Aug 12, 2015

ကျနော် နှင့် ခွေး စ ကားေ ပြော သူ


ဦးလေး
ဘာ လဲ ကွာ
ပြောလေ ကျနော် ဘာလုပ်ရမလဲ
နေစမ်းပါဦး၊ ခု ငါထမင်းလုံးစီနေတယ်
အကြည်ညို ခံချင်လိုက်တာလည်း လွန်ရော၊ အိနြေ္ဒကလည်း တစ်စက်မှမရှိဘူးဆိုတာ ဦးလေးလို လူကို ပြောတာနေမှာ
ခွေးသား ၊ မင်း ဘာ စကား ပြောတာလဲ
ဟုတ်တယ်လေ နည်းနည်းလေး စိတ်ကောင်းဝင်လို့ ကောင်းကောင်းမွန်မွန် မဆက်ဆံလိုက်နဲ့ ဘဝင်က တန်းမြင့်တော့တာ၊ ဘာမှမဟုတ်ဘဲ ဂိုက်သတ်နေတာ အမြင်ကိုကပ်တယ်
အမြင်ကပ် ငါ့အိမ်မလာနဲ့လေ
ဒါ့ကြောင့် လူလို မဆက်ဆံချင်တာ
လူလိုမဆက်ဆံချင်တော့ မင်းက ငါ့ကို ခွေးလို ဆက်ဆံချင်တယ်ပေါ့လေ၊ ခွေးမသား
ဟောကြည့် မြင်လား၊ ဦးလေးနော် လူဆို လူစကားပြော
ဟေ့ကောင် မင်း ခွေးစကားမပြောနဲ့
ဦးလေးပဲ အမြဲတမ်း ခွေးစကားပြောနေတာလေ၊ ခွေးဆိုတဲ့ စကား အမြဲတမ်းထည့်ထည့် ပြောနေတာ ကို ပြောတာ၊ ကျနော်ပြောရင် မကောင်းတော့ဘူးနော် ဦးလေး၊ ဦးလေးငရဲကြီးမှာစိုးလို့
အောင်မယ်ကွာ ငရဲကြီးရအောင် မင်းက အငယ်လား၊ ငါက အငယ်လား အခုကို မင်းငါ့ကို ပမာမခန့်ပေါက်တွေ ချိုးလွန်းလို့ အကုသိုလ် အတုံးလိုက် အတစ်လိုက် ရနေပီ ဒါနဲ့တင်ကို ငရဲပြည် လက်မှတ် အော်တို မင်း--ရနေပီ နားလည်လား ခွေးသူခိုးရဲ့
သိက္ခာ သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်စော်ကားလို့ ငရဲပြည်တော့ ရောက်နိုင်စရာ အကြောင်းမရှိ ဘူး၊ ရောက်ခြင်းရောက် နတ်ပြည်ပဲ
ကိုင်း သေချင်းဆိုး ပြန်မလား မပြန်ဘူးလား
မပြန်ဘူး ကျနော်တောင်းတဲ့ အကြံ ပေးဦး 
ဘာလုပ်ရမလဲ ၊ အကြံဥာဏ်လည်းလာတောင်းသေးတယ် တစ်ခွန်းမခံ ပြန်ပြော စော်ကားမော်ကား လုပ်နေတဲ့အကောင် ပေးချင်စရာ ကောင်းပါ့
ဒါကတော့ အကျင့်က ဖျောက်မရဘူး၊ ဦးလေးလည်း ဆဲတဲ့အကျင့် ဖျောက်လို့ရလို့လား ခဏတိုင်း ဆဲချည်းနေတာ၊ ပြောတဲ့ စကားလုံးတိုင်း ကြည်ညိုစရာ ကောင်းတဲ့ စကားလုံး ဘယ်နှစ်လုံးများ ပါလို့လဲ ကျနော့်လည်း မဟုတ်တာ မမှန်တာတော့ လာမပြောနဲ့ နားကလောရင် ပြောမှာပဲ၊ အကျင့်ပဲ
အေးလေ အဲသလို ပြန်ပြောချင်သပဆိုလည်း ငါနဲ့ လာ မပတ်သက်နဲ့လေ ကင်းကင်းနေပေါ့
ဘယ်ဘဝက ဝဋ်ကျွေးမှန်းမှ မသိတာ၊ အကြံမပေးချင်လည်းနေတော့၊ ပိုက်ဆံတော့ ချေးဦး
ဟော--တွေ့လား၊ ဒီဘက်အပေါက်မဟုတ်တော့ ဟိုဘက်အပေါက်က လှည့်ဝင်လာတယ်၊ ငါသိပါတယ် မင်း---ငါနဲ့ မကင်းနိုင်တာ ဒါလည်း ပါတယ် မဟုတ်လား
အစစ်ပဲ ဒီတစ်ခုလေးကြောင့် တည်းခံနေတာ၊ နို့မို့ ပြတ်တာ ကြာပေါ့
မချေးဘူးကွာ ကိုင်း
လုပ် ပါ ဦးလေးရယ် ခုနစကားတွေ ဗွေမယူပါနဲ့ လုပ်ပါ ၂ ထောင်လောက် ချေးစမ်းပါ
မ ရှိ ဘူး
တောင်းပန်ပါတယ်ဗျာ၊ ဒီနေ့ တကယ့်ကို သုံးစရာ မရှိတော့လို့ပါ
မင်းလိုကောင်မျိုး ချေးလည်း အဆိပ်ပင်ရေလောင်းပဲ၊ ဘယ့်နှယ်ဗျာ သည်လို သူတောင်းစားမျိုး ကြုံဘူးပေါင် အောက်ကလည်းနေသေး ကြောက်ပီလား ဆိုတာမျိုး ပိုက်ဆံလိုချင် မင်းသောက်ခွက် အချိုးကို ပြင်ထား
အဟစ်းးး ဟစ် ဒီလိုလား
ကျက်သရေ တုံးလိုက်တဲ့ မျက်ခွက်၊ မရှိဘူးကွာ သွားတော့
လုပ်ပါဗျ ၊ သည်လောက် ခယတောင်းပန်နေတာကို
ပိုက်ဆံ လိုချင် ဆရာ လို့ သုံးခွန်းခေါ်
ကလေး ကုလား အလုပ်တွေ ဦးလေးရယ်
ကလေး ကုလား မကလို့ လူကြီး တရုတ်ဖြစ်နေနေ လိုချင်ခေါ် မလိုချင် မခေါ်နဲ့
တော်ပါ ဦးလေးရယ် ဒါမျိုးတွေက ရိုးနေပီ၊ ပီးတော့မှ ငါ့မှာလည်း မရှိပါဘူး တပည့်ကြီးရယ်ဆို ကလီကမာ လုပ်စကားပြောဦးမယ်၊ အကြောင်းသိတွေပဲ ဦးလေးရယ်၊ ခါတိုင်းလိုပဲ ဒီအတိုင်း ချေးလိုက်
ဟင်း ဟင်း ဟင်း ---ရော့ မအေဘေးလေး၊ ဘယ်နေ့ ပြန်ဆပ်မလဲ၊ ဟိုတစ်ခါလိုတော့ မကြာနဲ့ ခုကတည်းကပြော
ဘုရားပွဲ ပီးရင် ဆပ်မယ်
ဘု--ရား---ပွဲ၊ ဘယ်က ဘုရားပွဲလဲ
အရိမေတ္တယျ ဘုရားပွဲ
ပြန်ပေးတော့ မချေးတော့ဘူး၊ မြေမြိုသေမယ့် မသာလေး။ ။

No comments:

Post a Comment