Feb 15, 2016

[ တန်ဆောင်မုန်း နဲ့ စတုဒီသာ ]


ဂျပန်နိုင်ငံ ကားထုတ်လုပ်သော ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရှိချုပ်က--သူ့တပည့် တစ်ယောက်ကို ပြောသည်
ငါလေ--အခု ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်
ဘာ များ လဲ ဆ ရာ
ငါ ကားတွေလည်း အမျိုးမျိုး ထုတ်လုပ်ခဲ့တယ် ဒါ မင်းသိတယ်နော်
ဟုတ် သိပါတယ်ဆရာ
ဆိုင်ကယ်ဆိုလည်း ဘယ်လို တီထွင်ရမလဲ ဈေးကွက်ကို ဘယ်လိုဖောက်ရမလဲ ငါ့အတွက် မခက်ခဲဘူးဆိုတာ သိတယ်နော်
ဟုတ် အဲဒါလည်း သိပါတယ်ဆရာ ဒါနဲ့ ဆရာ အခု ဘာဖြစ်နေတာလဲ
ငါ စဉ်းစားရကျပ်ပြီး ဦးနှောက် စားနေတဲ့ကိစ္စတစ်ခုကွာ
ဘာတွေများ တီထွင်မရ ဖြစ်နေတာလဲဆရာ ပြောပြလေ အားလုံးဝိုင်းပြီး စဉ်းစား ပေးလို့ ရတာပေါ့
မဟုတ်ဘူးကွ ခုဟာက ငါတီထွင်ထုတ်လုပ်မှာ မဟုတ်ဘူး သူများတီထွင် ထားတဲ့ဟာ၊ ငါမလုပ်နိုင်တဲ့အရာကြီး သူတို့ တီထွင်ထားတာ အဲဒါကို ငါ အံ့သြနေတာ ညညလည်း ဒါပဲတွေးပြီး အိပ်မပျော်တဲ့ ညပေါင်းလည်း များပြီ ဘယ်လိုများ လုပ်သလဲဆိုတာကို ခုထိလည်း အဖြေမပေါ်ဘူးကွာ ဟင်းးးးးး
ဘယ်လို စက်မှုကိရိယာများလည်း ဆရာရယ် ဆရာ့လို လူမျိုးကို အိပ်မပျော်နိုင်အောင် တီထွင်ထားတယ်ဆိုတဲ့ အရာကြီးက ဘာများလဲဆရာ
စက်ကိရိယာဟုတ်ဘူးကွ
ဟင်--ဒါဖြင့် ဘာလဲဆရာ
ဒီနေ့ သူတို့ဆီမှာ တန်ဆောင်မုန်းလပြည့်နေ့တဲ့၊ အဲဒါ စတုဒီသာအနေနဲ့ မုန်းလုံးတွေ ကျွေးလိုက်ကြတာကွာ ပျော်စရာကြီးကွာ ပျော်စရာကြီး
အဲဒါ မြန်မာနိုင်ငံလား ဆရာ
အေးလေကွာ
အဲဒါနဲ့ ဆရာ ဦးနှောက်စားတာနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲဆရာ
ပတ်သက်တာပေါ့ကွာ---အဲဒီမုန့်လုံးအလယ်ခေါင်ထဲမှာ ထန်းလျက်ဆိုတဲ့ အချိုဓာတ်ပါတဲ့ အခဲလေးတွေလည်း ထည့်ထားတယ်ကွာ၊ အဲဒီ ထန်းလျက်ကို အလယ်ခေါင်မှာ ဘယ်လိုများ ထည့်သလဲဆိုတာ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်၊ ထည့်တဲ့ အပေါက်လည်း ငါ ရှာမတွေ့ဘူး----ငါ ရူးတော့မယ်ထင်တယ် ဟင်းးးးးတစ်ကယ်တော်တဲ့ သူတွေပါကွာ----တစ်ကယ် တကယ်----

No comments:

Post a Comment