-----အဲဒါ ရှေးလူရွှင်တော်ကြီးများ ရွတ်ဆိုခဲ့တဲ့ ရင်းကြီးလေးရင်း၊ နောက်--အကွဲကြီးသုံးကွဲ အတွဲကြီး သုံးတွဲဆိုတာ ရှိသေး
ဘယ် လို တုန်း
မမလေး လာမယ်ဆို လမ်းကွဲက ကြို
တစ်ကွဲ
မမလေး ကြိုတဲ့လှည်းရယ် ဘီးဆက်က ကွဲ သုံးကွဲ
နှစ်ကွဲရှိသေးတယ် နှစ်ကွဲရှိသေးတယ် ဘယ့်နှယ် သုံးကွဲရတာလဲ
ဟောဗျာ သုံးကွဲပါဟ သေချာနားထောင် မမလေးလာမယ်ဆို လမ်းကွဲကကြို
တစ်ကွဲ
မမလေး ကြိုတဲ့လှည်းရယ် ဘီးဆက်က ကွဲ သုံးကွဲ
နှစ်ကွဲ နှစ်ကွဲ
သုံးကွဲပါဟ
နှစ်ကွဲ ဘယ်မှာတုန်း တစ်ကွဲက
မမလေးကို ကြိုပါတယ်လို့ ဆိုနေမှကွာ
အော ဒလိုလား--ဒါဆို သုံးကွဲမကဘူး လေးကွဲ
ဘယ့်နှာကြောင့်
လှည့်တဲ့ဘက်က နွားက နွားမကြီး
ဒါဖြင့် လေးကွဲတောင် မကဘူး ငါးကွဲ
ဘာဖြစ်လို့
လှည်းအောက်မှာ ခွေးမလေး ပါလာတယ်
ဟင် ဒလိုဆို ငါးကွဲမကဘူး ခြောက်ကွဲ
ဘာလို့
လှည်းမောင်းတာ မိန်းမကြီးကွ
အကွဲပေါင်း တစ်ထောင်
ဟ များလှချည်လား
လှည်းပေါ်မှာ ပဲကြီးလှော်အိတ်ကြီး တင်လာတာကွ
တစ်ထောင်နဲ့ တစ်ကွဲ
ဘာလို့
ပဲကြီးလှော်အိတ်ထဲမှာ ကြွေပုပ်စေ့လေး တစ်စေ့ ကပ်ပါလာသေးတယ်

(လေဘာတီမမြရင် နှစ်တစ်ရာပြည့် ဦးပေါစံ၊ ဦးသိန်းဆု၊ ဦးဒီပါ၊ ဦးချစ်စရာ(မန္တလေး) အမှတ်တရ)
No comments:
Post a Comment