Jan 24, 2016

[ မှတ်မှတ်ရရ ---------များ ]

[ မှတ်မှတ်ရရ ---------များ ]
ဖိုးကျော်
ဟုတ်
ဇဉ်း ဇာဂနာ ပေ တူ ညှပ်
ဟုတ်
ဘုရားတုတ် ငုတ် ပြုတ် နောက်လှည့်ကြည့် မရှိ ဆိုသလိုမျိုး
အဖေက အဲသလို စကားလုံးအတိုတွေနဲ့ ပြောလေ့ရှိပါတယ်
တံဇဉ်း ဇာဂနာ ပေခုံ တူ ညှပ်ကောက် အဆင်သင့် လုပ်ထား သူ လုပ်ငန်းခွင် ဝင်တော့မယ်ပေါ့လေ၊
ဖိုးကျော်
ဟုတ်
ရှူ ဖွာ ရှပ် လောင် တို ပစ်
ဆေးလိပ် သောက်မလို့ မီးတို့ ခိုင်းတာပါ
အဲဒီကအစ---------ကျနော် ဆေးလိပ် သောက်တတ်သွားတာပါပဲ---
ကောင်းကို မကောင်းတဲ့အဖေ
သည်လောက် ကောင်းတဲ့ ဆေးလိပ်ကို အစကတည်းက မတို့ခိုင်းဘူး
မကောင်းတာတော့ သေတဲ့အချိန်အထိ မကောင်းတဲ့အဖေရယ်ပါ
သေတဲ့အချိန် ကိုယ့်သားသမီးကို ဆက်ဆံလိုက်ပုံများ
မျက်နှာသေကြီးနဲ့လေ---------ဟွန်း
(ဖားသားကြီး သို့ အမှတ်တရ-----------)

No comments:

Post a Comment