Feb 15, 2016

[ ထပ်တူ ခံစားမှု ]

အမှန်အတိုင်းဝန်ခံရရင်
မြန်မာ U23 ဘောလုံးအသင်းကို အားပေးနေရတဲ့စိတ်မျိုး ခံစားမိနေသလားလို့
ကိုယ့်မြန်မာအသင်းဆိုတဲ့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အားပေးနေရတာ
အလိမ်အခေါက်နဲ့ ဘောလုံးကျွမ်းကျင်မှု နည်းပညာရပ်ပိုင်းမှာ သူတို့ကို ကိုယ့်မြန်မာ အသင်းက မမီဘူးလေ---
ရိုးသားစွာ ကြိုးစား ယှဉ်ပြိုင် တက်လှမ်းလာတဲ့ တို့မြန်မာ ဘောလုံးအသင်းကွ အောင်ကို အောင်ရမည် နိုင်ကို နိုင်ရမည်ဆိုတဲ့ စိတ်ဓာတ်နဲ့----အားပေးခဲ့ပေမယ့်---တကယ်တန်း ကစားပေါက် အလိမ်အခေါက်တွေကြားမှာ တို့မြန်မာ ဘောလုံးအသင်း တောင်ခံနိုင်ခဲ့တာ ပထမပိုင်းအထိပဲလေ၊ နည်းဗျူဟာပိုင်းဆိုင်ရာ မယှဉ်သာတော့လည်း ၃ လုံးဆိုတဲ့ ရလာဒ်ကို လက်ခံလိုက်ရတဲ့နောက် ရင်ထဲမှာ မကောင်းလိုက်တာ၊ ဒါပေမယ့်---တို့မြန်မာပြည်သူအားလုံးရဲ့ ချစ်ခင်မှု၊ ချီးကျူးသြဘာပေးမှုတွေကို တို့မြန်မာ U23 ဘောလုံးသမားလေးတွေ လက်ခံရရှိခဲ့တယ်လေ၊
နည်းဗျူးဟာပိုင်း မယှဉ်နိုင်မှု အတွေ့အကြုံနည်းပါးမှုတွေကြောင့် အရှုံးဆိုတဲ့ ရလာဒ်ကို လက်ခံလိုက်ကြရပေမယ့် တို့ပြည်သူတွေရဲ့ ချစ်ခင်မှု အားပေးမှု ချီးကျူးဂုဏ်ပြုမှုတွေကတော့ ပထမဆုဆိုတဲ့ ဆုလာဘ်ထက် ပို တန်ဘိုးကြီး ခဲ့တယ်မဟုတ်လား၊
ခု---လည်း ဘယ်လို ဖြစ်မှန်းမသိဘူးကွယ်
အဲသလို ခံစားမှုမျိုး--ပေါ်လာတော့ စိတ်ထဲမှာတောင် ထင့် ခနဲ ဖြစ်နေမိပါရဲ့
ဟူး--------------

No comments:

Post a Comment