Aug 12, 2015

ကိုယ့် အတွေး နဲ့ ကိုယ် သောက် သုံး ကြ သည်


Facebook---သည်
ပိုယ်ပိုင် Art Gallery လေးတွေ ထောင်ထားပီး ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားလေးများစွာ ပါဝင်သလို မိတ်ဆွေ အပေါင်းအသင်း ဆွဲထားတဲ့ ပန်းချီကားလေးများပါ ချိတ်ဆွဲပီး Exhibition ပြုလုပ် တယ်လို့ပဲ အရိုးရှင်းဆုံးမြင်ပါတယ်
ထို့အတူ ကိုယ့်ပန်းချီကားလေးတွေလည်း သူငယ်ချင်း မိတ်ဆွေများရဲ့ ပန်းချီအနုပညာပြခန်းလေးထဲမှာ ပါဝင် ချိတ်ဆွဲ ပြသနေကြတာပါပဲ
အချင်းချင်း Art Gallery ထဲကို လာကြည့်ကြ သုံးသပ်ကြ ဝေဘန်ကြ ချီးမွမ်းကြ ကဲ့ရဲ့ကြပေါ့လေ
အချို့လည်း---ကင်းဗက်ပေါ်က မျဉ်းတစ်ကြောင်းထဲ ဆွဲသားထားတဲ့ ပန်းချီကားကို ကြည့်ပြီး ဒါများ ငါတောင် ဆွဲတတ်သေးတယ် ဘာများ ခက်တာ လိုက်လို့ လုပ်ချင် လုပ်တတ်ကြတဲ့သူတွေရှိသလို တစ်ချို့လည်း အဲသည် ပန်းချီကားလေးကိုပဲ တန်ဘိုးထား မြတ်နိုးပီး ဈေးကြီးပေး ဝယ်ယူသွားကြ တာတွေလည်း ရှိနေတတ်ပါတယ်။
အချို့လည်း ပြခန်းလေးထဲကို နေ့စဉ် နေ့တိုင်း လာရောက်ပီး ဒီပန်းချီကားလေးတွေကိုပဲ မမောမပမ်း ငြီးငွေ့ခြင်း အလျဉ်းမရှိ တရှိုက်မက်မက် လာရောက်ကြည့်ရှု ခံစားနေတတ်သလို
အချို့ကြပြန်တော့ လာတော့ လာပါရဲ့ ပန်းချီကားတွေ ပြောင်းလဲ ချိတ်ဆွဲခြင်း မရှိတဲ့အခါ ရိုးအီနေတဲ့ ခံစားမှုမျိုးနဲ့ အသစ်အဆန်းကို တမ်းတနေတတ်ကြပြန်ရော၊ ပန်းချီကားတွေရဲ့ ဟောင်းလေ တန်ဘိုးကြီးလေဆိုတာ နားလည်အောင် ရှင်းပြမပေးပါဘူး၊ မလိုဘူးလေ၊
အနုပညာ ခံစားမှု အားနည်းသူတွေ ပါသလို အားကောင်းသူတွေလည်း ဒု နဲ့ ဒေးရယ်ပါ။
အသစ်ကို မျှော်လင့် တမ်းတသလို အဟောင်းကို တန်ဘိုးထားနေတတ်သူ အသစ်နှင့် အဟောင်းကို အလေးချိန် ညီမျှအောင် ထိန်းညှိ တည့်မတ် နေသူတွေလည်း အင်နဲ့ အားနဲ့ ပါ။
Facebook ကို ဗဟုသုတ ဟင်းလေးအိုးကြီးလို့ သမုတ်လို့ မရနိုင်ဘူးလား
ဒါမှ မဟုတ် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ရှာဖွေရာ မိတ္တဗလ ဋီကာ ချဲ့ထွင်ရာ ဘုတ်အုပ်ကြီး တစ်အုပ်ပမာ နေရာ တစ်ခုလို့ သတ်မှတ်လို့ မရဘူးလား
သို့တည်းမဟုတ်---လေးသည်တော် မြားနတ်မောင်
ဒါ့အပြင် Facebook ကို ခြင်ထောင်တစ်လုံးလို၊ ဖာအိမ် တစ်အိမ်လို သဘောထားလို့ရော မရဘူးလားလို့ မေးကောင်း မေးနိုင်ပါတယ်--ဒါကတော့ ကိုယ့်အတွေးနဲ့ ကိုယ် သောက်သုံးခွင့် ရှိပါတယ်
ကျနော့်အတွက်ကတော့ ရိုးရိုးလေးပါဘဲ----ကိုယ်ပိုင် ပန်းချီ အနုပညာ ပြခန်းလေးပါ၊ သည့်ထက် ပိုပြောရရင်----မှတ်တမ်းစာအုပ်လေး တစ်အုပ်ပါပဲ၊ ဖတ်ချင်တဲ့သူ စိတ်တိုင်းကျ ဖတ်နိုင်တယ်၊ ပန်းချီကားတွေကို ကြည့်ချင်တဲ့သူ ဝင်ကြည့် ခံစားနိုင်တယ်---မကြည့်ချင် မဖတ်ချင်လည်း ဘာပြောမှာလဲ---ဒါ ကျနော့် ခံစားချက်များကို ပေထက် အက္ခရာ တင်နေခြင်းသာ ဖြစ်ပါသည်။ ကလေးတို့ အကြိုက် ဝင်းလိုက် ဆိုပီး ကျနော် ဘယ်သော အခါမျှ လုပ်လိမ့်မည် မဟုတ်ပါ၊ ကျနော့်အကြိုက် ကျနော် လုပ်ခြင်းသာ ဖြစ်ပါသည်။ ပြောပြီးပါပကော ကျနော်၏ မှတ်တမ်းစာအုပ်သာ ဖြစ်ပါသည်လို့-- မိတ်ဆွေ အနေနဲ့ရော--ဘယ် လို များ သောက် သုံး ပါလဲ--ကိုယ့် အခန်းလေးကို ဘယ်လိုသဘောထားပါသလဲ
မေးစရာ မလိုတဲ့ မေးခွန်းပါပဲ---ဘာဖြစ်လို့လဲ--Calsome ကွေကာသောက်သုံးနေကြသူတွေအချင်းချင်းလေဗျာ--နော--တစ်ပါးသူက သတ်မှတ် မပေးစကောင်းပါဘူး။

No comments:

Post a Comment