ကောင်လေး
ဗျာ
စည်ဆိုတဲ့ အမျိုးက တီးမှမြည်ရတယ်ကွ၊ မင့်ဥစ္စာကကွာ သူများက မတီးရဘူး မင်းကိုယ်တိုင်တီးနေတာ နားကိုညီးနေတာပဲ
နားညီးလည်း နားသာ ပိတ်ထားတော့ဦးလေး၊ အလုပ်မောတာတစ်မျိုး မဆီမဆိုင်လာခွပ်နေတာက တစ်မျိုး
အောင်မယ် မင်းက ငါ့ကို ကြက်နဲ့ နှိုင်းတယ်ပေါ့လေ
ဟုတ်တယ်လေ ဦးလေးပြောတာ တစ်ခြားဥပမာ၊ ဒါ---ကျနော့်အလုပ်၊ ဒါလုပ်မှ ထမင်းစားရမှာပေါ့ဗျ၊ ပီးတော့ ဒါစည်မဟုတ်ဘူး ဗုံလို့ခေါ်တယ်၊ ဗုံမှန်းမသိ ပတ်မှန်းမသိ၊ စည်မှန်းမသိ၊ အင်းလေး----မမြင်ဘူး မူးမြစ်ထင်ဆိုတာ ဦးလေးလိုလူမျိုးကိုပြောတာနေမှာ
ဟေ့ကောင် တော်ကွာ တော်ကွာ၊ ငါက မင်းကို အလကားသက်သက် နောက်တဲ့ဟာကို၊ ခု--မင်း အလုပ်ပြောင်းသွားပြန်ပီလား၊ ဆိုင်ကယ်တက္ကစီ မဆွဲပြန်ဘူးလား
အင်း--ဘယ်လိုပြောမလဲ
ဘယ်လိုမှ မပြောနဲ့
ဒါဆိုလည်း မပြောတော့ဘူး
ပြောပါ အဖေရယ် သိချင်လို့ မေးတဲ့ဟာကို စိတ်ချည်းပဲ၊ အဟုတ်ပြောတာ၊ မင်း-ဟိုးတုန်းကလိုကို မဟုတ်ဘူး၊ အထိခလုတ်ကိုမခံဘူး၊ ဘာဖြစ်နေတာလဲ
မှန်တယ် ဦးလေး စိတ်ပျိုကိုယ်နုတဲ့၊ စိတ်ထောင်းတော့ ကိုယ်ကျေတဲ့၊ စိတ်ညစ်နေတော့လဲ အရိပ်ရန်သူ ထင်နေတယ် ထင်တာပဲဦးလေးရယ်၊ ကျနော်ရိုင်းသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်
င့ါ နားလည်ပေးနိုင်ပါတယ်ကွ၊ စိတ်သာအဓိကဆိုတာ တို့ဘုရားတောင် ဟောထားသေးတာပဲ၊ စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာ အသက်ကြီးမှ ဖြစ်သင့်တာကွ၊ မင်းတို့လို ငယ်ငယ်ရွယ်ရွယ်တွေ အဲသလို ဖြစ်နေရင်လူညွှန့်တုံးမှာပေါ့၊ စိတ်ကို ရွှင်လန်း တက်ကြွနေအောင် ထားစမ်းပါကွာ၊ ငါ့ ဆို
ကြည့်စမ်း ဘယ်လောက်ရွှင်လန်း-----
ဒါကတော့ ဦးလေးက မိန်းမလုပ်စာ ထိုင်စားနေတဲ့သူကိုးဗျ ဘယ်မှာ အပူအပင်အကြောင့်အကြ ရှိမှာလဲ၊ အချိန်တန် ထမင်း လက်ဆေးနိုက်လိုက်၊ အဒေါ့်ဆီကလက်ဖက်ရည်ဘိုး လက်ဖြန့်တောင်း လိုက်၊ ဆေးလိပ်ဘိုးတောင်းလိုက်နဲ့အချိန်ကုန်နေတဲ့သူပဲဟာ၊ ရွှင်လန်းနေမှာပေါ့
သေနာလေး၊ အဲသလိုတော့ မိန်းမ ထမိန်နား ခိုကပ်စားနေတဲ့ကောင်လို့တော့မပြောပါနဲ့ဟ
ထမိန်နား ခိုကပ်စားနေတဲ့သူလို့ လူကြီးကို မပြောမိပေါင်ဗျာ၊ ငရဲကြီးအောင်
ငါလည်း သူ့အချိန် သူ့အခါတုန်းက လုပ်ကျွေးခဲ့တာပဲမဟုတ်လား၊ ခု-မင့်ဒေါ်လေးကို ဆိုင်နဲ့ဘာ နဲ့ အေးအေးဆေးဆေး ထိုင်နေနိုင်အောင် ငါပဲ လုပ်ပေးခဲ့တာပါကွ၊ ဒါကြောင့်လဲ တောင်းတဲ့ အခါ အေးအေးဆေးဆေး ပေးတာပေါ့ကွ၊ မပေးဘဲ နေကြည့်ပါ့လား ငါပါတဲ့ နအုံပွင့်သွားမှာပေါ့
အတော်လုပ်ပါ
အဟုတ်ပြောတာ၊ ဟိုးတစ်နေ့က စိတ်တိုတိုနဲ့ တွယ်မလို့၊ ငါ့ရှေ့ ဒူးတုတ်သွားလို့ သက်သာသွားတယ်မှတ်
သက်သာသွားတာ ဦးလေးလား
ငါမဟုတ်ဘူး သူကွ သူ သူ မင့် အ ဒေါ်
ဘာလဲ ဦးလေးက ကုတင့်အောက် ဝင်ပုန်းနေလို့လား၊ အဒေါ့်လက်ထဲမှာ ကြိမ်လုံးကြီးနဲ့လေ ဘာတဲ့ ပြောဦး မှာပါ ပါးစပ်က ဟဲ့ အကောင် ထွက်ခဲ့စမ်း၊ နာချင်လို့လား ဆိုတော့ အဲဒီမှာ ဟေ့ ငါ အိမ်ဦးနတ် ငါနေချင် တဲ့ နေရာ----
ဟေ့ကောင် တော်ကွာ တော်ကွာ၊ မင်းဟာလေ မြေမြိုသေဦးမယ့်မသာလေး၊ လူကြီးကိုမခန့်လေးစားပေါက် နဲ့၊ မေးတာ ဖြေချင်လည်းဖြေ မဖြေချင်လည်းနေတော့၊ မင့်ဟာမင်း စည်ပဲတီးတီး၊ ပတ်ပဲတီးတီး၊ ဗုံပဲတီးတီး ငါနဲ့မဆိုင်ဘူး
ဦးလေးက ဒေါသဖြစ်နေတာလား၊ ကျနော်က ချစ်လို့ ကျီစယ်တာပါ၊ ဒီလိုဦးလေးရယ် ကျနော် အခု အလုပ်က- -
တော်ပြီဟေ့ကောင် နားမထောင်ချင်တော့ဘူး မင်း ဒီ ဓာတ်ပြားဟောင်းပဲ ပြန်ဖွင့်ဦးမယ် မိသားစုအရေး၊ စီးပွားရေးအဆင်မပြေလို့၊ အရင်အလုပ်က ဝင်ငွေမကောင်းလို့၊ လုပ်အားခနည်းလို့၊ တစ်လ တစ်လ အလင် မမီလို့ ဒါပဲ လာဦးမယ်
သိရဲ့သားနဲ့ ဘာလို့ လာမေးလဲဗျ
အေး အဲဒါကြောင့် ငါ့ကိုယ်ငါ ဒေါသဖြစ်နေတာပေါ့ကွ၊ ဒီလို သူခိုး နွားကောင်းမသိတဲ့ အကောင်းစားမျိုးကို သွားမေးတာကိုက ငါ့ အမှား၊ ငါ ကိုယ် က လျှာရှည်တာ - - -
ပီးရော၊ နောက် လျှာမရှည်နဲ့ ဒါပဲ
ဘားးးးးးးးးးးးးးးးး ရ ယ်းးးးးးးးးးးးးး ကွ၊ မြေမြိုသေမယ့် မသာလေး ။ ။
No comments:
Post a Comment