ကျွန်တော် နည်းနည်းလေး ကိုယ်ပေါင်ကိုယ်လှန်ထောင်းကြည့်မယ်
ကျွန်တော်တို့အမျိုးထဲမှာလေ ပြသနာအကြောင်းကိစ္စတစ်ခုစီ တစ်ခုစီ ကိုယ်စီကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် အမျိုးတွေ ပတ်ပြီး မခေါ်ကြဘူး၊
ကျွန်တော်တို့အမျိုးထဲမှာလေ ပြသနာအကြောင်းကိစ္စတစ်ခုစီ တစ်ခုစီ ကိုယ်စီကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် အမျိုးတွေ ပတ်ပြီး မခေါ်ကြဘူး၊
ဟိုလူနဲ့ သည်လူနဲ့မခေါ်ဘူး၊ သည်လူက ဟိုလူနဲ့မခေါ်ဘူး၊ ဟိုလူနဲ့ ငါနဲ့ခေါ်တယ် ဒါပေမယ့် ငါနဲ့မခေါ်တဲ့ ဟိုလူ့ကို သည်လူက ခေါ်တဲ့အတွက် သည်လူ့ကိုပါ မခေါ်တော့ဘူး၊
သည်လူကလည်း မခေါ်တော့အရေးလား ငါကျတော့ ဟိုလူ့ခေါ်လို့၊ သူကျတော့ ငါနဲ့မခေါ်တဲ့ အဲဒီလူကို ဘာလို့ သွားခေါ်လဲ ၊ မခေါ်နေပေါ့၊ နင်မခေါ်သလို ငါလည်း မခေါ်ဘူး ရှင်းလား၊
ငါက ခေါ်ချင်ပါတယ် ငါမခေါ်ချင်တဲ့သူနဲ့ သူတို့က ခေါ်နေတော့ ခေါ်ချင်တဲ့စိတ်က မခေါ်ချင်တော့ဘူး
ငါတို့ကတော့ ခေါ်ကို မခေါ်ချင်တာ၊ မခေါ်ချင်တဲ့သူကို ခေါ်ကို မခေါ်ဘဲနေလိုက်တော့ အခေါ်ရ မသက်သာဘူးလား၊
ကျွန်တော်ကတော့ ခေါ်တယ်လည်း မဟုတ်ဘူး မခေါ်ဘူးလည်းမဟုတ်ဘူး၊ ခေါ်ရင် ခေါ်လိုက်တာပဲ၊ မခေါ်ရင်လည်း မခေါ်လို့ဆို ခေါ်ပါခေါ်ပါ ဇွတ်သွားပြီး အခေါ်ခိုင်းမနေဘူး မခေါ် မခေါ်တဲ့ အတိုင်း မခေါ်ဘဲနေလိုက်တာပဲ ခေါ် ခေါ်တဲ့အတိုင်း ခေါ်လိုက်တာပဲ
အဲသလို အမျိုးတွေ တစ်ယောက်နဲ့ တစ်ယောက် မခေါ်ကြတဲ့အကြောင်းကို ကျွန်တော်က အခုလို ဖေစ်ဘုတ်မှာ တင်လိုက်မိပါတယ်---အမျိုးတွေလေ---အမျိုးတွေ သူတို့အမျိုးသိက္ခာမဲ့အောင် လုပ်ရပါ့မလား ဆိုပြီး---စိတ်တွေကောက်ပြီး--အခု ကျွန်တော့်ကို မခေါ်ကြတော့ဘူးလေ---
No comments:
Post a Comment