ဟေ့ကောင်---မဲပေးတာ မြန်လှချည်လား
အီဖေကိုတို့က သိတဲ့အတိုင်း ဘာလုပ်လုပ် မြန်တယ်လေ
သည်လောက်ကြီးမြန်တာကိုတော့ အံ့သြလွန်းတယ်
ဘာအံ့သြစရာရှိလဲ
အံ့သြတာပေါ့--ခုနလေးကမှ ဝင်သွားတယ် သိပ်မကြာဘူး ပြန်ထွက် လာတယ် ဆိုတော့ မင်း မဲပေးခဲ့တာရော ဟုတ်ရဲ့လား ဒီအတိုင်း များ ပြန်ထွက်လာ တာလား
ခက်ပြီ--ပေးခဲ့ပါတယ်ဟ၊ သည်မဲလေး တစ်ခုပေးတာ ဘာကြာတာလိုက်လို့
တစ်ခု မဟုတ်ပါဘူး သုံးခုပါ
ဘာ----သုံးခု---တစ်ခုထဲ ထည့်ရမှာ မဟုတ်ဘူးလား ဟ
(ကိုင်း--သေပါရော)
(credit to: စာမဖတ် မလေ့လာ ဗဟုသုတနည်းတဲ့ကောင်)
(၂)
ဘယ်ပါတီကို မဲထည့်ရမည်ဟု မည်သူမျှ စည်းရုံးခြင်းမပြုရ
ဟုတ်--အခုဟာက ဘယ်သူမှ စည်းရုံးရေးလည်း မဆင်းပါဘူး
အဖွားတစ်ယောက်
တံဆိပ်တုံးနှိပ်မယ့်အခန်းထဲကနေ မဲကဒ်ပြားကိုင်ပြီး ယောင်လည်လည်နဲ့ အပြင် ပြန်ထွက်လာသည်
အဖွား---သည်ပုံး အပြာထဲကို ထည့်ရမှာ အဖွား၊ ပြီးတော့ ခေါက်လိုက်ဦးလေ
အေး ပါ ငါ သိ ပါ တယ်
ဟုတ် သိရင် ထည့်လေ အဖွားရဲ့
ငါ မှ တံ ဆိပ် တုံး မ နှိပ် ရ သေး ဘဲ
ဟောဗျာ--ခုန သွားနှိပ်တာ မဟုတ်ဘူးလား အဖွားရဲ့
ေ အ း ေ လ
ဒါဖြင့် ဘာလို့ မနှိပ်ခဲ့တာလဲ
ဒေါ်စု ပုံ ရှာ မ တွေ့ ဘူး - - - - ဘယ် နား နှိပ် ရ မှန်း မ သိ လို့ ဟဲ့
(credit to: ရိုးသားသော ဖွားဖွားတစ်ယောက်သို့)

(၃)
- - - - - - - -
- - - - - - - -
- - - - - - - -
ဒေါက်တာ လှမိုး
ဒေါက်တာ လှမိုး
ဒေါက်တာ လှမိုး
ဒေါက်တာ လှ အဲ ဟုတ်ဘူး ဟီး ဟီး အကျင့်ပါနေတော့ ယောင်သွားလို့ မဟုတ်ဘူး မဟုတ်ဘူး ဒီမှာ ဒီမှာ သေချာကြည့်ပါ နော်----အဟင်း ဟင်း

(၄)
ဟိုက်--သောက်ကျိုးနဲပြီ
စောစောက နှစ်ခုအတိုင်း အောက်ခြေမှာပဲ မှတ်ပြီး နှိပ်လိုက်မိတာလေ
ဟင်----ဘယ်ရောက်သွားပါလိမ့်
အလို--ငါ နှိပ်ချင်တဲ့ဟာက အပေါ်ရောက်နေပါလား
ငါကိုယ်က နွားမူးနွားထူး အတော်နိုင်တာပဲ
(ဒါဆို----မင်းဘယ့်နှယ်လုပ်ခဲ့လဲ ဒီအတိုင်း ထည့်လိုက်တယ်ပေါ့)
အင်း--စိတ်မပူပါနဲ့---တစ်ခြား ပါတီဖြစ်နေလို့ သနားတာနဲ့ ထားပေးလိုက်တယ်----အခု ၂ မဲဆိုတာလေ အဲဒါ တစ်မဲက ငါ့မဲ ဟီဟိ
(တစ်ကယ်လို့ မင်း ထင်သလို မဟုတ်ဘဲ ဖြစ်နေရင်ရော)
အိုး---ငါ အဲလောက် အပါ့မလားဟ----အကုန် တန်းစီ နှိပ်ပစ်ခဲ့မှာပေါ့ အဟက် ဟက်
(credit to: someone)

No comments:
Post a Comment