အ ငှီး ငှီး ငှီး
ဟ ငွား ငွား ငွား
ဟ ငွား ငွား ငွား
လက်တစ်ဖက် ခါးထောက်ပြီး ပါးစပ်က ဘာသံတွေ ထွက်နေတာလဲ
အာာာာာ ဦးလေးကလည်းဗျာ ရယ်နေတာဗျ ရယ်နေတာ
ငင်--အဲဒါ ရယ်တာ--မင်းရယ်တာကလည်းကွာ လူရယ်သံလည်း မပေါက်ဘူး
စားတယ်ဗျာ တကယ်စားတယ် ဦးလေးဘာမှ မသိရင် အသာနေစမ်းပါ ဒီမှာ လေ့ကျင့်နေတာ အရှိန်ပျက်တယ်
လေ့ကျင့်နေတယ်
အမ်း
အင်းလုပ်ပါဟ အမြင်ကပ်အောင် မလုပ်စမ်းပါနဲ့ ဘာကို လေ့ကျင့်နေတာလဲ
ဟောဗျာ--အရယ်လေ့ကျင့်နေပါတယ်ဆိုမှဗျာ
ဘာအတွက်လဲ
ရပ်ကွက် ဘုရားပွဲမှာ တက်နွှဲမလို့
လူကြမ်းပေါ့
ဦးလေး လာမဂွမ်းနဲ့ဗျာ ကျနော့်ရုပ်က လူကြမ်းရုပ်ဖြစ်မလားဗျ
ဒါဖြင့် ဗီလိန်
အတူတူပဲဗျ အတူတူပဲ
ဟင်--ဗီလိန်နဲ့ လူကြမ်းက အတူတူပဲလား
ပိန်းတယ်ဗျာ---ဦးလေး ငြိမ်ငြိမ်မနေရင် ငြောင်းတော့ဗျာ
ဘယ်နေရာက သရုပ်ဆောင်မှာလည်းကွ ပြောစမ်းပါဦး
မင်းသားပေါ့ဗျ မင်းသား
ဟေ မင်းက မင်းသား ဟား ဟား ဟား ဟား
အဲဒါဘာဖြစ်ရတာလဲ---လာကျစ်နေတာလား
ဟုတ်ပါဘူးဟ ငါ့ဟာငါ ရယ်တာ မရယ်ရဘူးလား
အလကားနေရင်း မရယ်နဲ့ ရယ်စရာလည်း ဘာတစ်ခုမှ မပါဘူး
အေးပါ အေးပါ ဒါနဲ့ ဟို အီးတော့ လွှတ်လွှတ်လပ်လပ် ပေါက်လို့ ရပါတယ်နော်
ဘာဗျ----
အီးလေ အီးတော့ လွှတ်လွှတ်လပ်လပ် ပေါက်လို့ ရလားလို့
မရဘူး--ဟိုနားမှာ စာရေးထားတယ် ဤနေရာတွင် အီးပေါက်ရန်--တဲ့
တယ်----စနစ်ကျပါလား
တော်ပီဗျာ--ဒီမှာ လေ့ကျင့်ရဦးမယ် ဘယ်နားတောင် ရောက်သွားမှန်းမသိဘူး
ဘယ်နားမှကို မရောက်သေးဘူး မင်းလူလို မရယ်တဲ့နေရာရှိသေးတယ်
အော် အင်း---ဦးလေး မရှုပ်နဲ့ ပွဲရက်က ကပ်နေပီ---ဗျ
အေးပါအေးပါ---လုပ်ပါ မင်းအလုပ် မင်းဆက်လုပ်ပါ
ဆရာကြီး ဆရာကြီးကို ကိုယာမဟာက မကျေနပ်ဘူးတဲ့
ငင်--ဟေ့ကောင် မင်းဟာ ဘာဇာတ်ထုပ်လဲ
ပြန်အောင်ဒင်ဗိုလ်လာပြီလေ
သေနာလေး ငါလုပ်လိုက်ရ ဗိုလ်အောင်ဒင် ပြန်လာပြီမဟုတ်ဘူးလား
အင်း ဟုတ်တယ်---
ယာမဟာက ဘယ်သူလဲ
ဗိုလ်အင်ဒုံရဲ့တပည့်လေ
ရာမ လုပ်ပါ မင်းဟာ ယာမဟာဆိုတော့ ဆိုင်ကယ်နာမည်ကြီး
အာာာာ ဦးလေးဘာမှ မသိဘဲ ပြောနေပြန်ပါဘီ---ရှေးရှေးတုန်းကနဲ့ မတူတော့ဘူးဗျ ခေတ်တွေ အရမ်းမီသွားပြီ ခေတ်သစ် ဗိုလ်အင်ဒုံ ဇာတ်လမ်း ပြန်ခင်းကြမှာ---ရှင်းလား
အော် အင်း အင်း
ငှင်းငှင်းငှင်း သန်းရင် သန်းရင် နင့်လင် သိပ်မိုက်တယ်
သန်းရင်က ဘယ်သူလဲကွ
အာရှုပ်ပြန်ပီ---ယာမဟာ့ မယားလေဗျာ
သိန်းရင်ပါကွာ
ပြောပြီးပြီလေဗျာ---အဲဒါ ဇာတ်ထုပ်ထဲက သိန်းရင် ခုဟာက ကျနော်တို့ ဇာတ်လမ်း သန်းရင်---သန်းရင် ခင်ဗျားကြီး ဘာနားလည်လို့လဲ
အေးပါမောင်ရာ မသိလို့ ပြောမိတဲ့ဟာကို လူများ ထသတ်တော့မလား မင့်ဟာက
ကျနော် တင်းလာပြီ ဦးလေး
တင်းရင် လျှော့ပေါ့ကွ ဘာခက်တာ လိုက်လို့
ဦးလေးကို တင်းနေတာ သွားတော့ဗျာ---ဒီမှာ မုထ်က ပျောက်ပျောက် သွားတယ်
ဆက်လုပ်ပါ ဆက်လုပ်ပါ ဆိုးတော့ မဆိုးဘူးကွ မင်းသရုပ်ဆောင်တာ
တဂယ်ပြောတာလား ဦးလေး
အေးပေါ့ကွ
ဒါဆို ဂွတ်တယ်ပေါ့ ဟာဟ ဆက်ရွိုင်းလိုက်ဦးမယ်
ချ ငါ့ကောင် အားပေးတယ်
ညှင်းညှင်းညှင်း
တစ်မျိုးပြောင်းသွားပြန်ပလား ဖဲပွင့်တွေ ရွတ်နေတာလား အေးပါ အေးပါ မျက်လုံးပြူးကြီးနဲ့တော့ မကြည့်ပါနဲ့ကွာ ငါကြောက်လို့ပါ ဆက်ညှင်းပါကွယ်
ဘယ်ကောင် ဗိုလ်လုပ်ချင်တာလဲ ပြောလေ ပြောလေ ငါ့ကို အံတုလို့ ရမယ် ထင်သလား အံတုလို့ ရမယ်ထင်သလား---ငွင်းငွင်းငွင်း---မင်းတို့လောက်တော့ မဖြုံဘူးကွ မဖြုံဘူး ဗိုလ်အင်ဒုံဆိုတာ သိတယ်နော် ငါ့ကို---ဟေ့ ဒီမှာ ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဗိုလ်အရည်အချင်းနဲ့ ပြည့်စုံ ရတယ်ကွ---ဟောသည် ဖဲပွင့်လေးတွေကို ဟောသည်ဓါးမြောင်နဲ့ တစ်ပွင့်ခြင်း တစ်ပွင့်ခြင်း---
ဟေ့ကောင်--ဗိုလ်အောင်ဒင်ထဲမှာ မဖြုံဘူးဆိုတဲ့ စကား ပါလို့လားကွာ
ဟာာာ သွားပြီ---ကျွတ်ဆင်ဖြစ်သွားပြီ လုံးဝ မုထ် ပျောက်ကုန်ပြီ ဦးလေး
ဘာလဲ
ခင်ဗျားကြီး ပြန်မလား မပြန်ဘူးလား
ဘာလို့ နှင်လွှတ်နေရတာလဲ--ငါ မင်းကို အားပေးနေတာလေကွာ
အားမပေးနဲ့ ရတယ်၊ တောင်းပန်ပါတယ်ဗျာ--ဦးလေး မနှောက်ယှက်ပါနဲ့နော် မင်းသားနေရာက အပြိုင်လုရမှာဗျ---ကိုယ်ကညံ့ရင် နောက်ကောက်ကျသွား မှာဗျ---ပြန်ပါတော့နော် ဦးလေး
ဟေ--အပြိုင်အဆိုင်နဲ့ အရွေးခံရမှာဟုတ်လား
ဟုတ်တယ်
ဒါဆိုလည်း အရှုံးပေးလိုက်ပါ့လားကွာ---ဒိပြင် လူကြမ်းနေရာဖြစ်ဖြစ် ဟာသ သရုပ်ဆောင်ဖြစ်ဖြစ် ဝင်လုပ်လိုက်ပါ့လား အဲဒါကမှ မင်းနဲ့ လိုက်ဦးမယ်
ကိုင်း--ခင်ဗျားကြီးတော့ ပါးစပ်နဲ့ ရှင်းလို့ ရမှာ မဟုတ်တော့ဘူး ဒီဓါးမြောင်က ဖဲပွင့်ကို မစိုက်ဘဲ ခင်းဗျားဗိုက် စိုက်လိုက်မှ အေးမယ် ကိုင်း
အောင်မလေး---ဒါလေး ပြောမိတာ စိတ်ဆိုးစရာလား----ခွေးသဒေါင်းဇားရယ်---ဟေဟေ့ ရွာအပြင် ပြေးပဟေ့
No comments:
Post a Comment