ငါ့ အဖေ ဘယ်သူလဲ
ဒါတော့---မင့်အမေကိုယ်တိုင် အသိဆုံးနေမှာပေါ့
ငါ့ အမေကရော ဘယ်သူလဲ
ရူးနေလား--ကိုယ့်မွေးတဲ့ အမေတောင် မသိရအောင်
လူမျိုးအနေနဲ့ကရော --ဘာလူမျိုးလဲ--ငါက
ကိုယ့်ရုပ်ကိုယ် မှန်ပြန်ကြည့်လေ---သိချင်ရင်
အရပ်ထဲမှာ--ငါ ဆိုတဲ့အကောင် ရှိနေသေးတယ်ဆိုတာရော သိကြရဲ့လား
မရှိရအောင် မင်းက သေရွာ သွားနေလို့လား
အိမ်နဲ့ယာနဲ့ နေတာတော့ ဟုတ်ပါတယ်နော် ငါက
ခု--ဘယ်ဇရပ် ဘယ်လမ်းဘေး နေနေရလို့လဲ
လူရာမသွင်းရအောင် ငါက နူနေလို့လား ဝဲနေလို့လား
အနေအထိုင်ဆင်ခြင်ရင် ရောဂါဆိုတာ ကုလို့ ရပါတယ်
ရှင်းနေတာကြီးကတော့ မကောင်းပါဘူး
ဟေ့ကောင် ဘာရှင်းတာလဲ--ရှင်းရှင်းပြော ရှုပ်အောင် မလုပ်နဲ့ ဘာလဲ
ငါ့ဟာငါ စဉ်းစားနေတာ
ဘာစဉ်းစားနေတာလဲ
ငါ့အဖေ ဘယ်သူလဲ ဆိုတာ
ဒါတော့---မင့်အမေကိုယ်တိုင် အသိဆုံးနေမှာပေါ့လို့ ပြောပီးဘီလေ
အင်း--ဒါဆို ငါ့အမေကရော ဘယ်သူလဲ
အာာာ--အပ်ကြောင်းထပ်လာဘီ၊ ဘာဖြစ်နေတာလဲသာ ပြောတော့
ဇဝေဇဝါ ဖြစ်နေတာ
ဘာဇဝေ ဇဝါ ဖြစ်တာလဲလို့
ငါက ဘာလူမျိုးလဲ
ကွာ--ဒီကောင်---ကိုယ့်ရုပ်ကိုယ် မှန်ပြန်ကြည့်လို့ဆို
အရပ်ထဲမှာ အခုထိ ငါ နေထိုင်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်နော်
တော်ပြီ--ဂျာလည်ခတ်တယ်ဆိုတာ ဒါပြောတာနေမှာ--ကြာရင် ငါပါ ဂေါက်လိမ့်မယ်
မဟုတ်ပါဘူး---နဝေတိမ်တောင်ဖြစ်နေလို့ ကိုယ့်ဟာကိုယ် ပြန်မေးနေတာ မင်းက ဝင်ရှည်နေလို့
ကဲ---မရှည်တော့ဘူး---လိုရင်းတုံးတိသာ ပြောတော့ ဘာလဲ
ငါ့နာမည် မဲစာရင်းထဲမှာ ပါမလာလို့
တိန်----
No comments:
Post a Comment