်စရာ ဟာသပြက်လုံးများ (၂၅) ]
လောကမှာ--
အာဏာရူး
ဘ၀င်ရူး
ဥစ္စာရူး
တဏှာရူး
မယားတရူး
လင်တရူး
အရူး အမျိုးမျိုး ရှိတာကို မင်းကျတော့ တစ်မျိုးရူး
ဘယ်လိုရူး
စောက်ရူး
ဟင်--ဒါဆို အရပ်ထဲမှာ စောက်ရူး နှစ်ယောက်တောင် ရှိသွားပီ
တစ်ယောက်က ဘယ်သူလဲ
ခင်ဗျားလေ

No comments:
Post a Comment