Feb 15, 2016

[ မတူ မတူ မတူ--ဘယ်အရာမှ မတူ၊ မော်ဒယ်လ်ဂဲနဲ့ နှုတ်ခမ်းမွေးလူ ]


ကွာလိုက်တာနော်
ဘာကွာတာလဲ
မော်ဒယ်လ်ကောင်မလေးတွေနဲ့
သူတို့နဲ့ ဘယ်သူ ကွာတာလဲ
ငါနဲ့
ဘာဖြစ်လို့လဲ
အော်---ကြားဘူးတာပါ--သူတို့လေးတွေများ၊ ဟောတော့်---ဖုန်းဘေလ် ကုန်သွားပြီ---ချိတ်ညစ်လိုက်တာ---ပိတ်သတ်ကြီးရေ မီးကိုချစ်တယ် ခင်တယ်ဆိုရင်---ဘေလ်လေး ပို့ပေးကြပါလားညော်--မီး ဖုန်းနံပါတ်က---အဲလိုတင်လိုက်တာတဲ့--မကြာပါဘူး--တင်းတောင် တင်းတောင် နဲ့ တက်လာ လိုက်တာ---ဝယ်ထည့်ရင်တောင် အဲလောက် မရဘူးဆိုပဲ-
အဲဒါနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ
တုံးပါ့ကွာ--ငါလည်း အဲလို--မနေ့ညက တင်လိုက်တာ
အဲတော့---တင်းတောင် တင်းတောင်နဲ့ ဝိုင်းထည့်ပေးကြရောလား
အင်း--ဘယ်လိုပြောမလဲ--ဘေလ်တော့ဟုတ်ဘူး--ဂျင်းပဲ အထည့်ခံလိုက်ရတယ်
ဖြစ်မှ ဖြစ်ရလေ---ဘယ်လိုထည့်ကြတာလဲ
တစ်ယောက်က သေဂျင်းဇိုး--ဘေလ်ကုန်ရင်လည်း အေးဆေးအိပ်တော့တဲ့
နောက်တစ်ယောက်က နင့် ထည့်ပေးရအောင်---ပိုက်ဆံက တွင်းထဲက နှိုက်ယူလို့ ရတဲ့ဟာ မဟုတ်ဘူး မသာရဲ့---တဲ့
ငါတောင်---တိုင်းသုံးနေရတာ---နင့်ရှိရင် ငါ့ဆီ လွှဲပေးဦးတဲ့ နောက်တစ်ယောက်က
အဲဒါဘာပြောတာလဲ နားလည်ဘူးတဲ့---တစ်ယောက်က
ငါ ထီပေါက်ရင် တစ်ထောင်ကဒ် ဝယ်ပေးမယ်တဲ့ နောက်တစ်ယောက်က တက်လာပြန်ရော
တစ်ယောက်ကလည်း မက်ဆေ့ခ်ျပို့ပြီး 700 ချေးလိုက်လေတဲ့
ဟုတ်သားပဲ--မင်းကလည်း အဲလို မချေးဘူးလား
မရလို့ပေါ့ဟ
မရတော့လည်း ဟိုတစ်ယောက်ပြောသလို စောစော အိပ်လိုက်ပေါ့ကွာ
အကျင့်ဖြစ်နေတော့ မအိပ်တတ်ပြန်ဘူး
မအိပ်တတ်ရင်လည်း ငုတ်တုတ်ထိုင်နေလေ
ထိုင်နေတာပဲလို့
အင်း---ဒါဆို--နောက်ဆို ဒီလိုလုပ်ပါ့လား ဖုန်းဘေလ် ထည့်ပေးတဲ့နည်း
လုပ်ပါဦး ဘယ်နည်းလဲ
သင်တန်းတက်လိုက်
ဘယ်သင်တန်းလဲ
ခင်စန်းဝင်း သင်တန်း
သေဂျင်းဇိုး၊ ငါ့ပုံစံနဲ့---ဖြစ်မလား၊ နှုတ်ခမ်းမွှေးကြီးနဲ့ ၊ နင်သာ တက်---မသာမရဲ့
ဘာဖြစ်လဲဟ၊ နှုတ်ခမ်းမွှေးကြီးပါတော့ ပိုတောင်ကောင်းသေး၊ ဒါမှ ဘာဂျာဘရွတ်
ဖွီ-----------------ပါးစပ်ကျက်သရေတုံးတာ၊ တော် တော်

No comments:

Post a Comment