Feb 15, 2016

[ ဘုရားစူးရပါစေ့ရဲ့ဗျာ တကယ် တကယ် မသိဘူး]


ဘယ်လိုပဲ ပြောပြော အပြောခံပါ့မယ်၊ အမှန်အတိုင်း ဝန်ခံရရင်
မဲပေးတဲ့ အချိန်က ဘယ်သူ ဘယ်ဝါ ဆိုတာ တကယ်ကို မသိခဲ့ပါဘူး
မဲရေတွက်တဲ့အချိန်သွားကြည့်တော့မှ--
အော်--ပြည်သူ့လွှတ်တော်အတွက် ငါထုပစ်ခဲ့တာ-
ဒေါက်တာလှဖေတဲ့လား
အော်-အမျိုးသားလွှတ်တော်အတွက် ငါထုပစ်ခဲ့တာ
ဒေါက်တာသန်းဝင်းတဲ့လား
တိုင်းဒေသကြီးအတွက် ငါထုပစ်ခဲ့တာ
ဒေါက်တာ အောင်ကျော်ဦး တဲ့လား
တကယ် တကယ် အဲဒီအချိန်ကျတော့မှ သိတော့တာပဲ၊
ဟုတ်တယ်လေ--လူတူမရှား နာမည်တူမရှား၊ နာမည်က တူချင်တူနေဦးမှာ
အမှတ်တံဆိပ်က---အင်း---လိုတူမရှား ဂိုတူမရှားဆိုပေမယ့်
ဘာပဲပြောပြော---အဲဒါတော့ မှားကို မမှားခဲ့ဘူး၊ ဒုန်း ဒုန်း ဒုန်း-----
အဲဒီအချိန် ဆရာမလေးတွေကို သိပ်သနားတာပဲ
ပြီးရင်--အိပ်တဲ့အခါမှာများ ဒေါက်တာဆိုပြီး ယောင်အော်နေမလားတောင် မသိဘူး---
မဲစာရွက်က နာမည်မို့သာပေါ့ အနီးအနားမှာများ ရှိနေလို့ကတော့---အဲဒါ ငါ့နာမည်ဟဲ့ ဘာလို့ ဒေါက်တာ့နာမည် အော်ရတာတုန်း ဆိုတော့လဲ
ဆရာမလေးကလည်း ပြန်ပြောလိမ့်မယ် ထင်ပါတယ်
ဒါဖြင့် ဘာလို့ လိပ်လို ငုတ်ငုတ်သွားပြီး တစ်ချက် တစ်ချက်မှာ အသက်ထထ ရှူရသတုန်း----လို့ အော်ထည့်လိုက်မှာပေါ့ နော ဆရာမလေးရာ---

No comments:

Post a Comment