ဗျို့ အစ်မကြီး ကျနော်တို့ ပြက်လုံးပြက်လို့ ရယ်တာလည်း ရယ်ပေါ့ နော်၊ ကိုယ့်ကလေးကိုလည်း ပြန်ငုံ့ကြည့်ပါဦးဗျ
ဘာဖြစ်လို့တုန်းဟ မင်းကလဲ
ဘာဖြစ်ရမလဲ၊ ငါကြည့်နေတာ သူက ရိုးရိုးတန်းတန်း ရယ်တာမဟုတ်ဘူး၊ နောက်လှန်လှန် ရယ်တော့၊ အောက်က စို့နေတဲ့ကလေးက လွတ်လွတ်သွားတော့ ခေါင်းက ဟောသလိုကို ဖြစ်နေတာ ဟော ဟော တွေ့လား တွေ့လား
အေးကွ၊ သည်ကလေး ကြီးလာရင်တော့ အင်ဂျင်နီယာဖြစ်မှာ သေချာတယ်
မင်းက ဘယ်လို သိ
ကြည့်လေ--ခုကတည်းက ချိန်သီး ဖမ်းတတ်နေပီ
(လူရွှင်တော် ရာမ အမှတ်တရ)
[ ရယ်စရာ ဟာသပြက်လုံးများ (၃၇) ]
ကြီးခင် ဘာ ဟင်း ချက်
အေးကွယ်---ကိုဆယ်ပို့ အတွက်ကတော့ ဖြစ်သလိုပေါ့ကွယ်၊ လင်ငယ် မောင်ပုအတွက်ကတော့ ကြက်သားမစားချင်ဘူးဆိုလို့ ငါးမြင်းဆီပြန်ချက်ပေးထားရတယ်
ဘယ်လို ကြီးခင်--လင်ငယ်မောင်ပု
အင်းလေ
ဟာ--လုပ်ပီ ကြီးခင်ကတော့ ကိုမောင်ပုက ကြီးခင် အလုပ်သမား ၀ိုင်းဆရာ မဟုတ်ဘူးလား
ဟုတ်တယ်လေ၊ ဒီလင်ငယ်ကို လင်ကြီးထက် ဦးစားပေးမှ၊ နို့မို့ အသားတစ်ချောင်း ထင်းထဲ ဖြတ်ထိုးထည့်လိုက်ရင် ငါစီးပွားပဲ ပျက်ရမှာ၊ ငါ့စီးပွားရေးက ဒင်း လက်ထဲမှာလေ ဒါ့ကြောင့် ဒင်း--မျက်ခွက် အညိုအညင်ကို မခံရဲဘူး တစ်ချိန်လုံး ယက်ပေးနေရတာနဲ့ ဒင်း ရေချိုးစရာတောင် မလိုတော့ဘူးတော်ရေ ရှင်းပလား
[ ရယ်စရာ ဟာသပြက်လုံးများ (၃၈) ]
အင်း--ဒါကြောင့် ဖြစ်မယ်ထင်တယ် ကြီးခင်
ဘာကြောင့်ဖြစ်မယ်ထင်တာလဲကွယ့် မင့်ဟာက
အော်--ဟိုတစ်နေ့က အလုပ်သမားတစ်ယောက် ကိုမောင်ပုနဲ့ ပြသနာဖြစ်တယ်ကြားတာ အလုပ်က ထုတ်ပစ်လိုက်တယ်ဆိုတာပါ
အော်--အဲဒါလား--အဲဒါ မောင်ပု မလွန်ဘူးကွယ့် ထုတ်ခံလိုက်ရတဲ့ကောင် လွန်တာ
ဘယ်လို လွန်တာလဲ ကြီးခင်
ငါပြောထားတယ်လေ---မောင်ပုကို ညိုညင်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့၊ အေး---လုပ်တဲ့သူ အလုပ်ပြုတ်ပီသာမှတ် ပြောထားပီးသား၊ ဖြစ်ပုံက ဒီလို--မောင်ပုက လေလည်တယ် အဲဒါကို အဲဒီကောင်က ကိုမောင်ပု အီးကလည်း နံလိုက်တာလို့ ပြောတယ်လေ--အဲဒါ လွန်တာပေါ့--ရှင်းရှင်းပြောမယ်---မောင်ပုဟာ ငါ့စီးပွားရေးပဲ မောင်ပု အီး နံနေရင်တောင် နံတယ် မပြောရဘူး မွှေးတယ်လုပ်ရမယ်၊ အလုပ်သမားတွေ အားလုံး ကိုယ့်ထမင်းအိုး မြဲချင်ရင် အသည်းထဲမှာ စွဲနေအောင် မှတ် ဒါပဲ၊
ကြီးခင်ကတော့ လုပ်ပီ
လုပ်ပီ မလုပ်နဲ့ ငါတောင် ကိုဆယ်ပို့ထက် ဒင်းဟာ ငါ့အတွက်တော့ ဘုရားပဲ ဒီအချိန်မှာ၊ တပ်မတော်ဆောင်ပုဒ်တောင် ငှားသုံးလိုက်ချင်သေးတယ် မင်းတို့အားလုံး မောင်ပုသာ အမိ၊ မောင်ပုသာ အဖ အဲသလိုကို သုံးလိုက်ချင်တာ ဟင်း ဟင်း ဟင်း
[ ရယ်စရာ ဟာသပြက်လုံးများ (၃၉) ]
အင်း---အဲသလို ထုတ်ပစ်လိုက်တယ်ဆိုတော့ မတရားရာများ ကျ မနေဘူးလား ကြီးခင်
အိုး---ဘာလို့ မတရားရာ ကျရမှာလဲ၊ မောင်ပုက ငါ့ကို ငွေရှာပေးနေတဲ့သူ၊ အေးလေ---အလုပ်သမားဘက်က ကြည့်ရင်တော့ ထင်ချင်ထင်မှာပေါ့ ထင်ပလေ့စေလေ၊ ထင်ပေါ့၊ ငါက ဘာကို ဂရုစိုက်နေရမှာလဲ၊ ငါ့ဘက်က ကြည့်ရင် ငါမှန်တယ်၊ အခု ထုတ်တယ်ဆိုတာလည်း မောင်ပုအီး နံတယ်လို့ ပြောတဲ့ ပြစ်ချက်တစ်ခုထဲတင် မဟုတ်ဘူး နောက်တစ်ခု ရှိသေးတယ်
နောက်တစ်ခု ရှိသေးတယ်
အေး---ဒီကောင်လေး လူဝါးဝနေတာ ကြာပီ၊ မောင်ပုက ပြန်တိုင်လို့ သိရတာ၊ အဲဒီကတည်းက ငါ ထုတ်ပစ်ချင်နေတာ ငါ့ စီးပွားရေး တုတ်နဲ့ ထိုးတဲ့ကောင်
ဘယ်လိုဖြစ်လို့လဲ
မင်းသိတဲ့အတိုင်း မောင်ပုက မျက်စိ သိပ်မကောင်းရှာဘူးလေ၊ လက်ဘက်ရည်သောက်နားချိန်ဆို ကျန်တဲ့ အလုပ်သမားတွေ အကုန် လက်ဘက်ရည်ဆိုင်သွားတယ်၊ အဲဒီအချိန် မောင်ပုက လွှသွေးနေခဲ့တယ်၊ လွှသွေးတဲ့အခါ မောင်ပုက စပြီးသွေးတဲ့နေရာလေးကို ရေနံချေးလေးနဲ့ လွှကို တို့ပီး အမှတ်အသား လုပ်ထားတယ်၊ ရေနံချေး တွေ့ရင် တစ်ပတ်ပြည့်ပြီဆိုတာ သူ့ဟာသူ မှတ်ထားတာလေ၊ အဲဒါကို အဲဒီအထုတ်ခံရတဲ့ကောင်က အခြားသူတွေနဲ့ လိုက်မသွားသေးဘူး ပုန်းရှိုးကွယ်ရှိုးနေခဲ့ပီး ရေနံချေး မှတ်ထားတဲ့ အမှတ်အသား အောက်ရောက်လာရင် လွှစာကျင်းထဲကနေ မှတ်ထားတဲ့ ရေနံချေးကို အသာလေး လွှစာမှုန့်နဲ့ ပွတ်ပြီး ဖျက်သွားတာလေ၊ ပီးမှ လက်ဘက်ရည်ဆိုင် လိုက်သွားတာ၊ တွက်ကြည့်လေ--အချိန်ဘယ်လောက် ခိုးကြလဲဆိုတာ---မောင်ပု လက်ဘက်ရည်ဆိုင် လိုက် မလာမချင်း ဒင်းတို့ တစ်တွေ အသာနှပ်နေလို့ ရတာပေါ့၊ ဒါ--ငါ့ အလုပ်ချိန်တွေကို ခိုးတာ မဟုတ်ဘူးလား၊ မောင်ပုခင်မျာ တစ်ပတ်လည်း ရေနံချေးမတွေ့ နှစ်ပတ်လည်း ရေနံချေးမတွေ့နဲ့ ကြာတော့ မသင်္ကာလို့ လှည့်ပတ်ရှာမှ မှတ်ထားတာ မရှိမှန်း သိတာလေ
ဟောဗျာ--သွေးပြီးသားလား မသွေးရသေးဘူးလား စမ်းကြည့်လို့ ကိုမောင်ပုက ဒါလေးတောင် မသိဘူးလား
အော်ကွယ်--မောင်ပုကလည်း ကံလေးကောင်းနေလို့သာ ဆရာဖြစ်နေတာ--အမှန်ဆို သူလည်း ငတုံးပဲ ငါသိတာပေါ့ ဟော့ ဟော့ ဟော့
[ ရယ်စရာ ဟာသပြက်လုံးများ (၃၉) ]
ကိုင်းကွာ မီးကလည်း ပြတ်သွားပီ၊ ဒီအတိုင်းသာ မီးအလာစောင့်နေရင် ပရိသတ်က အကုန်ပြန်ကုန်လိမ့်မယ်ဟေ့၊ ဒီတော့ မင်းနဲ့ငါနဲ့ ဒီအတိုင်း အော်ပီး ပြက်မယ်ကွာ
ဟုတ်
ငါက ရှေ့က တိုင်ပေးမယ် မင်းကနောက်က စကားလိမ်နဲ့ အော်တော့
ဘယ်လို အော်ရမလဲ
ငါက ဟေ့--မန်းဒလေး ဟေ့ မေးတလန်းဆို မင်းက လိုက်ဆိုရမှာ ဟုတ်ပီလား
ဟုတ်
လက်ခုပ်ကလေးလည်း တီးကွ ကဲလာပီ ဟေ့ မန်းဒလေး
ဟေ့ မေးတလန်း

ဟေ့ ရန်ကုန်
ဟေ့ ရုန်ကန်
ဟေ့ လားရှိုး-
ဟေ့---လု လု လု ဟာ အာစရိကလည်း ဒီ မြို့ကြီး ဘယ်လို ထွက်ရဲမလဲဗျ တစ်ခြား မြို့လေး တစ်ခြား မြို့လေး
ဟေ့ ကျောက်ဆည်
ဟေ့ ကျယ်ဆောက်
ဟေ့ ပဲဂူး
ဟေ့ ပူးဂဲ
ဟေ့ အမရပူရ
ဟေ့ အမူရု ပူရု ဟာ လုပ်ပီ ပြန်လို့ရတဲ့ဟာ လုပ်လေဗျာ
ဒါဆို လာပြီနောက်တစ်မျိုး---ဟေ့ ကျော်ဟိန်း
ဟေ့ ကျိန်းဟော်
ဟေ့ ကျော်ရဲအောင်
ဟေ့ ကျောင်ရဲအော်
ဟေ့ ဒွေး
ဟေ့ ဒွီး ဒ ဒွီး ဒွီး တစ်လုံးတည်း ဘယ်လိုပြန်မလဲဗျာ ကြည့်လည်း လုပ်ပါဦး
တတ်ရင် ပြန်လို့ ရရမှာပေါ့ကွာ ကဲ လာပြီ ဟေ့ စိုးသူ
ဟေ့ စူသိုး
ဟေ့ လင်းဇာနည်ဇော်
ဟေ့ လော်ဇာနည်ဇင်း
ဟေ့ မုန့်ဖုတ်တဲ့မြင့်အောင်
ဟေ့ မောင့်ဖောက်တဲ့မြင့်အိုး ဟာ မို့မို့မြင့်အောင် လုပ်ပါဗျာဘယ့်နှယ် မုန့်ဖုတ်တဲ့ မြင့်အောင်တုန်းဗျ
ခုထိ လက်ဘက်ရည်ပွဲ မပို့သေးလို့ ယောင်အော်မိတာပါကွာ ဟေ့ မို့မို့မြင့်အောင်
ဟေ့ မောင့်မောင့်မြင့်အိုး
ဟေ့ ကောလိပ်ဂျင်နေ၀င်း
ဟေ့ ကုလုဂျန၀ူး------တော်ပီ အာစရိ ခင်ဗျား ပရိသတ်ပြန်ရုံမကလို့ အုတ်နီခဲနဲ့ ထုထု တော်ပီ ကျုပ်ဟာကျုပ် ထိုင်ပီး ဆေးလိပ်သောက်နေတော့မယ်၊ မီးလာမှ ဆက်ပြက်တော့မယ် အော်ရတာ မောတာတစ်မျိုး ဘာတွေ ရှေ့က တိုင်မှန်းလည်း မသိဘူး-----
(ဆိုင်းဝိုင်းမှာ မီးခဏပြတ်စဉ် ပရိသတ်ကို မိုက်မပါ အတီးမပါ ဒီအတိုင်း အလွတ်အော် ဖြေဖျော်ပေးသော ပရိသတ်ကို စေတနာထားသော လူရွှင်တော်ကြီး သပြေ(ဦး)ဂျာအေး အမှတ်တရ----)

No comments:
Post a Comment