ဘယ်ဆွေမျိုး ဘယ်တာရိုးကသွားလို့ ဘယ်ဆိုင်မှာပဲ စားစား
ပါးကလေးကို ဖွဖွနမ်းရင်း
ပါးကလေးကို ဖွဖွနမ်းရင်း
ဗိုလ်အောင်ဒင်က ဒီနေ့တော့ ထမင်းမစားပါနဲ့ မမြဝင်းရယ် tea milk ကလေး သွားဆွဲကြရအောင်ပါတဲ့ မမြဝင်းရဲ့ လက်ကလေးဆွဲလို့ လှေပေါ်ကဆင်း ဆိုက္ကားပေါ်တက်လို့ ဗိုလ်အောင်ဒင်က ဓာတ်မီးခြစ်ကလေး ထောက်ခနဲခြစ် ဆေးလိပ်ကလေးမီးတို့ ရှူလိုက် ဖွာလိုက် မီးခိုးငွေ့ကလေးတွေကို အကွင်းလေးတွေဖြစ်အောင် မှုတ်ထုတ်လိုက်နဲ့ သာယာနေသလို မမြဝင်းကလည်း ကျောလေးမှီလို့ ကရင်လို မိသောင်း ဗမာလို နန်းဘိုလို့ ခေါ်တဲ့ ကောင်မလေးဆီ တယ်လီဖုန်းလေးဆက်လို့
အဲဒီအချိန်မှာ သူတို့နောက်နားကနေ ဆိုင်ကယ်စီးလာတဲ့ ဦးဘချစ်ဆိုတဲ့သူက လှမ်းလည်းမြင်လိုက်ရော ရည်းစားလူလု အူနုကျွဲခတ် မျက်စပ် ပိုးဝင် ဆံတစ်မျှင်တင်း ဆိုသလို အသည်းတဆတ်ဆတ်နာလွန်းလို့ မခံမရပ်နိုင်ဖြစ်ပြီး ဆိုင်ကယ်ကိုရပ် ဦးထုပ်ကို ချွတ်ပြီး ကုန်းအော်လိုက်တာ
သစ္စာဖောက်မကြီး---ခင်ဗျားဟာ ကျုပ်အတွက်တော့ ထာဝရသည်းစားဘီလူးမကြီးပဲဗျ----တဲ့
ဗိုလ်အောင်ဒင်နဲ့ မမြဝင်းကတော့ သတိတောင်မထားမိကြပါဘူး တစ်ယောက်က နားမှာ ဖုန်းကပ်ပြောလို့၊ တစ်ယောက်က နားကြပ်နဲ့ ငြိမ့်လို့၊ ပေါင်ကို တစ်ချက်ခြင်းပုတ်ပြီး ယို့ ယို့ နဲ့ ခေါင်းကလည်းညိတ်လို့၊ စည်းချက်တောင် လိုက်နေလိုက်သေး၊ သူတို့ ဖီလင်နဲ့ သူတို့ ပျော်ပြီး ဟုတ်နေလိုက်ကြတာ ဦးဘချစ်ခမျာမတော့
လေးနှစ်ပြည့်ခဲ့တာ ဆိုက္ကားလေးပေါ်မှာ ဟိုကောင်ကြီးနဲ့ယှဉ်တွဲလျက်ပေါ့ဟာ
အချစ်ဆုံးကိုလေတစ်ခါ နောက်ဆုံးအနေနဲ့ ကိုယ်ကြည့်မိတယ်ကွာ----
----ဆိုတဲ့ သီချင်းကို ပေါက်ကွဲရင်း ဆိုနေရှာတယ်----ပြီးတော့---သူ--စကားလေး တစ်ခွန်း မချိတင်ကဲ ရေရွတ်လိုက်တယ်
ခုတော့ ဘယ်တတ်နိုင်တော့မလဲ မမြဝင်းရယ်--သည့်အတွက်----ကိုကိုချစ် ကျေနပ်ပါတယ်---ကွယ်--- ကျေနပ်ပါတယ်-----တဲ့။

No comments:
Post a Comment