Feb 15, 2016

[ ရိုးရာမူပိုင် လှည်းနွားပြိုင် ]
ဟိုင်း
ဟိုင်း
ဟိုင်း-----ယား
ယောက်ျားဘသား
ဇာနည်ဘွားဟေ့
ဖေ့သားညီနောင်
ရွှေနွားမောင်တို့
ဦးဆောင်ရှေ့က
ပန်းဝင်ရမယ်
ဒါမှ---ဖေ့သား
ပြည့်ရွှေနွားကွ
ဟိုင်းယား------။
လက်ဝဲနွားပြာ
လက်ယာနွားစိမ်း
လည်ဘိဘီးလုံး
မိုးထစ်ချုန်းမျှ
အုန်းအုန်းညံပွက်
ကျောက်ကြိတ်စက်နှယ်
ရှစ်ချက်ခွာစုံ
မြေသို့တုန်အောင်
ကဆုန်စိုင်းပြင်း
လေမှာခွင်းသွား
နတ်မြင်းလားသို့---။
ပြိုင်ဘက်လှည်းဦး
ရှေ့သို့ကျူးရန်
စိတ်ကူးအားစိုက်
သို့စဉ်ခိုက်တွင်
နောက်၌ပြတ်ကျန်
ဖြတ်၍ချန်ရင်း
ဘုန်းကံလှည်းရှင်
အို--လှည်း--ရှင်--သည်
အောင်ပွဲဆင်ရန်
ပန်းဝင်ခဲ့လေပြီတကား--------။
(ရကန်အမျိုးအစား လေး-သုံး-နှစ် ပုံစံဖြင့်ရေးဖွဲ့ထားခြင်းပါ---)
၁၉၉၃-ခုနှစ် အထက်မြန်မာပြည် မြန်မာ့ရိုးရာ နွားလှည်းနှင့်နွားအလှပြိုင်ပွဲ
မန္တလေး ဆင်ဖြူကန်ကွင်း၊ တက္ကသိုလ်အဆင့်---နှစ်သိမ့်ဆု(၁)ရရှိခဲ့တဲ့
ကျနော့်ကဗျာလေးပါ--အမှတ်တရအနေနဲ့တင်ခြင်းဖြစ်ပါသည်
အဲဒီတုန်းက----ဆုတော်ငွေ--ငါးရာကြီးများတောင် ရခဲ့သဗျို---
တကယ်တော့----ကြွားလုံးထုတ်ခြင်းသာဖြစ်ပါသည်---
နေနှင့်ဦး---နောက်မှ အဲဒီဓာ့ပုံပြန်ရှာပြီး--ထပ်ကြွားဦးမယ်---ငိငိ--

No comments:

Post a Comment