[ ကိုယ့်ဟာကိုယ် ထောင်းတော့ သက်သာတာပေါ့--------နော]
ဒီမယ်
မင်း တဲ အီ ကင်း ဆို တာ နယ် နယ် ရ ရ များ မှတ် နေ လား
ရာ ဇ ဝင် တွေ ဘာ တွေ ထည့် မ ပြော သေး ဘူး----

လက်ရှိ အခြေအနေလေးတင် ပါးပါးလေး ပြောပြမယ်
ယုံမလားတော့ မသိဘူး--------
ယုံမလားတော့ မသိဘူး--------
ဖုန်ဘလေ ဘောလုံးကွင်း တစ်ကွင်း ရှိတယ်
(တစ်ကွင်းလုံး ဖုန်တွေ ထနေလို့)
(တစ်ကွင်းလုံး ဖုန်တွေ ထနေလို့)
ရှက်ကီ ယူနိုက်တက် အသင်းတွေ အများကြီး ရှိတယ်
(ကစားသမား အားလုံး၏မျက်နှာများ ဖောသွပ်ဖောရောင်)

တာရိုး နှစ်ထပ်ကွမ်း ကြီး ရှိတယ်
(တစ်ခုက အဟောင်း ၊ တစ်ခုက အသစ်)
(တစ်ခုက အဟောင်း ၊ တစ်ခုက အသစ်)
တာရိုးအသစ်ကြီးအနောက်ဘက် ဘေးမှာ ချောင်းအစွယ် မြောင်းငယ်ကြီး ရှိတယ်
(ဧရာဝတီမြစ်လက်တက်ခွဲ၊ ကျောက်သပိတ်ချောင်းလို့လည်း ခေါ်ကြတယ်၊
ဟိုးတုန်းကတော့ ရေကျချိန်မှာလည်း ချောင်းပီပီသသ ခေါ်လို့ရအောင် ရေများများစားစား ရှိပေမယ့် ခုနေအခါမှာတော့ ဘဲနှစ်ကောင်တောင်
အတော် ရှောင်ယူနေရပါသည်)

မြစ်ရိုးတစ်လျှောက် စီးပွားရေး လုပ်ငန်း ပေါင်းစုံ ပေါမှပေါ
မယုံဘူးလား
google earth ကနေ zoom ဆွဲပြီး ကြည့်လိုက်စမ်းပါ
ဖွေးဖွေးဖြူ နေတဲ့ လှိုင်းခေါင်းဖြူကြီးတွေအလား မြင်ရပါလိမ့်မယ်
မြစ်ချောင်း နားဘေး ဆိုတော့ ရေလှိုင်းဖြူကြီးတွေလို့ ထင်နေတယ်
မဟုတ်လား၊ ပေ ၅၀၀ အောက် ဆက်ဆွဲလို့ မရတော့ဘူးဆိုရင်
လူကိုယ်တိုင် လာကြည့်လိုက်စမ်းပါ
ပီနံအိတ်တွေ ရေလျှော်ပြီး နေပူလှန်းထားတာ ကိုယ်တိုင်ကိုယ်ကျ
တွေ့မြင်သွားရင် မအံ့သြဘဲ မနေနိုင်ဘူး ဖြစ်သွားပါလိမ့်မယ်၊
ရင်သက်ရှုမော ခံစားသွားရပါလိမ့်မယ်၊

google ကကောင်တွေ ကောင်းကင် ဓာတ်ပုံရိုက်တော့ မြန်မာပြည်သည်
အံ့ဖွယ်သရဲ ထူးကဲမှု အပေးဆုံး နိုင်ငံ ဆိုပဲ
ပထမတစ်ကြောင်း ရိုက်အပြီး နောက်တစ်ကြောင်း ရိုက်တဲ့အချိန်မှာ
အရင်ပုံနဲ့ နောက်ပုံ ဆက်မရတော့ဘူး ဖြစ်ကုန်ပါရောတဲ့
ဘာ လို့ လဲ
အရင်ပုံမှာ အစိမ်းရောင် သန်းနေပြီး
နောက်တစ်ပုံက
မြေကြီးရောင်ကြီး ပေါက်နေလို့ ဆိုပါလား
ဘာဖြစ်တာလဲ
ဘာမှ မဖြစ်ဘူး
သစ်ပင်တွေ ရုတ်ချည်း ပျောက်ကုန်လို့ပဲတဲ့----လေ့လာ တွေ့ရှိချက်တဲ့လေ။

အဲဒါတင် ဘယ်ကမလဲ
ခုပြောတဲ့--လှိုင်းခေါင်းဖြူကြီးတွေလည်း အံ့သြဘနန်း တစ်ခု အပါအဝင်ပေါ့
အိုး မိုင် ဂေါ့
ကြည့်စမ်းဟေ့ အောက်တည့်တည့် (ဂြိုလ်တုပေးပို့ချက်)
ကုန်းတွင်းပိုင်းဖြစ်ပြီး ဘာလို့ ရေလှိုင်းဖြူကြီးတွေ ဖွေးနေအောင် ထနေရတာလဲ၊
ပင်လယ်ပြင်ကြီး တစ်ခုလား၊ ကြီးမားတဲ့ ရေအိုင်ကြီးရဲ့ လှိုင်းတံပိုးတွေလား၊ အဲဒီနေရာ သွားလေ့လာစမ်းဟေ့------စရိတ် ကုန်ချင်သလောက်ကုန်---
ဟော--------တွေ့ သွား ပြီ
ပီ နံ အိတ် အဖြူ ကြီး တွေ ဖြန့်ပြီး နေပူ လှန်း ထား လိုက်တာ အစီအရီ
ဘသားချောတွေ ဟိုက် ဆို သူ့ နဖူး သူ ရိုက် ပြီး
ဖင် ပိတ် ပြန်ပြေးကြပါလေရော
အဲ ဒါ မင်း တဲ အီ ကင်း ကွ နော်------------
ခဏ နားဦးမယ်---------နောက်တစ်ခု ပြောပြချင်သေးလို့ပါ
ကံကောင်းရင်တော့ ဆက်ရန် ဖတ်ကြရမှာပေါ့
ကံမကောင်းရင်တော့ နာရေး သတင်းသာ စောင့်သာ ကြည့်ကြပေရော့
အီကင်းသားတွေ ရိုက်သတ်လိုက်လို့ တစ်ယောက်တော့ ဂန့်သွားပြီဆိုရင်
အဲဒါ ဘယ်သူ့မှ လျှောက်ထင်မနေကြပါနဲ့
အဲဒါ ကျနော်ဖြစ်နေမှာ အသေအချာပါပဲ------
တိန်

No comments:
Post a Comment