Feb 15, 2016

[ လေလံ ]


တောက်--သွားပါပြီကွာ--ဘယ်လိုမှ မရတော့ပါ့ဘူး
ပါသမျှ အကုန် လိုက်တာကို မမီဘူးဖြစ်နေတယ် ခက်တာပဲ
မင်း ဘယ်လောက်အထိ အားကုန်လိုက်ထားလဲ
နှစ်ထောင်အထိ လိုက်သေးတယ်
လက်ရှိ ဘယ်လောက်အထိ ပေါက်နေပြီလဲ
တစ်သောင်းအထိ ပေါက်နေပြီ
ဟင်---မင်းဟာကလဲ မမှီရင် မလိုက်နဲ့တော့ပေါ့ နောက်တစ်ခု ကိုယ်နဲ့ မှီတဲ့ဟာမှ ဆွဲလေကွာ
ဒီပစ္စည်းက တစ်ကယ့် အဖိုးတန်ပစ္စည်းကွ---ငါ သိပ်မြတ်နိုးတယ်၊ ဒီလိုလုပ် မင်း ငါ့ကို ငွေချေးကွာ ငါဆက်လိုက်မယ် မရ ရအောင် ယူမယ်
အေးလေ မင်းလိုက်ချင်တယ်ဆိုလည်း ယူလေ အဲ ဒါပေမယ့် ဖြစ်နိုင်လောက်ဘူးကွ ငါ့မှာလည်း မီးကုန် ရမ်းကုန် အားလုံးပေါင်းမှ ငါးထောင်တောင် ပြည့်ပါ့မလား မသိဘူး ဘယ့်နှယ်လုပ်မလဲ
ဟာ--သေလိုက်ပါတော့ကွာ--ဘယ့်နှယ်လုပ်ရပါ့
ဘယ်နှယ်မှ မလုပ်နဲ့ ပစ္စည်းလည်း လိုချင်သေးတယ် ငွေ အလုံလောက်လည်း ကိုယ့်မှာ မရှိဘူး ဒီကြားထဲ သူများဆီက ချေးပြီး လိုက်တာတောင် မမှီဘူးဆိုတော့ သေချာတယ် သူငယ်ချင်း မင်း ဒီ ပစ္စည်းနဲ့ မထိုက်တန်လို့သာ မှတ်လိုက်တော့ ရှင်းလား---သတိပေးမယ် ဆက်မလိုက်နဲ့ သူ့အိုးသူ့ဆန် ဝန်နဲ့အား မြားနဲ့လေး ချင့်ချိန်ပြီးမှလုပ် ဇွတ်လုပ်ရင် ဒုက္ခ ရောက်တတ်တယ် သူငယ်ချင်း---စိတ်လျှော့----လိုက်ပါတော့

No comments:

Post a Comment