Feb 15, 2016

[ မှတ်မှတ်ရရ ဟာသ ပြက်လုံးများ ] (မဗေဒါ)


မဗေဒါရေ ဟေးမဗေဒါ မဗေဒါ လာဦးဟေ့ အိပ်ရာတွေ နောက်မှ သိမ်းကွာ
ဟား ဟား ဟား အိပ်ရာတွေ နောက်မှ သိမ်းဆိုတော့ မင်းက တည်းခိုခန်းက ဒလဝမ်လားကွာ
ဟောသည်ကောင် တစ်လုံးမှ မခံဘူး
ငါမခံဘူး မင်းခံပါ့လား၊ မင်းမခံ မင်းမိန်းမလွှတ်လိုက်၊ အလတ်ကြီးရှိသေး၊ ဒီပွဲမှာ ဘာလို့ လိုက်မလာတာလဲ၊ မနေ့ညက ပွဲတုန်းက တွေ့လိုက်ရတယ်၊ ဟင်း ဟင်း ဟင်း ရင်တွေခုန်လိုက်တာ သွားခေါရာ
ကိုယ့်မရီးကို၊ ကိုယ့်အစ်မကို၊ ကိုယ့်ဆရာသမားကို စော်ကားတယ်
အလကားပြောတာပါ ပြက်လုံးအရမို့ ရယ်စရာပြောတာပါ ကိုယ့်အစ်ကိုရဲ့မိန်းမ ကိုယ့်ဆရာရဲ့မိန်းမ နှုတ်နဲ့ စော်ကားမိတာတောင် ငရဲကြီးလှ၊ မင်းမိန်းမ ငါ အလကားရတောင် မယူပါဘူး
ဘာ ဖြစ် လို့
ဘုရားမှာ ဆုပန်ထားတာ ပျက်သွားမှာပေါ့
မင်းက ဘယ်လို ဆုပန်ထားတုန်း
ဒီတစ်သက် ဖာသည် မယူဘူးလို့-----
တိန်
(ဒို့ညီအစ်ကိုအငြိမ့်--ချိုတူး၊ သာလောင် အမှတ်တရ)

No comments:

Post a Comment