Feb 15, 2016

[ မှတ်မှတ်ရရ ဟာသများ ]


သည်ကျောင်းက ကိုယ်တော်များ မင်းဘာမှတ်လို့တုန်း ဟိုတစ်နေ့က တင်ပျဉ်ခွေထိုင်လျက်ကြီး မြေကြီးနဲ့ နှစ်တောာင်လောက် လွတ်နေတာဗျာ
ဟင်---ဒါဆို---ဈာန်သမာပတ်ဝင်စားပြီး ဈာန်ကြွနေတာနေမှာဟ
ဟုတ်ဘူး-- ကုတင်ပေါ် သူ့ဟာသူ ထိုင်နေတာ
ငင်
အောင်မယ်---မင်းကိုယ်တော်က ဘာဟုတ်သေးတုန်း--ကိုယ်ရင်ကြီး တစ်ပါး ကမှ တကယ်ဗျာ
ကိုယ်ရင်ကြီး ဘာဖြစ်လဲ ပြောစမ်း
ဘာဖြစ်ရမလဲ ဝါးနှစ်ရိုက်လောက် အမြင့်မှာဗျာ လွှားလွှား လွှားလွှားနဲ့
ဟား--အဲဒါကမှ တကယ့် ဈာန်အစစ်
အေး ငါလည်း အံ့သြလွန်းလို့ ကိုရင်ကြီးဘုရား ဈာန်များရနေသလား လို့ မေးတော့
ဟုတ်ဘူးတဲ့ ကျောင်းရေတံလျှောက်ပျက်လို့ တက်ပြင်နေတာတဲ့
ငင်
credit to: မန္တလေးအငြိမ့်မှ

No comments:

Post a Comment