[ မှတ်မှတ်ရရ ဖြစ်ပုံများ ]
မြို့ကွက်သစ်များ တိုးချဲ့ပြီးစ ကာလ
အချိန်က ည ၁၀ နာရီ ဝန်းကျင်
လျှပ်စစ်မီးတိုင်မရှိ၊ လရောင်ကင်းမဲ့၊ မှောင်မိုက်လွန်းသောည
နှစ်ယောက်သား ညနေခင်းကို မြိုချအပြီး
စမ်းတဝါးဝါး၊ ဒယီးဒယိုင်---နှင့် ပြန်ခဲ့ကြ
ကိုဘခိုင်
ဟေး
အခု ဘယ်သွားနေတာလဲ
အိမ်ပြန်နေတာလေ
အိမ်ပြန်တာရော ဟုတ်ရဲ့လားဟ
ဟုတ် ပါ တယ် ဟ
သိပါဘူး ဝန်ရိုးစွန်း အထိများ သွားနေသလားလို့
မင်းကလဲ သည် လောက် မှောင်နေတဲ့ဟာ လမ်းကလည်း မင်းမြင်တဲ့အတိုင်း
မင်းမြင်တဲ့အတိုင်း မလုပ်နဲ့ ဘာမှ မြင်ရဘူး၊ သေချာလည်း ရှေ့ကသွားဦး
မြောင်းထဲကျ ရေတိမ်နစ်မသေဘဲ မြွေကိုက်လို့ ကိစ္စချောနေကြဦးမယ်
အေးပါ---
သေချာတယ်နော် ကိုဘခိုင်
ဘာကိုလဲ
အိမ်ဘက် သွားနေတယ် ဆိုတာ သေချာလားလို့ မေးနေတာ
ဓူဝံကြယ် ကြည့် သွားနေတာပါကွာ မလွဲလောက်ပါဘူး
မလွဲသာ မလွဲတယ် ခါတိုင်း စက်မှုကျောင်းထိပ်ကနေ
လျှောက်ရင် မိနစ် ၂၀ လောက်ဆို ရောက်နေတဲ့ဟာ ခု ကြာလှပြီဟ လုပ်ဦး
အေးကွာ ငါလည်း အရှေ့ထဲဆိုပြီး လျှောက်တာပဲ ဘာလို့ အိမ်က ရှာမရ ဖြစ်နေတာလဲ မသိဘူး
ဟာ--ဟိုမှာ အင်းခရု ဘုရားကြီး မအေဘေး ခွေးမသား ဘခိုင် တလွဲကြီး
လျှောက်လာတယ်
ဟာ ဟုတ်ပါရဲ့ကွာ ငါလည်း ဓူဝံကြယ် ကြည့်ပြီး လျှောက်လိုက်တာ အရှေ့ထဲမဟုတ်ဘဲ မြောက်ထဲ ဖြစ်သွားတယ် ပြန်လှည့်ကြစို့---

(တစ်ရံရော အခါက ----ကိုဘခိုင်သူငယ်ချင်းဖြစ်သော ကျနော်၏ အဖေသို့ အမှတ်တရ၊ နှစ်ယောက်သား ကောင်းရာ ဘုံမှာ ပျော်စံနိုင်ကြပါစေ)
No comments:
Post a Comment