Aug 12, 2015

ကျနော်နှင့် နှမပေး


ကောင်လေး
ငင်
မင့်အသံကလည်းကွာ ခွေးနာ လောက်ကိုက်သလိုပဲ
ဦးလေးကလည်းဗျာ ပြောလိုက်ရင် ပိဿာလေး နံဘေးပစ် လူမှ စိတ်ညစ်ရတဲ့ကြားထဲ
မဏ္ဍပ်တိုင်တက်တာ အဆင်မပြေဘူးလား
အမြဲတမ်းအလုပ်မဟုတ်တော့ခက်တယ်၊ မစားလောက်လို့ နောက်တစ်လုပ် လုပ်ချင်လို့ ဘာလုပ်ရမလဲ ဆိုပြီး လာတာလေ ဦးလေးက ဂိုက်သတ်နေတာကိုး
နေ့တွက်တော့ ကိုက်နေသားပဲကွ၊ ငါ့ဆီက ငွေနှစ်ထောင် ရထားလို့လေ
အလကား ရတာမဟုတ်ဘူးလေ ပြန်ဆပ်ရမယ့်ဟာ
သူများဟာ အလကား မမှန်းစမ်းပါနဲ့၊ သူများဟာ အလကားလိုချင် အလကားလူ၊ အချောင်လိုချင် အချောင်သမားပဲဖြစ်မှာ မင်း မြဲမြဲမှတ်ထား
အလကားလည်း မယူဘူး၊ အချောင်သမားလည်း မဟုတ်ဘူး အဲ--မွဲတေနေမှတော့ ကမ္ဘာမီးလောင် သားကောင် ချနင်းသင့် နင်းရမှာပဲ ဦးလေး
ဒါဆို မင်းက ခိုးသင့်ခိုးမယ် တိုက်သင့်တိုက်မယ် လူသတ်သင့်ရင် သတ်မယ်ဆိုတဲ့ သဘောလား
အဲဒါ နောက်ဆုံးအဆင့်၊ ပထမဆုံး ဦးလေး အရင်သတ်မယ်
ခွေးသူတောင်းစားလေး၊ ဆိုင်ကယ်တက္ကစီကရော အဲဒါလည်း တစ်ဖက်တစ်လှမ်းက ဝင်ငွေရနေတာပဲ မဟုတ်လား
ကျနော်နဲ့ မဖြစ်ဘူး အတင်းတိုး အတင်းဝှေ့ပြီး ခေါ်ရ ဆွဲရတာ၊ တစ်ခါတစ်လေ ရန်ဖြစ်ကုန်ကြတယ်၊ ကားသမား အဆဲအဆိုရော၊ ခရီးသည် အဟိန်းအဟောက်ပါ ခံရတာ၊ ဘဝတူချင်းရဲ့ မျက်စောင်းထိုးကလည်း ခံရသေးတယ်၊ တစ်ချို့နေရာတွေဆို ဈေးတအားတောင်းကြတော့ မတည့်ဘူး အဲဒါ ကိုယ်က ကိုက်သလောက်နဲ့ လျှော့ခေါ်မိရင်လည်း အဲဒါ ပြဿနာ ဦးလေး
ငါ ခရီးသည်တစ်ယောက်ဘက်ကနေ စဉ်းစားပီးပြောမယ်နော်၊ ငါသာဆို အဲသလို အတင်းတိုးဝှေ့ ဆွဲခေါ်နေတဲ့ လူတွေကို မငှားဘူး၊ စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့  အေးအေးဆေးဆေး အငှားသမားကို ရှာပြီး ငှားမှာပဲ
သိပ်ရှင်းမပြချင်တော့ဘူး ဦးလေးရယ်၊ ကိုယ်တိုင်သာ ဆွဲကြည့်လိုက် အဲဒါ ပိုသိလိမ့်မယ်၊ အမှန်အကန်လုပ်စားတဲ့သူ ပါသလို အယောင်ဆောင် အလစ်သမားတွေလည်း ရောယောင်ပါလာပြီး ခရီးသည်တွေစီက သုတ်သွားတာတွေလည်း ခဏခဏ၊ အဲတော့ ကျနော်နဲ့ မဖြစ်ဘူး
တကယ်တော့ မင်းက စိတ်မတည်ငြိမ်ဘူးကွ တစ်ခုခုကို ဇောက်ချပြီး မလုပ်ဘူး၊ အဲဒါ ဆိုးတာပဲ၊ အလုပ်တစ်ခုဟာ အနည်းဆုံး(၃)နှစ်တော့ အပင်ပန်း အဆင်းရဲခံလုပ်မှ လုပ်ငန်း သဘော လုပ်ငန်းကြောကို သိတာ၊ ငါဆို ကြည့်စမ်း--သမဝါယမမှာ စာရေးကြီးလုပ်ခဲ့တာ၊ ဘယ်အလုပ်မှ မပြောင်းလဲခဲ့ဘူး သူ့ဟာသူ ပျက်သွားလို့သာ နို့မို့ ငြိမ်ချက်
ဟုတ်ပါတယ်ဗျာ ဒါ့ကြောင့်လည်း သံချပ်တွေက တိုင်ခဲ့တာပေါ့ ဦးလေးတို့လို သမဝါယမလူကြီးတွေ ဆန်ကောင်းလေးများ ရောက်လာရင် ပြည်သူကို မဝေဘူး ဘာတဲ့
သမပေးဆန် မလုံလောက်
အိုးမှောက်ခွက်မှောက် ထားကြပါတော့
သမကတော့ ပေးပါတယ်
ဆန်နဲ့ ခဲနဲ့ ခွဲလို့ မရဘူး
ဆန်ကောင်းလေးဆို သိုသိုသိပ်သိပ်
နှမပေးလိုက် တူမပေးလိုက်
နှမပေးတွေ တူမပေးတွေ ဆိုပြီး တိုင်ခဲ့ကြတာလေ ခုထိ မှတ်မိတုန်း၊ ဦးလေးလည်း နှမပေးလားမှ မသိတာ
သေဂျင်းဇိုးနဲ့ သေမယ့် ခွေးသူဒေါင်းဇား။

No comments:

Post a Comment