Aug 8, 2015

ငွေကျားတိုက် လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး



ငွေကျားတိုက် လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး
ဆိုင်ဖွင့်ချိန်က မနက် ၈နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိပါ၊
၂၆-လမ်း၊ ၈၃-၈၄ လမ်း၊ ဆက်သွယ်နိုင်မည့်ုဖုန်းနံပါတ်---
မန်းလေးတာဝန်ခံကတော့ ဦးသိန်းလွင်ဖြစ်ပါတယ်၊

အရောင်းဆိုင်များ
ရန်ကုန်မှာတင် ဆိုင်ပေါင်း ငါး ဆိုင်ရှိတယ်၊ မော်လမြိုင်မှာလည်းဆက်လက်ဖွင့်ဦးမယ်၊ 
မန္တလေးမှာ မင်္ဂလာမန္တလေးအိမ်ရာစခန်း(ရတနာပုံဘောလုံးကွင်းအနောက်ဘက်) မှာတစ်ဆိုင်၊ ၈၃လမ်း၊         မှာတစ်ဆိုင်နဲ့  ၂၆-လမ်း၊ ၈၃-၈၄ လမ်းမှာ တစ်ဆိုင် သုံးဆိုင်ရှိပါတယ်

အဆောက်အအုံအနေအထား
အခု ၂၆-လမ်း၊ ၈၃-၈၄ လမ်းမှာရှိတဲ့ ငွေကျားတိုက်ဆိုင်ကြီးကတော့ အထပ်(၅)ထပ်မြင့် အဆောက်အုံဖြစ်ပြီး အထပ်တိုင်းမှာ လျှပ်စစ်ပစ္စည်းနှင့် ခရစ်စတယ်လ်အလှမီးဆိုင်းကြီးများ ချိတ်ဆွဲ ထားတာကို တွေ့ရပါတယ်၊ ဓာတ်လှေကားလည်း တပ်ဆင်နေပြီဖြစ်သည့်အတွက် မကြာခင်မှာ လာရောက်သူ customer များ သက်သောင့်သက်သာ နှင့် ၀င်ရောက် ကြည့်ရှု ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်၊

ရောင်းချပစ္စည်းနှင့် အမှတ်တံဆိပ်
အဓိက ရောင်းတဲ့ပစ္စည်းတံဆိပ်က philip နဲ့ ရှနိုက်ဒါ ပါ၊
အိမ်တွင်းအလှဆင် တရုတ်ပြည်ထုတ်မီးဆိုင်းများ၊ အီတလီ၊ သြစတြီးယား စတဲ့ အနောက်နိုင်ငံကလာတဲ့ အလှဆင်မီးဆိုင်းတွေလည်း တင်ထားပါတယ်၊ အနည်းဆုံးဈေး လေးသောင်းခွဲတန်လောက်ကနေ သိန်းရာကျော်တန်အထိ ရှိပါတယ်၊ ပန်ကာ၊ မီးပူ၊ ထမင်းပေါင်းအိုး၊ ၀ါယာကြီးနှင့် အခြား ပစ္စည်းပေါင်းများစွာ ရောင်းချလျက်ရှိပါတယ်၊


ဆောင်ရွက်ပေးမှု
ကိုယ်တို့ရဲ့ Dealers တွေလည်းရှိတယ်၊ နယ်တွေကျတော့ ကိုယ်တို့က trip ထွက်တဲ့ သဘောမျိုး၊ တောင်ကြီး၊ လွိုင်ကော်၊ ကလေး၊ တမူး၊ မြစ်ကြီးနား၊ လားရှိုး၊ ချောက်၊ ရေနံချောင်း၊ နေပြည်တော် အဲလိုရှိတယ်၊ ၊ အမှာရှိတဲ့အခါ အဲဒီကနေ အော်ဒါတောင်း၊ တောင်းပြီးရင် ဒီကနေ ကားနဲ့ ပစ္စည်းပို့ပေး၊၊  
အချို့ အိမ်တစ်လုံးစာ မှာတဲ့အခါတွေလည်းရှိတယ်၊ ကိုယ်တိုင် လိုက်ဆင်ပေးတယ်၊ အချို့ဆိုရင်တော့ လိုက်ဆင်ပေးစရာ မလိုပါဘူး၊ ကတ်တဘေလာက်ပေးလိုက်တာနဲ့တင် အဆင်ပြေတယ်၊ တစ်ချို့ မီးဆိုင်း သိန်းရာကျော်တန်တွေ ဆင်မယ် ဆိုရင်တော့ သေချာ လိုက်ဆင်ပေးရတယ်လေ၊

ပိုင်ရှင်နှင့် ငွေကျားတိုက်
(ငွေကျားတိုက် ပိုင်ရှင်များဖြစ်ကြတဲ့ ဦးတင်လတ်နှင့် ဒေါ်မာလာမြင့်တို့သည် ရန်ကုန်မှာ အနေများသည့်အတွက် ပိုင်ရှင်နဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းခြင်း မရခဲ့ပါဘူး၊ တာဝန်ခံကြီး ဦးသိန်းလွင်ကပဲ လုပ်ငန်းအကြောင်း သူ့ဆရာနှင့် ဆရာ့ကတော် အကြောင်းကို သူသိသလောက် အကောင်းဆုံးဖြေဆိုပေးပါတယ်)
ပိုင်ရှင်က ဦးတင်လတ်၊ အသက်လေးဆယ်ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်၊
မိဘများနှစ်ပါးက ဦးအောင်စိန်၊ ဒေါ်ခင်မေ၊  မွေးချင်းငါးယောက်မှာ လေးယောက်မြောက် ဖြစ်ပါတယ်၊ အသက်နှစ်ဆယ်ကျော်မှာ ဒေါ်မာလာမြင့်နဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားပါတယ်၊
မိဘလက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ ဒီ ငွေကျားတိုက်အမည်နဲ့ လျှပ်စစ်ဆိုင်ကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့ပြီး တိုးတက်အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်၊ ဟိုးယခင် ၁၉၈၇/၈၈ ၀န်းကျင် မိဘများလက်ထက်ကတော့ ငပိတန်းလက်ျားဘက်မှာ ဖွင့်လှစ်ရောင်းချခဲ့ပြီး အခုလက်ရှိ ဖွင့်လှစ်ထားတဲ့  ၂၆လမ်း၊ ၈၃-၈၄လမ်း မိန်းလမ်းဘက်နေရာကို ပြောင်းရွှေ့လာခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိသွားပါပြီ၊
ဟိုးအရင်တုန်းကဆိုရင် လျှပ်စစ်ပစ္စည်းရောင်းတဲ့ ပင်ရင်းဒိုင်ခေါ်တာပေါ့ အဲဒီ ဆိုင်တွေမှာ တရုတ်ပြည်က ပစ္စည်းရောက်လာတယ်ဆိုရင် လင်မယားနှစ်ယောက် အဲဒီကိုသွားပြီး လူမျိုးပေါင်းစုံကြားမှာ ကိုယ်လိုချင်တဲ့ပစ္စည်း ရွေးကြရတာ၊ ရပြီဆိုရင် ကိုယ့်ဆိုင်လေးမှာ တင်ရောင်းကြ၊ နောက်တစ်ခါ ပြန်လိုက်ရှာ အဲလို၊



ခံယူချက်နှင့် စိတ်နေစိတ်ထား
ဦးတင်လတ်သည် လုပ်ငန်းအပေါ်ကို စိတ်နှစ်ပြီး လုပ်တဲ့သူတစ်ဦးဖြစ်သည်၊ လုပ်ငန်းမလုပ်ခင်မှာ plan ချပြီး မှ လုပ်တတ်သည်၊ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အရင်စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်၊ လုပ်ပြီဆိုလျှင်လည်း ဖြစ်သလို ဘယ်သောအခါမျှ မလုပ်၊ အခန်းခန်းနားနား လုပ်ချင်သူတစ်ဦးဖြစ်သည်။
အောင်မြင်ရမည်ဟု ဆုံးဖြတ်ထားလျှင်လည်း အောင်မြင်အောင် လုပ်တတ်သူဖြစ်သည်၊ စီးပွားရေးနှင့်ပါတ်သက်လာလျှင် လမ်းစကို တွေ့အောင် ရှိတတ်သည်၊ အဲသလို ရှာပြီးတော့ ကြိုးစားလုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်။ အခြားသူကို တွန်းတိုက်ပြီးတက်တာမျိုးမဟုတ်ဘဲ သူကဒါလုပ်ရင် ငါက ဘယ်လမ်းက ဘယ်လိုသွားမလဲဆိုတဲ့ စိတ်နဲ့ သွားသူဖြစ်သည်။
အဲသလို ကြိုးစားဆောင်ရွက်ပြီ ဆိုလျှင်လည်း တပည့်များသည်လည်း နောက်က လိုက်ခဲ့ပေရော့၊ တစ်ခါတစ်လေလည်း တပည့်တွေ မလိုက်နိုင်ကြတဲ့အခါ သူတို့တစ်တွေ စိတ်ညစ်ကြမယ်ဆိုတာကိုလည်း သူသိသည်၊ အဲဒီလိုအခါမျိုးမှာသူက ပြန်လည်ပြီး ဖြေလျှော့ပေးတတ်သည်၊ ရှဉ့်လည်းလျှောက်သာ ပျားလည်း ဆွဲသာအောင် သူသည် ဆောင်ရွက်လုပ်ကိုင်ပြီး လမ်းကြောင်းမှန်ကို ချပေးတတ်သည်။

ဝန်ထမ်း
ဝန်ထမ်းအင်အားကတော့ တစ်ဆိုင်ကို ပျမ်းမျှ သုံးဆယ်နဲ့ ငါးဆယ်ကြားမှာ ရှိပါတယ်၊ တစ်ဆိုင်နဲ့ တစ်ဆိုင် ၀န်ထမ်းအင်အားတော့ မတူဘူးပေါ့လေ၊ သည် ကိုယ်တို့ ၂၆လမ်းဆိုင်ကတော့ ၀န်ထမ်းအင်အား ပိုများတာပေါ့၊ မိန်းကလေးဝန်ထမ်းက ပိုများပါတယ်၊
မြို့ပေါ်ဝန်ထမ်းတွေမဟုတ်တဲ့ နယ်ကလာပြီး အလုပ်လုပ်ကြတဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက်က နေဘို့ အဆောင် သက်သက်တစ်ခု၊ အမျိုးသားတွေအတွက်က အဆာင်သက်သက် တစ်ခု  လုပ်ပေးထားတယ်၊ သွားဘို့ လာဘို့ ဖယ်ရီစီစဉ်ပေးထားတယ်၊ အဲသလို လုပ်ပေးထားတဲ့အတွက် ဦးတင်လတ် ဒေါ်မာလာမြင့်တို့ လာတဲ့အခါ ညပိုင်းမှာ စီစဉ်စရာရှိတာ မှာစရာရှိတာ ညွှန်ကြားချက်ပေးတာမျိုးရှိတဲ့အခါ အဆောင်နေ၀န်ထမ်းတွေက အများဆုံး အဆင်ပြေတယ်လေ လို့ မန္တလေး တာဝန်ခံ ဦးသိန်းလွင်မှ ပြောပြပေးပါသည်၊
ပြီးတော့ ၀န်ထမ်းတည်ငြိမ်မှုရှိသလို လုပ်ငန်းအတွက်လည်း အမာခံ ၀န်ထမ်းကို ရရှိစေတယ်ပေါ့လေ၊
တစ်နှစ်တစ်ခါ ၀န်ထမ်းတွေကို bonus ဆုကြေးငွေ ပေးတယ်၊ ပိတ်ရက်တွေမှာ over time ဆင်းတဲ့အခါ နှစ်ဆပေးတယ်


ပျော်ရွှင်သော မိသားစုဘဝ
ကိုယ်တိုင်အနေနဲ့ ဆယ်တန်းအောင်ပြီး စီးပွားရေး နယ်ပယ်ထဲကို ၀င်ရောက်လိုက်သည့်အတွက် ပညာရေးကို ဆုံးခန်းတိုင် ခြင်း မရှိပေမယ့် သားသမီးများကိုဖြင့် ပညာတတ်များဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်၊
သမီးအကြီးဆုံးကြီးက ဆရာဝန်၊ သားတစ်ယောက် သြစတြေးလျနဲ့ နောက်တစ်ယောက်က စင်္ကာပူမှာ ပညာသင်ကြားနေကြပါတယ်၊
အလှူအတန်းမှာလည်း  စေတနာသဒ္ဒါတရားထက်သန်သော မိသားစုဖြစ်ပါသည်၊
ငွေကျားတိုက်မိသားစု၏  ဝါဆိုသင်္ကန်းကပ်လှူပွဲ ပြုလုပ် လှူဒါန်းလာခဲ့တာဆိုရင် ယခုအခါ ၁၉ကြိမ်မြောက် ရှိသွားပြီဖြစ်ပါသည်။ ဒေါ်မာလာမြင့်သည် သုဓမ္မသိဂီ င်္ ဘွဲ့ ချီးမြှင့်ခြင်း ရရှိထားသူလည်းဖြစ်ပါသည်။
ချမ်းမြေ့သာယာ ပျော်ရွှင်သော မိသားစု ဘ၀လေးကို ပိုင်ဆိုင်ထားသော အားကျ အတုယူဘွယ် ကောင်းတဲ့ မိသားစု ဗိမာန်လေးတစ်ခုပါပဲလို့ ဆိုချင်ပါတယ်၊

No comments:

Post a Comment