သူငယ်ချင်း မင်းအိမ်မှာ ခိုင်းတဲ့ကောင်မလေးက ဘယ်ကလဲ
စင်ကာပူကလို့ ပြောတာပဲ--အိမ်ဖော်သာပြောတာမောင် ဗမာစကားကို သုံးနှစ်သုံးမိုး သင်တန်းတက်လာပြီးမှ လာခဲ့တာတဲ့ ဗမာစကားတတ်တော့ လစာ ပိုပေးရတာပေါ့ကွာ မဆိုးဘူးဟ အလုပ်ကြိုးစားတယ်
အေးကွ---အခုဆိုရင် တို့ဆီကို အလုပ်လာလုပ်ချင်ကြလွန်းလို့တဲ့ အဲဒါ တို့ဘာသာစကားကို မဖြစ်မနေ သင်နေကြလို့ သူတို့ဆီမှာတောင် မြန်မာ စကားပြောသင်တန်းတွေဖွင့်နေကြတာ အလုပ်ဖြစ်နေကြတယ်တဲ့မောင်
အေး--ငါလည်းကြားတယ်၊ သူတို့ဆီမှာ ကျောင်းပြီးရင် တစ်ခြားအလုပ် သိပ်မစဉ်းစားကြတော့ပဲ စကားပြန်အလုပ်နဲ့ တို့ဆီလာပြီး အလုပ်လုပ်ကြ ဘို့ပဲ အဓိကထားနေကြသတဲ့ကွ၊ ဒါနဲ့ မင်းဆီက အလုပ်သမားတွေကရော ဘယ်ကလဲ
အခု ငါ့ဆီမှာ ခိုင်းနေတဲ့ သူတွေက ယပလက်ကကောင်တွေလေ၊ တရားဝင်လည်းမဟုတ် အောက်လမ်းက ဝင်လာတဲ့ကောင်တွေဆိုတော့ လစာ နည်းပေမယ့် ပေတိပေကပ်တွေ အကြမ်းပတမ်းတွေလေ၊ အဲတော့ ထိန်းရ သိမ်းရတာတော့ နည်းနည်း ခက်တယ် ငါ့ကားလုပ်ငန်းနဲ့ကလည်း ကိုက်နေတော့၊ အင်း-ပြည်-နေထိုင်ခွင့်ပုံစံကတော့ သုံးလတစ်ကြိမ်တော့ စက်ရုံကပဲ လုပ်ပေးနေရတာပေါ့၊ ပြန်ချင်ကြတယ်လို့တော့ ညီးသံ မကြားဘူး လို့ စက်ရုံမှူးကတော့ပြောတာပဲ ငါတို့ ပေးထားတဲ့ လစာက တို့အနေနဲ့ လက်ဖက်ရည်ဘိုးလောက်သာ ရှိပေမယ့် သူတို့အတွက်ကတော့ သူတို့ဆီက ဝင်ငွေထက်တော့ သာတယ်ဆိုပဲ ဒါ့ကြောင့် အပင်ပန်းအဆင်းရဲ ခံပြီး နေနေ ကြတာပေါ့ကွာ၊ ဒီမှာ ချွေတာစား ချွေတာနေ ပိုက်ဆံစု ပြီး ဟိုပြန်ပို့ အဲလို လုပ်ကြ တယ်လေ၊ ပြန်တော့ ပြန်ချင်ကြရှာမှာပေါ့--
ကိုယ်ချင်းစာပေါ့ သူငယ်ချင်းရာ သူတို့လည်း မိသားစုနဲ့ ဘယ်မှာလာပြီး ခွဲနေချင်ကြပါ့မလဲ မလွဲသာလို့သာပေါ့၊ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုသ လို--အခု သူတို့ဆီက လူတွေ ပြောနေကြတာ လျှော်ရာမနေတဲ့မောင်
-အေးကွာ မင်းတို့ ငါတိုဆီမှာကလည်း အကုန်လုံးက ပညာတတ် သူဌေးတွေ ချည်း အားလုံး ဖြစ်နေကြတော့ လုပ်ငန်းအတွက် လုပ်မယ့် အလုပ်သမား မရှိပြန်ရင်လည်း အခက်အခဲက ဖြစ်ဦးမယ်၊ ဒါ့ကြောင့်လည်း ဒီကောင်တွေ ကို ချော့တစ်ခါ ခြောက်တစ်လှည့်တော့ လုပ်နေရတာပေါ့ တရားဝင်- ---ဖြစ်အောင်တော့ အလုပ်သမားရှာဖွေရေးအကျိုးဆောင် လုပ်ငန်းတွေနဲ့- -တော့ ဆက်သွယ်ထားလိုက်ပါပြီ၊ အော်ဒါနဲ့-- -နောက်လက စပြီး တို့ နိုင်ငံ သားမှန်သမျှ အစိုးရက လစဉ် ထောက်ပံ့ပေးနေတဲ့ ပိုက်ဆံခြောက်သိန်းကို အခု ဆယ်သိန်းအထိ တိုးပေးတော့မယ်တဲ့ကွ မင်း----ကြားပြီးပလား---
ကြားတယ်သူငယ်ချင်း--ဘာအတွက် တိုးပေးနေတာလဲကွာ
မင်းလည်းသိသားနဲ့ တို့ဆီက ဓာတ်ငွေ့ရောင်းရငွေနဲ့တင်ကို တစ်နိုင်ငံလုံး ထိုင်စားနေလို့ ရနေတာပဲဟာ
ဟုတ်တော့ဟုတ်ပါတယ်၊ ဒါ့ကြောင့်လည်း အခုထောက်ပံ့ငွေကိုတောင် ငါဖြင့် သွားမထုတ်တာ ကြာပေါ့
ဘာလို့လဲ
မရှိဆင်းရဲတဲ့ တစ်ခြားနိုင်ငံတွေက မိဘမဲ့ကလေးတွေအတွက် ပံ့ပိုးကူညီနေ တဲ့ ပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ ဘဏ်စာရင်းအမည်ထဲကို လွှဲပေးနေတာ တရားဝင် ပေးလှူထားတာ ကြာပေါ့ သူငယ်ချင်းရာ
ဟာ--ဟုတ်လား---သာဓုခေါ်ပါတယ် သူငယ်ချင်းရာ ငါလည်း လှူချင်တယ်ဟေ့ ငွေတွေက ပိုနေတော့ ငါလည်း အကျိုးရှိအောင် တစ်ခုခု လုပ်မှ ဖြစ်မှာပါကွာ
ကောင်းတယ် သူငယ်ချင်း--ဒါမှ မြန်မာလူမျိုး ပီသတော့မပေါ့ဟ ငါ့ကောင်ရ--
(ကိုင်းဗျာ--အဲသလို ဖြစ်မလာနိုင်ဘူးလို့--ဘယ်သူပြောမလဲ---အဟက်ဟက်
မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ ပါးသပ်နာနဲ့ တည့်ပါ့မလား အပြစ်တင် မစောပါနဲ့----အဲသလို ဂလဲ့စား ချေချင်နေတာ ကြာပေါ့ဗျာ---စိတ်ဓာတ်က အခုကတည်းက အောက်တန်းကျနေပြီနော် ဟီ )
မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ ပါးသပ်နာနဲ့ တည့်ပါ့မလား အပြစ်တင် မစောပါနဲ့----အဲသလို ဂလဲ့စား ချေချင်နေတာ ကြာပေါ့ဗျာ---စိတ်ဓာတ်က အခုကတည်းက အောက်တန်းကျနေပြီနော် ဟီ )
No comments:
Post a Comment