Aug 13, 2015

ရယ်စရာ ဟာသ ပြက်လုံးများ 31-35

[ ရယ်စရာ ဟာသ ပြက်လုံးများ (၃၁) ]
ကိုင်း ကိုင်း မောင်မိုးညိုတို့ မောင်ဖျောက်ဆိပ်တို့ ငါ့သား ရှင်လောင်းသွင်းကြပါကွာ
ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဟာ ရှင်လောင်း လာပြီဟေ့ လာပြီ
ရှင်လောင်း တယ်လှပါလား
လှရှာသားပဲဟ
ဟား ဟေ့ ပေါစံ
ဘာတုန်းကွ
မင်း အပြင်အဆင်တွေက တယ်လှပါလားကွ
လှဆို မြို့က သူငယ်ချင်းတွေက လာပြင်ပေးတာကွ
မျက်နှာကရောကွာ
မျက်နှာကတော့ ကောင်မလေးတွေ ၀ိုင်းလုပ်ပေးတာပါကွာ
ဟေ့ ဟေ့ ရှည်မနေနဲ့ကွ အချိန်မရှိဘူး၊ ရှင်လောင်း ဆံချဘို့ အရေးကြီးတယ်၊ ရှင်လောင်း ဆံချပီးရင် ငရုတ်သီးချ၊ ကြက်သွန်ချ၊ ဆီချ၊ ဘာချ၊ ညာချ-------

(ရွှေမန်းတင်မောင်ဇာတ်သဘင်--မောင်မူးဇာတ်ထုပ်---ကောက်နှုတ်---)

[ ရယ်စရာ ဟာသ ပြက်လုံးများ (၃၂) ]
ကိုရင်ပေါစံ လာစမ်းပါတော်၊ တော်ကလည်းပဲ
ဖြည်းဖြည်းလုပ်စမ်းပါဟာ၊ ဘာများ အရေးကြီးနေတာတုန်းဟ
တော့်ခေါင်းက ကတုံးကြီးကလည်း ပြောင်နေတာပဲ၊ တစ်ခုခုလေးများ ပတ်ခဲ့ပါဦးတော့
အော်--ငါက အခုမှ လူထွက်လာတာဟ၊ ရှေ့နှစ်ကျတော့ နင် က လူထွက်ရဦးမှာပါဟာ

(ဦးပေါစံ အမှတ်တရ----ရွှေမန်းတင်မောင်--မောင်မူး ဇာတ်ဝင်ခန်းမှ-ကောက်နှုတ်)

[ ရယ်စရာ ဟာသ ပြက်လုံများ (၃၃) ]
သကြားတစ်ပုံ ဆားတစ်ပုံ ပုံထားမယ် မင်း အဝေးကနေ မှန်အောင် ခွဲတတ်ပါ့မလား
ဘယ်လိုလုပ် ခွဲနိုင်မှာလဲ၊ ငါ့တော့ မေးတယ် မင်းကရော ခွဲနိုင်လို့လား
လွယ်လွယ်လေး
ဘယ်လိုခွဲမလဲ
အနားသွားပီး လက်နဲ့ တို့ကြည့်မှာလေ ချိုတာသကြား ငန်တာ ဆား
ဒါဆို အမေနဲ့ သမီး အဝေးကနေ လာနေတာကို ဘယ်ဟာကအမေ ဘယ်ဟာက သမီး ခွဲခြား ပြောနိုင်ပါ့မလား
ဘယ်ပြောနိုင်မလဲ၊ မင်းကပြောနိုင်လား
လွယ်လွယ်လေး၊ အနားသွားပီး လက်နဲ့ တို့ကြည့်၊ ချိုတာ သမီး ငန်တာ အဖွားကြီး

ခ် ခ် ခ် ခ်
(မန္တလေး အငြိမ့် ပြက်လုံးအမှတ်တရ--လူရွှင်တောင်များ မမှတ်မိ)

[ ရယ်စရာ ဟာသပြက်လုံးများ (၃၄) ]
ကျွန်တော်၏ Facebook တွင် ဖော်ပြပေးနေသော ရယ်စရာ ဟာသပြက်လုံးများကို မိတ်ဆွေတစ်ဦးမှ စာအုပ်အဖြစ်ထုတ်ဝေပေးမည်ဖြစ်ပါသည်။
ကောင်းမွန်သော ကွန်းမန့်များကို ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မကောင်းဘူးပြောသော ကျွန်တော့်အား နှိပ်ကွပ်ထားသော cmt များကို ချန်လှပ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ငှဲ ငှဲ ငှဲ


[ ရယ်စရာ ဟာသပြက်လုံးများ (၃၅) ]
ဟေ့ ရွှေဂဲရေ
ဘာလဲဟေ
မင်း---သံပုရာသီး စားဘူးလား
စား ဘူး တယ်
ဘယ့်နှယ်နေတုန်း
ချိုတယ်
အင်---ပြက်လုံးကို အဲလို ထိပ်က ပိတ်ပစ်တော့ ငါက ဘယ်အပေါက်က သွားထွက်ရတော့မလဲ သေခြင်းဇိုးရဲ့
ဘာဖြစ်လို့လဲ
ဟ---ချဉ်တယ်လုပ်မှ ချဉ်မှာပေါ့ သံပုရာသီးကိုး ဆို ငါက ရိုက်ရမှာလေ ဒါမှ ပရိသတ်က ရယ်မှာပေါ့
အော---အဲသလိုလား၊ မင်းက စောစောကမှ ပြောမထားဘဲ၊ သိဘူးလေကွာ၊ ကဲ ကဲ ပြန်ပြော ပြန်ပြော ချဉ်တယ်လုပ်ပေးမယ်
တော်ပါ---ပရိသတ်က သိသွားမှတော့ ဘယ်နှယ့်လုပ် ရယ်တော့မလဲ၊ ပြက်လုံးဆိုတာ သိသွားရင် မရယ်ရတော့ဘူး
ရယ်ချင်ရယ်မှာပါကွ၊ လုပ်ပါ လုပ်ပါ
မရယ်လောက်တော့ဘူးနော် ရွှေဂဲ၊ သိပီးသားကြီးဖြစ်နေပီ
မသိလောက်သေးပါဘူးဟ ရယ်မှာပါ၊ လုပ်ပါ ပြန်ပြက်ပါ
ဟီး ဟီး ရွှေဂဲရေ
ဘာလဲဟေ
ဟီး ဟီး ရယ်လောက်ဘူးနော်----ငါသိတယ်၊ မင်း--သံပုရာသီး စားဘူးလား
စားဘူးတယ်
အဟီး ဘယ့်နှယ်နေတုန်း
ချဉ်တယ်
ချဉ်မှာပေါ့ သံပုရာသီးကိုး----
ဖြောင်း-----
ကိုင်းဗျာ----နင့် အမေဟာကြီးတောင် မရယ်ကြဘူး၊ တွေ့လား
ဟော---အခု----ရယ်ကုန်ပြီလေ----၀ါးခနဲတောင် နေသေး
အဲဒါ ငါ့ သံပုရာသီး ရယ်တာမဟုတ်ဘူး၊ နင့်အမေဟာကြီး ရယ်တာဟဲ့ သေနာရဲ့

(လူရွှင်တော် ငှက်ခါး(သွားလေသူ)နှင့် ရွှေခဲ အမှတ်တရ)

No comments:

Post a Comment