Aug 8, 2015

လူစကားပြောပြီ


လူမှာအမျိုး ကြက်မှာ အရိုး ၊ လူရိုး သင်္ချိုင်းမှာပဲ ရှိ
လူတွင်ပါမှ ကျားကိုက် ၊ အရပ်ကူပါ လူဝိုင်းပါ
အနူတော လူချော ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုး
လူ့အောက်ကျို့လို့ လူမပိ ၊ လူနံပိန် ကျွဲဂျိုလိမ်
ခြေနှစ်ချောင်းနဲ့ နားရွက်တို မသနားနဲ့ (လူသတ္တ၀ါ)
သူခိုးက လူလူ ဟစ် ၊ လူအကြောင်း ပေါင်းကြည့်မှသိ
လူပေါ်လူဇော်လုပ် ၊ လူများစကားများ
လူပုစိတ်တို ၊ လူက ဟ၀ှာလောက် ၊ ဟဝှာက လူလောက် ၊
နွားပိန်ထူ လူခွေ့ ၊ လူမှာအဝတ် တောင်းမှာအကွပ် ၊
လူကိုခင် မူကိုပြင် ၊ လူပျိုဘုရား မရှိငြားတည့် ၊
လူ့အလို နတ်မလိုက်နိုင် ၊ လူနာလိုမှ နတ်နာလို ၊
လူများပြီး ပွဲမစည် ၊ လူမိုက်နဲ့ငွေ အတူမနေ ၊
လူကိုဖျက်တော့ အရက် (ဝါးကိုဖျက်တော့ ဝါးမြက်)
လူမြိုမှ လူမျိုးပျောက် ၊ လူညီ ဤ ကျွဲဖတ်
လူ့အကြိုက်ဆယ်ခါလိုက် မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာ ရန်သူ မှတ်လေသတည်း
လူလိမ္မာ့သား ယဉ်ပါး ၊ လူမိုက်သား ရမ်းကား
လူပြောမသန် လူသန်မပြော ၊ ဟောင်လွန်းတဲ့ခွေး လူမလေး
လူမလေး ခွေးမခန့် ၊ လူသတင်း လူချင်းဆောင်
လူကြံရင် ထရံတောင် ချေးတုတ်ချောင်းဖြစ် (လူကြံရင် မခံနိုင်)
လူ့အဖြစ်က ရခဲ ၊ သူတစ်လူ ငါတစ်မင်း
လူမင်းဘုန်းကြီး နတ်မင်း မနေသာ ၊ စာအုပ်စာပေ လူ့မိတ်ဆွေ
လူလုံးမလှ အပူလုံးကြွ ၊

စကားကြီးဆယ်ခွန်းလူ ထွန်း ဘယ်နှစ်ခွန်းကိုပယ် ဘယ်နှစ်ခွန်းတည်၏ဆိုလား
(ကျွဲကူးရေပါ ၊ ဆင်ဝှေ့ရန်ရှောင်၊ ဆီပွတ်ကျည်ပွေ့၊ ရေကူးညှာတင် ၊ ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခပ် ၊ တောင်သူယာခုတ် ၊ ကြက်ဆုပ်ခွပ်ပစ်၊ ခတ်တင်မောင်းနင်း)

No comments:

Post a Comment