Feb 15, 2016

[ လာမပြောနဲ့ ကုမုဒြာ ဖတ်ပြီးသား ]


ဟိုးတုန်းကလိုတော့ မဟုတ်တော့ပါဘူး
ဖားပြုတ်ကိုက်တာတဲ့ဟေ့ ဆိုလည်း အဟုတ်မှတ်ပြီး သွားကြည့်ကြ
ဟုတ်သလားဆိုတော့ မဟုတ်ဘူး ပြန်လာတော့ လမ်းကနေလှမ်းမေးကြ ဖြေတဲ့သူက ခလုတ်တိုက်တာ ပြောတော့လည်း တရုတ်ရိုက်တာ ဖြစ်ပြန်ရော----
အဲဒါနဲ့ ဘယ်မှာလဲ ဘယ်သူလဲ ဘယ်လိုနေလဲ ဘာဖြစ်သွားလဲ စသဖြင့် တစ်ယောက်ကအစ အများ ဆိုသလို တစ်စ တစ်စ လူစု လူဝေးဖြစ်လာ၊ အဲဒီကနေတစ်ဆင့်----ဘာမဆိုင် ညာမဆိုင် အခြားအကြောင်းအရာဘက်ကို လမ်းကြောင်းပြောင်းသွားကြတာပဲမဟုတ်လား
စပ်စုချင် သိချင် မြင်ချင်တဲ့စိတ်ကနေ စကြတာပါပဲ၊
စကားပြောတယ်ဆိုတာ (သီချင်းဆိုတာကလွဲလို့)၊ တစ်ယောက်ထဲ ပြောလို့ သိပ်ကောင်းတာ မဟုတ်ဘူး ဂေါက်နေတယ် အပြောခံရမယ်လေ၊ နားထောင်သူနဲ့ ပြောသူ ပြောသူနဲ့ နားထောင်သူရှိမှ ပြောခြင်းအရာမြောက်တယ်လေ၊
ဟောပြောတာကြတော့ တစ်ယောက် နှစ်ယောက်လောက်နဲ့လည်း ဟောလို့ ပြောလို့ မကောင်းပြန်ဘူးလေ လူစု လူဝေးရှိမှ ပြောလို့ ဆိုလို့ ကောင်းသလို ရန်ဖြစ်တယ် ဆိုတာလဲ ထိုနည်းပါပဲ ဘယ်မှာ တစ်ယောက်ထဲ ရန်ဖြစ်တာ တွေ့ဘူးလို့လဲ၊ တွေ့ဘူးပါ့ ဆိုရင်လည်း ဘေးလူ အဖျင်ရကျပ်တာနဲ့ပဲ အဲဒီဖြစ်နေတဲ့ကောင်ဟာ သောက်ရူး အပြောခံရမှာပဲပေါ့၊
ပြသနာတက်တယ်ဆိုတာ တစ်ယောက်ထဲ မတက်ပါဘူး လူများမှ တက်လို့ကောင်းတာပါ၊
ကောလဟာလကြောင့် လူများရင် သိပ်သတိထားဘို့ကောင်းပါတယ်
ဒါဟာ----ပြသနာဖြစ်ဘို့ စနက်တံတစ်ခုရဲ့ အစကို မီးတို့ထားလိုက်ခြင်းပါဘဲ။
မဟာမုနိဘုရားကြီးမျက်ရည်ကျ
ဟော----လုပ်လာပြီ----
သွားကြသေးလား၊ အထိတ်တလန့်ဖြစ်သေးလား---ခလုတ်တိုက်တာကနေ တရုတ်ရိုက် ဖားပြုတ်ကိုက်တဲ့အဆင့်အထိ ရောက်သေးလား---
ဘယ်ရောက်တော့မလဲ---အသိဥာဏ်က ခပ်တုံးတုံးတွေမှ မဟုတ်တော့တာ
စောမေတို့က နောကိုကျေလို့----အတွေ့အကြုံက စကားပြောလာတော့လည်း ရိုးဟိုးဟိုး နေကြပေါ့နော-- ခံရပေါင်းလည်း များနေမှတော့ အရေက ထူယုံမက အသားမာတောင် တက်နေပေါ့၊
(နည်းနည်းတော့ လန့်နေရပါသေးသည်)
သတင်းကွန်ယက် မြန်ဆန်မှုနဲ့ အတွေးအခေါ်တွေ ရင့်ကျက်လာမှုတွေ ကလည်း ပြသနာမီးစကို မကြီးထွားခင်ကတည်းက ရေနဲ့ ငြိမ်းပစ်သလို လုပ်နိုင်ခဲ့ကြပြီလေ၊ ဆင်ခြင်တွေးဆ နိုင်ခဲ့ကြပြီလေ----
(တော်တော်လေးကို လန့်နေရပါသေးသည် အကျင့်က ခပ်ပါပါ ဖြစ်နေတာလည်း ပါမယ်ထင်ပါသည်)
သည်နေ့ သည်အချိန်မှာ အတိတ်မကောင်းဘူး နိမိတ်တွေ ဆိုးရွားနေတယ် စတဲ့ ဗေဒင်တွေရော ကိန်းဂဏန်းတွေရော ခေါင်းနပမ်းကြီးလုနီး ဖတ်ရ မှတ်ရ ကြားသိနေရတဲ့အချိန်---ပြီးတော့---ဟိုကလည်း သွေးချောင်းစီးလိမ့်မယ် သည်ကလည်း သွေးချောင်းစီးလိမ့်မယ်နဲ့ လန့်နေရတဲ့အထဲ--ဟော---
မဟာမုနိဘုရားကြီးမျက်ရည်ကျ သတင်းက ဝုန်းကနဲ ပြန့်လာတဲ့အခါ ရင်ထဲထိတ်ခနဲ
ဖြစ်ကုန်ကြ---- ဒီ့အတွက် ယတြာအနေနဲ့ အိမ်ရှေ့ ဖယောင်းတိုင် ၃ တိုင်ထွန်းကြပါဆိုလို့ ထွန်းလိုက်ကြ---နဲ့ အသည်းတထိတ်ထိတ် ရင်တဖိုဖို---ဒါ ပေ မယ့်
ကျေးဇူးတင်ဘို့ကောင်းတာက---
ဒီသတင်း မမှန်ပါ
မဟုတ်ပါ
ဘာမှ မဖြစ်ကြပါနဲ့
ကွန်ပြူတာနဲ့ဖန်တီးပြီး အထိတ်တလန့်ဖြစ်အောင် ဖန်တီးတာပါ
ဆူပူလာအောင် လုပ်တာပါ စတဲ့ စတဲ့----ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သတင်းမီဒီယာ ကွန်ယက်တွေက ချက်ချင်း တင်ကြ အသိပေးကြ ဖြန့်ဝေကြ--တော့ ဘာပဲပြောပြော----စိတ်အေးပြီး ဝမ်းသာသွားတော့ အမှန်ပါပဲ၊
ဘယ်လို မလုပ်ပါနဲ့
ဘယ်လို နေပါ
သတိဝီရိယ ရှိပါ
အေးအေးဆေးဆေးနေပါ
လုပ်ဆောင်ရမည့် အချက်များက သည်လို
ကျင့်ကြံရမည့် ပုံစံက ဤကဲ့သို့----
ဆက်သွယ်ရေး အင်ဖော်မေးရှင်းသတင်း တွေက ဟိုးယခင်ကလို ဖြစ်တဲ့နေရာ--ဆိုင်ကယ်လေးနဲ့--ထုတ် ထုတ် ထုတ် ထုတ်---နဲ့ သွားစရာ မလိုတော့---အမှား အမှန်ကို အိမ်ထဲမှာ အေးအေးဆေးဆေး ထိုင်ရင်း ခွဲခြမ်းလာနိုင်ခဲ့ကြပြီ---
ကောလ ဟာလကြောင့် လူစု လူဝေး မဖြစ်ခဲ့ရင် ဘာမှ ဖြစ်စရာ အကြောင်းမရှိပါဘူး
အိမ်ထဲမှာနေရင်း---COC ကို ဆော့ရင်း သတင်းတွေကို ဖတ်လို့ရနေပြီ---
ပညာရှင်များ ပြေးကြည့်ရင် တွေးကြည့်တာထက် မှန်---တဲ့ခေတ်မဟုတ်တော့ပါဘူး၊
ပညာရှိတွေ ဖြစ်ကုန်ကြပါပြီ
ပညာတတ်တွေ ဖြစ်နေကြပါပြီ
ပြေးကြည့်စရာ မလိုတော့ပါဘူး--တွေးကြည့်လိုက်တာနဲ့ ခွဲခြားတတ်နေကြပါပြီ
အင်း--ခက်တာက
မီး မီး ဟေ့ ဆိုရင်တော့--ကိုယ်အိမ်က ပစ္စည်းလည်း မသယ်
ဝိုင်းဝန်းပြီး သွားငြိမ်းမှာလည်း မဟုတ် ၊ ဆေးလိပ်မီးတို့ချင်လို့ဆိုရအောင်လည်း တို့တဲ့ကောင်ကိုယ်တိုင် ဖားကင် ငါးကင်လို့ အကင်ခံလိုက်ရနိုင်တယ်လေ
ဒါပေမယ့်
ဆိုင်ကယ်လေး ဖုန်းထိုင်း ဖုန်းထိုင်း စီးရင်း----ပြေးကြည့်နေသေးတာကတော့---
မပြောတတ်တော့ဘူး-----
(ပြသနာဖြစ်အောင် မဟုတ်သတင်းလွှင့်သူ တင် သူများကို ရှုံ့ချပါသည်
ပြသနာ မဖြစ်အောင် အသိပေး သတိပေး သူအားလုံးကို ကိုယ်နှင့် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လေးလေးစားစား ဂါရဝ ပြုပါသည်)

No comments:

Post a Comment