Aug 12, 2015

ကျနော်နှင့် အသက်ကြီးပြီး အချိန်မစီးတဲ့လူ

ဦးလေး
ဘာလဲ
ကျနော်တော့ ဒီအတိုင်းနေလို့ မရတော့ဘူး
ဒီဘက်ရွှေ့ထိုင်၊ ဟုတ်တယ် မင်း ထိုင်တဲ့ခုံက နဲ့နေတာ
ရေနွေးပူနဲ့တော့ မျက်နှာပက်မိတော့မယ်
ဘာလဲဟ မင်းက လူကြီးကို ပမာမခန့်နဲ့ ၊ မင်းပဲ နေလို့မရဘူးဆို
ဒါကို ပြောတာ မဟုတ်ဘူးဗျ၊ သိရဲ့သားနဲ့ ပေါကြောင်ကြောင် မလုပ်နဲ့ဗျာ၊ စိတ်ညစ်ရတဲ့အထဲ တကယ်ပဲ
လောကမှာ မင်းတစ်ယောက်တည်း အဆင်မပြေဖြစ်နေတယ်များ အောက်မေ့နေသလားကွ၊ မင်းကို ပေါကြောင်ကြောင်လုပ်ရအောင် ငါက ဘာရမှာ မို့လို့တုန်း

မရပေမယ့်၊ ဦးလေးက စကား အကောင်း ပြောလို့မှ မရတာ
မင်းကရော စကားအကောင်း ပြောလို့ ရတဲ့ကောင်လား
အဲဒါကြောင့် မလေးစားတာ
မင်း မလေးစားလဲ ငါ သောက်ဂရုစိုက်ဘူး
ဦးလေး ဖရုဿဝါစာတွေ မပြောနဲ့ဗျာ၊ လူကြီးဖြစ်ပြီးတော့၊ လူငယ်တွေကို အတုခိုးမှားအောင်
အောင်မယ် လာလာချေသေး၊ အတုခိုး မှားရအောင် မင်းဆိုတဲ့ကောင်က နဂိုကတည်းက ပျက်နေတာ
ဦးလေး အဲလိုမပြောနဲ့၊ ဘာမှ မပျက်ဘူး နော်၊ ဘယ်သူပျက်ပျက် ကိုယ်မပျက်ဘူး စိတ်ရင်းကောင်းကောင်းထားတယ် သဘောပေါက်
ကိုယ်ပျက်ရင်တော့ နူတာပဲကွ၊ မင့်ပုံကြည့်ရတာလဲ၊ နှာတော့ နည်းနည်း တိုနေသလိုပဲ
ဦးလေးသာ နှာသံပေါက်နေတာ
မင်းသာ ချိုင်းထောက်နဲ့ သွားရမယ့်ကောင်
ဦးလေးသာ ဝှီးချဲနဲ့
လက်ဆစ်တွေ ကြွေကျမယ့်ကောင်
ဖိနပ် ကြိုးသိုင်းစီး၊ ပက်တီး လက်စီးရမယ့် လူကြီး
ခွက်ဆွဲတောင်းစား ရမယ့် သူတောင်းစား
ကဲ--တော်ပါတော့ ခု--ကျနော် ဘာလုပ်ရရင်ကောင်းမလဲ ပြောပါတော့
မပြောတတ်ဘူး၊ ငါတောင် ဆိုင်ဖွင့် ဆိုင်သိမ်းလေး အလုပ်ကို ဂယောင်ဂယင် လုပ်မိလွန်းလို့ မိန်းမက ဖြုတ်ချင်နေတာ ကြာပြီ၊ မလွဲသာလို့ လုပ်ခိုင်းနေရတဲ့ပုံ၊ ဒါလေးကို ငါလည်း သိပ်လုပ်ချင်တော့ တာ မဟုတ်ဘူး၊ ငါ့ ဆီ အကြံတောင်းလို့ကတော့ ထွက်လာမှာ မဟုတ်ဘူး ၊ ဇိမ်နဲ့သာ နေလို့ ပြောမှာပဲ၊ ငတ်သေလည်း အေးတာပဲ
ဟုတ်ပါတယ်လေ၊ ကျနော်ကိုက ဒေဝဒတ်သွား ဆရာတင်မိတာကိုး၊ မှားပါတယ်
အံမယ်ကွာ၊ ငါ့များ ဒေဝဒတ်တဲ့၊ ပြောရှာတယ် ဘုရားဖြစ်မယ့် အုတ်ခဲကျိုးက၊ ဒါနဲ့ ကောင်လေး မင်း မချမ်းသာချင်ဘူးလား
ဘယ့်နှယ်ပြောပါလိမ့် ဗျာ၊ အသက်ရှူတိုင်းကို ချမ်းသာချင်တာပေါ့ဗျ
ဒါဖြင့် ဒီလိုလုပ်၊ အရင်းအနှီးတော့ လိုမယ်
ဘယ်လောက်လဲ
သိန်းနှစ်ထောင်လောက်
ဗျာ ----------
(ကားတိုက်သေမယ့် မသာကြီး)ဟုတ်တယ်ဗျာ---တုတ်လိုက်ရ မကောင်းရှိရော့မယ်
ကိုယ့်ထက် အသက်ကြီးနေလို့၊ အချိန်ကတော့ မစီးတာ အမှန်ပဲဗျ။

No comments:

Post a Comment