Aug 8, 2015

ပဟေဠိနန်းတော်နှင့်ကျွန်တော်

 

ကိုကျော်ထွန်းဦးနော်----
ဟုတ်
ကိလေသာဖွံ့ဖြိုးရေး သိပ္ဗံနဲ့ ကျောင်းပြီးထားတယ်
ဟုတ်
(ရယ်သံများ)
ဘယ်ကနေ လာပြိုင်တာပါလဲ
မင်းတဲအီကင်း
ဗျာ
မင်းတဲအီကင်း
ဘယ်နားမှာလဲဗျ ဘယ်မြို့ကလဲ
ကျောက်သပိတ်နားကပါ
(ရယ်သံများ)
အော် ဟုတ်လား ဒါဆို မန္တလေးသားပေါ့၊ ဟိုလေ ဧရာဝတီ မြစ်ကမ်းနဘေး၊ တာရိုးကြီးနားက၊ အခု တားရိုးအသစ်ကြီးတောင် ဖောက်လုပ်လိုက်ပြီလေ၊ အရင်နဲ့ကို မတူတော့ဘူး အရမ်းကို သာယာသွားပြီ၊
ကိုယ့်ထက်တောင် ပိုသိနေပါလား
ဒါနဲ့ မရောက်တာကြာတော့ အရင်လို ဟုတ်သေးရဲ့လား
မ သိ ဘူး ခင် ဗျ
ဘာလို့ မသိရတာလဲ
ကျနော်တို့က နီးသာနီးတာ ကိုပြောင့်လို မရောက်ဘူးတော့ မသိဘူးခင်ဗျ
ငင်
(ရယ်သံများ)
ဟုတ်ပါပြီ၊ ထားလိုက်ပါတော့၊ မန္တလေးကနေလာပြိုင်တာဆိုတော့ ဘယ်သူတွေ အဖော်ပါသေးသလဲ
ကျနော့်ဖေဖေနဲ့ မေမေ ပါပါတယ်၊ ပြီးတော့ ကျနော့် အဖေကြီးနဲ့ အမေကြီး၊ ကျနော့်မိန်းမနဲ့ မိန်းမဘက်က ယောက္ခမနှစ်ယောက်စလုံး၊ ယောက်ဖ၊ ခယ်မ၊ သားနဲ့ သမီး ပြီးတော့
ရပြီ ရပြီ ဒီလောက်ဆိုရပြီ ခင်ဗျား ပဟေဠိနန်းတော် လာပြိုင်တာရော ဟုတ်ရဲ့လား
ဘာဖြစ်လို့လဲဗျ
အော်---အိမ်များ ပြောင်းလာကြသလားလို့ (ရယ်သံများ)
အဟဲ ဘုရားလည်း ဖူးရင်း ပဟေဠိ နန်းတော်မှာ လိပ်ဥလည်း တူးရင်းပေါ့ဗျာ
ကဲ ပြပါဦး ဘယ်နားက အုပ်စုလည်း
ဒီဘက်က တစ်ခြမ်းလုံးက ကျနော့် အမျိုးတွေချည်းပါပဲ
ညင်
(ရယ်သံများ)
ဟောသည် ဘက် တစ်ခြမ်းလုံးက ခင်ဗျား အမျိုးတွေ
ဟုတ်
ဘုရား ဘုရား တစ်ရပ်ကွက်လုံးများ ပြောင်းလာကြသလားဗျာ၊ အင်း ကောင်းတော့ ကောင်းပါတယ် တစ်ယောက် ဘယ်လောက်ဆိုပြီး လူနှစ်ရာလောက် အကူအညီ တောင်းစရာတောင် မလိုတော့ဘူး ဂွတ် ဂွတ်
ကဲ ဟုတ်ပါပြီ အတော်ကို ကံကောင်းပါတယ် ပူဖောင်းတစ်လုံးမှ အဖောက်မခံရဘူး၊ ဗဟုသုတတွေ အတော်လေးကို လေ့လာ ထားတယ်နဲ့ တူတယ်
မလေ့လာပါဘူးခင်ဗျာ
ဗျာ---မလေ့လာပဲနဲ့ ပူဖောင်း အဖောက်မခံရလောက်အောင် ဘာလို့ ဖြေနိုင်ရတာလဲ၊ ဘာလဲ လက်ညှိုး နံကြားထောက်ပြီး ရမ်းတုတ်လိုက်တာလား
အဲလိုလည်း မဟုတ်ဘူးခင်ဗျ
ဒါဆို ပြောပြပါဦး ကံကောင်းရတဲ့ အကြောင်း
ကျနော် ကိုဆန်းထွဋ်နဲ့ ညှိထားတာ
ဘာ ဘယ်လို
ဟုတ်တယ် ရရင် တစ်ဝက်စီ ပေးမယ်ဆို ပြောထားတာ
ဟာ ဒါဆို ခင်ဗျားကို ကိုဆန်းထွဋ်က အဖြေတွေ အရင်ပြောထားတာပေါ့
အဲလိုလည်း မဟုတ်ပါဘူး
ဟာ ခင်ဗျား တစ်ယောက်တည်းကို ရှုပ်ရှက် ခက်နေတာပဲ၊ ပြောတော့ ညှိထားတယ်ဆို
ဒါက ဒီလိုပါ ကျနော် မန္တလေးကနေ ရန်ကုန်ရောက်တော့ သူ့ဆီကို ဖုန်းအရင်ဆက်လိုက်တယ်
ခင်ဗျားတို့က အရင်ကတည်းကသိနေတာလား ၊ ဒါဆို မရိုးသားဘူး လိမ်လည်မှုပဲ
လိမ်တာလည်း မဟုတ်ပါဘူး၊ မရိုးသားတာလဲ မဟုတ်ပါဘူး၊ ဟိုးအရင်တုန်းကတော့ သူ ဒီလောကထဲ မရောက်ခင်ကတော့ မျက်မှန်းတန်းမိပါတယ်၊ သိပ်အခင်ကြီးမဟုတ်ပါဘူး၊ သူကလည်း ခပ်ပါးပါး၊ ကိုယ်ကလည်း ခပ်ပါးပါးပါပဲ (အဟဲ ဘဲချင်းဆိုတော့) ပြီးတော့ ကျနော်ကလည်း ကိုယ့်လောက်မှ မချောတဲ့သူကို ခင်မင်ဘို့ ဆိုတာအတော်စဉ်းစားရ တယ်လေ ကျနော်က ရုပ်ချောတဲ့သူတွေချည်းပဲ ရွေးပေါင်းတတ်ပါတယ်၊ (မှတ်ပီလားကွ--အဲဒါ ငါ့ကို ပြန်ပြီး confirm မလုပ်ဦး)
ဒါဆိုရင် ကျနော့်ကိုရော
ခင်ဗျားကိုလည်း မလုပ်ဘူး
ဘာလို့လဲ
ထိပ်ပြောင်နေတယ်လေ
ဆံပင်ဖီးရ သက်သာတာပေါ့ဗျ
မျက်နှာ ပိုသစ်ရတာကိုတော့ မပြောဘူး
ဂျာ
(ရယ်သံများ)
ကဲထားပါ ခုနကိစ္စပြောပါဦး ခင်ဗျားတို့ ပေါင်းပြီး မရိုးမသား လုပ်ထားတဲ့ အကြောင်း
မရိုးမသား မလုပ်ပါဘူးဗျ
ဟုတ်ပါပြီ ဆက်ပြောပါ
ကျနော် ဖုန်းဆက်တယ်လေ
ကိုဆန်းထွဋ် ကျနော် ဘယ်သူပါ မန္တလေးကပါပေါ့၊ အခု ဘယ်နေ့မှာ ပဟေဠိ နန်းတော် ပြိုင်ဘို့ရောက်နေတာ၊ အဲဒါ ကိုဆန်းထွဋ်အနေနဲ့ မေးခွန်းမေးတဲ့ အချိန်မှာ မေးခွန်းရဲ့ အဖြေမှန်ကို အရင်ထည့်ပြောဘို့မှာတာ၊ ဥပမာဗျာ-မေးခွန်းက မှားနေတယ်ဆိုရင် ကိုဆန်းထွဋ်က ကဲ ဒီမေးခွန်းရဲ့ အဖြေက မှားတယ်ဆိုရင် အနီရောင်ရှိတဲ့ ဘက်ကို သွားပါ၊ မှန်တဲ့လို့ ထင်ရင် အစိမ်းရောင်ဘက်ကို သွားပါ၊ တကယ်လို့ မေးခွန်းကို အမှန်ဖြေရမယ်ဆိုရင် မှန်တယ်ထင်ရင် အစိမ်းရောင်ဘက်ကို သွားပါ၊ မှားတယ်ထင်ရင် အနီဘက်ကို သွားပါ၊ ဒါလေးဘဲ၊ တကယ်ဖြေရမယ့် အဖြေကို ခင်ဗျား အရင်ဆုံး ပြောပေးပါ၊ အဲဒီအသံကို နားထောင်ပြီး ကျနော် သွားမယ်လို့ လုပ်လိုက်တာ
ဟင်---ဒါဆို ကိုဆန်းထွဋ်က ခင်ဗျားပြောတာ လက်ခံလိုက်တယ်ပေါ့ ဒါ ဒါ
လက်မခံပါဘူး၊ ဟာ--အဲလို လုပ်လို့ မရဘူးဗျ၊ ကျနော်လက်မခံနိုင်ဘူးလို့တော့ သူကပြောပါတယ်၊ ဒါပေမယ့် ကျနော် ဆိုက်ကို ထည့်ပေးလိုက်သလို ဖြစ်သွားတယ်နဲ့တူတယ်
သူလက်မခံပေမယ့်---အဲသလိုချည်း ဖြစ်သွားတယ်၊ ကျနော်ကလည်း မထူးဘူးလေ ဘာမှ လေ့လာခဲ့တာမှ မဟုတ်ပဲ သူ စပြောတဲ့ စကားကိုပဲ အမိအရ ဖမ်းပြီး နေလိုက်တာ သူ လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလား ဆိုတာ တော့ ကျနော် မသိဘူး၊ သူကိုယ်၌ပဲ အသိဆုံးဖြစ်မှာပါ
အတော်ဆိုးတဲ့လူပဲ
မဆိုးပါဘူးဗျာ ကိုပြောင် ထင်လို့ပါ
ကဲ---စကားပြောနေတာနဲ့ အချိန်တော်တော် ကုန်သွားပြီ ၊ ဟိုမှာ ရပ်နေတဲ့ မော်ဒယ်လ်တွေလည်း ခြေသလုံးတောင့်နေလောက်ပြီ၊၊ ထားပါလေ ဖြစ်သွားမှတော့ ဘယ်တတ်နိုင်မလဲ၊ ခင်ဗျား ကံလို့ပဲ သဘောထားပါ့မယ်၊ နောက်မှ ကိုဆန်းထွင်္ဋနဲ့ အသေအချာ အဲဒီကိစ္စ ပြန်ဆွေးနွေးမယ်၊ ကဲ lucky number ရွေးပြီးမလား
မရွေးရသေးဘူး
ဘာ ဗျ
မရွေးရသေးဘူးလို့
ဒါဆိုလည်း ရွေး
မရွေးဘူး
ဟာ--ဟေ့လူ--ခင်ဗျား မရွေးလို့ မရဘူး၊ ရွေး--အခုရွေး
မရွေးဘူး
ဟာကွာ--ဒီလူတော့ ငါ့ကို ဦးနှောက်စားအောင် လာလုပ်နေပြီ၊ ဟေ့ လူ ရွေးလို့ ဆိုနေ
မရွေးဘူး ရွေးကို မရွေးဘူး
မရွေးလို့ မရဘူးဗျ၊ ခင်ဗျား တစ်ခုခု ကို ရွေးမှ ပွဲက ဆက်လို့ ရမှာပေါ့၊ မဟုတ်ရင် ပွဲရပ်ပစ်လိုက်ရမလား ပြော ဒါပဲ
မဟုတ်ဘူးလေ ကျနော် ပြောတာက မရွေးဘဲ ဒီအတိုင်း နံပါတ်တွေ ကောက်ပြောသွားမယ်၊ နောက်ဆုံးကျန်တဲ့ အထိ လုပ်သွားလို့ မရဘူးလား
တကယ်ပဲကွာ ဘယ်လိုလူနဲ့ လာတွေ့နေလဲကို မသိဘူး လုပ်ထုံးလုပ်နည်းတွေ အကုန်ကို ကကျိုးကကြောင်ဖြစ်ကုန်ပြီ
မရဘူးဗျာ ဟေ့လူ ကျနော် နည်းနည်း ကစ်လာပြီနော် ရွေး ခင်ဗျား နံပါတ်တစ်ခုတော့ ဖြစ်အောင်ရွေး ဒါပဲ
အေး လေ ဒါဆိုလည်း ၂၆
ဟေ့လူ
အော် အော် အင်း အင်း ဟုတ်သားပဲ လူက ၂၄ ယောက်ပဲ ရှိတာ ဒါဆို နံပါတ် နှစ်ဆယ့်တစ်
နံပါတ် နှစ်ဆယ့်သစ်(တစ်မဟုတ်ပါ သူပြောတဲ့ လေသံအတိုင်း) မော်ဒယ်လ်---နှင်း-------
ကဲ လပ်ကီးနံပါတ် နှစ်ဆယ့်သစ်ကို ဘာလို့ ရွေးချယ်ရတာလဲ
ကျနော်က တွမ်တီဝမ်း ဖဲကစားရတာကို သိပ်သဘောကျတာဗျ ဒါ့ကြောင့် အဲဒီ ဟာကို ရွေးလိုက်တာ
အတော်ကို ဖနောင့်နဲ့ ပေါက်ချင်စရာ ကောင်းပါ့ဗျာ၊ ဟုတ်ပြီလေ---မကြိုက်တဲ့ ဂဏန်း စပယ်ပါဦး
အင်း---နှစ်ဆယ့်တစ် ပဲ
ဂရာ----ဟေ့လူ ဒါ ခုန ခင်ဗျား ရွေးထားတဲ့ လပ်ကီးနံပါတ်လေ ဘာလို့ ဒါကြီး ပြန်ပယ်ရတာတုန်းဗျ
ကျနော် မကြိုက်တော့ဘူး၊ တစ်ဆယ်နဲ့ တစ်တို့၊ တစ်နှစ်လုံးတို့၊ ကုလားနဲ့ တစ်တို့လာရင် ရှုံးတာပဲလေ၊ ဒါ့ကြောင့် အဲဒီဂဏန်း ဖယ်ပစ်လိုက်
ဟာ ကွာ ငါ တောက်----
ဟေ့ လူ ပြောင် ကြီး ဘာဖြစ်နေတာလဲ ဗျ ကျနော် ပြောနေတယ်လေ အဲဒီဂဏန်း ဖယ်လိုက်တော့လေ
ငါကွာ--လူသတ်ချင်လိုက်တာကွာ၊ မရတော့ဘူး တကယ်ကို မရတော့ဘူး၊ ကဲကွာ-----
ဝုန်း
ကိုကိုပြောင်တစ်ယောက် ဒေါသတွေ မထိန်းနိုင်တော့ဘဲ သူ့ရှေ့မှာ ရှိနေသော stand ကြီးကို တွန်းဂျိုးပစ်ပြီး စင်ပေါ်မှ လွှားကနဲ ခုန်ချကာ ခြေကားယား လက်ကားယား နှင့် ထွက်ပြေးသွားလေတော့သည်။ ပါးစပ်မှလည်း
ဟေ့--ဒီပဟေဠိနန်းတ်ေကို လုပ်ဘို့ ငါ့ကို တစ်သက်လုံး လာမခေါ်ကြနဲ့ကွ သိပလား


ဟုတ်ကဲ့
စိတ်ကူး သက်သက်မျှသာဖြစ်ပါသည်
စော်ကားမော်ကား လုပ်လိုတဲ့ စိတ် အလျဉ်းမရှိပါ
ရယ်စရာအဖြစ်သာ တင်ပြခြင်းဖြစ်ပါသည်
ကျေးဇူးတင်လျက်
ကျော်ထွန်းဦး

No comments:

Post a Comment