အနောက်တိုင်း အရှေ့တိုင်း ဂီတတူရိယာမှန်သမျှ အကုန်တီးတတ်တယ်
ဘာတီးတီး--အသံမြည်တာပဲရှိတယ်---ဘာသံစဉ်မှ မရှိဘူး
ဘာတီးတီး--အသံမြည်တာပဲရှိတယ်---ဘာသံစဉ်မှ မရှိဘူး
သီချင်းလည်း ဆိုတတ်တယ်
ဆိုတဲ့သီချင်းတိုင်း ကီး မကိုက်ဘူး---နားညီးလည်း မတတ်နိုင်ဘူး
ဆိုတဲ့သီချင်းတိုင်း ကီး မကိုက်ဘူး---နားညီးလည်း မတတ်နိုင်ဘူး
အင်္ဂလိပ်စကားလည်း ပြောတတ်တယ်
ကိုယ် ပြောတဲ့အင်္ဂလိပ်စကား ဘယ်သူမှ နားမလည်ဘူး
ကိုယ် ပြောတဲ့အင်္ဂလိပ်စကား ဘယ်သူမှ နားမလည်ဘူး
သူတို့ ပြောတဲ့ အင်္ဂလိပ်စကား နားထောင်တတ်ပါတယ်
---ပြောတဲ့ အဓိပ္ပါယ်တော့ တစ်လုံးမှ မသိဘူး---
---ပြောတဲ့ အဓိပ္ပါယ်တော့ တစ်လုံးမှ မသိဘူး---
အင်္ဂလိပ်စကားတင်လား ဘယ်ဟုတ်မလဲ
ဘာသာပေါင်းစုံ အကုန်နားထောင်တတ်ပါတယ်
ပြောခဲ့တဲ့အတိုင်း---ဘာတစ်ခုမှ နားကို မလည်ဘူး
ဘာသာပေါင်းစုံ အကုန်နားထောင်တတ်ပါတယ်
ပြောခဲ့တဲ့အတိုင်း---ဘာတစ်ခုမှ နားကို မလည်ဘူး
ပါဠိဘာသာလည်း ဖတ်တတ်တာပဲ
မထူးဘူး---ဖတ်တတ်တာပဲ ရှိတယ် အနက် အဓိပ္ပါယ် သိကို မသိဘူး
မထူးဘူး---ဖတ်တတ်တာပဲ ရှိတယ် အနက် အဓိပ္ပါယ် သိကို မသိဘူး
ကားမောင်းတတ်လား မမေးနဲ့
မောင်းတတ်ပါ့လို့ပဲ ပြောလိုက်မယ်
မောင်းခိုင်ကြည့်လေ
အုတ်နံရံ ဝင်အောင်းရင်တော့ မတတ်နိုင်ဘူး
မောင်းတတ်ပါ့လို့ပဲ ပြောလိုက်မယ်
မောင်းခိုင်ကြည့်လေ
အုတ်နံရံ ဝင်အောင်းရင်တော့ မတတ်နိုင်ဘူး
ခွင့်ပြု လက်ခံမယ်ဆို
မီးရထား၊ သံချပ်ကား၊ ရေငုပ်သင်္ဘော လေယာဉ် မည်သည့် ယာဉ်မဆို တက်မောင်းဆို မောင်းပါ့မယ်
ကယ်ဆယ်ရေးတော့ ကြိုတင် အဆင်သင့်ပြင်ပေးထားဘို့ လိုမယ်
မီးရထား၊ သံချပ်ကား၊ ရေငုပ်သင်္ဘော လေယာဉ် မည်သည့် ယာဉ်မဆို တက်မောင်းဆို မောင်းပါ့မယ်
ကယ်ဆယ်ရေးတော့ ကြိုတင် အဆင်သင့်ပြင်ပေးထားဘို့ လိုမယ်
ပန်းချီလည်း ဆွဲတတ်တယ်
ဘာပုံလဲလို့ လာမေးရင် ပါးချိတ်ကော်သတ်ပစ်မယ်
ဘာပုံလဲလို့ လာမေးရင် ပါးချိတ်ကော်သတ်ပစ်မယ်
ရေခဲသေတ္တာ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း မှန်သမျှ အကုန် ပြင်တတ်တယ်
မယုံ တစ်ခုလောက် အပ်ကြည့်
ပြန်ကောင်းတယ်ဆို ကြိုက်သလို လုပ်
မယုံ တစ်ခုလောက် အပ်ကြည့်
ပြန်ကောင်းတယ်ဆို ကြိုက်သလို လုပ်
တီဗီ ဗွီအိပ်ခ်ျအက်စ် အကုန် ကျွမ်းတယ်
ဝမ်းတန်းကို တူးတွမ်တီး ပါဝါ ထိုးလိုက်မိလို့ မီးကျွမ်းသွားတာ ပြောတာ
ဝမ်းတန်းကို တူးတွမ်တီး ပါဝါ ထိုးလိုက်မိလို့ မီးကျွမ်းသွားတာ ပြောတာ
ကွန်ပျူတာလည်း သိလိုက်တာပဲ
သိတယ်ပြောတာ တတ်ယောင်ကား အဆင့် သိပ် နားမလည်ဘူး
သိတယ်ပြောတာ တတ်ယောင်ကား အဆင့် သိပ် နားမလည်ဘူး
ဒါဖြင့်--
ဘာ သောက် သုံး ကျ သ လဲ မ မေး နဲ့
အဲ့ဒါနဲ့တင် ဗိုလ်အောင်ဒင်ကွ ဗိုလ်အောင်ဒင်----ငှဲ ငှဲ ငှဲ
ဘာ သောက် သုံး ကျ သ လဲ မ မေး နဲ့
အဲ့ဒါနဲ့တင် ဗိုလ်အောင်ဒင်ကွ ဗိုလ်အောင်ဒင်----ငှဲ ငှဲ ငှဲ
No comments:
Post a Comment