Jan 24, 2016

[ မှတ်မှတ် ရရ များ--------- ]

[ မှတ်မှတ် ရရ များ--------- ]
အဖေက ပန်းထိမ်သမားထဲမှာတော့ လက်ရာအတော်ကောင်းတဲ့သူပါ
အထည်တော်တော်များကို လုပ်နိုင်စွမ်းရှိတယ်လေ၊
ရွှေအသားထည်နဲ့လုပ်တဲ့ လက်စွပ် လက်ကောက် ဆွဲကြိုး အပြင်
ကျောက်ထည်ဖြစ်တဲ့ ချယ်နားကပ်အကုန်ရတယ်၊ ကျောက်သားကို စွန်ငုတ်နဲ့ ထိမ်းကုပ်ထားတဲ့ ကျောက်စီလက်စွပ်၊ ကျောက်စီ လက်ကောက်များလည်း လုပ်တတ်တယ်၊
လက်စွပ်တို့ လက်ကောက်တို့မှာ ကနုတ်ပန်းဖော်တဲ့အခါတော့ ဆောက်ဖြတ်လုပ်ငန်းကို တစ်ဆင့် လွှဲအပ်ရပါတယ်၊ အဲသလို အခါမျိုးဆို ကျနော့်ကို ခိုင်းတတ်ပါတယ်၊ မြောက်ပြင် ထားဝယ်အရပ်ဟာဆိုရင် ဆောက်ဖြတ်လုပ်ငန်းကို သီးသန့် လုပ်ကိုင်ကြတဲ့သူတွေ ပေါတဲ့ အရပ်ပါ၊ အဲဒီကို စက်ဘီးလေးနဲ့ သွားပြီး အပ်ရပါတယ်၊
ဆောက်ဖြတ်ခက သိပ်မပေးရပါဘူး၊ အဲဒီခေတ်က ၂၅ကျပ် ၃၀ လောက်ပဲပေးရတာပါ၊
အထည်ငါးမူးသားအပ်ပေမယ့် ငါးမူးသား အပြည့် ဘယ်တော့မှ ပြန်မရပါဘူး၊ အနည်းအကျဉ်း လျော့တတ်ပါတယ်၊ သိပ်အများကြီးလျော့လို့တော့ မဖြစ်ဘူးလေ၊ အဖိုးတန်ရွှေဆိုတော့ တစ်စိတ် တစ်ခြမ်း မပြောပါဘူး၊ နားလည်စွာ လက်ခံနိုင်ပေမယ့် သည့်ထက် များပြီး တစ်ရွေး နှစ်ရွေအထိ လွန်လာရင်တော့ စကားအခြေအတင် ပြောရတတ်ပါတယ်၊
ဆောက်ဖြတ်သမားတွေရဲ့ ဝင်ငွေကလည်း ဆောက်ဖြတ်(ကနုတ်ပန်းဖော်)ပေးခြင်းမှ ရတဲ့ ငွေထက် လွှင့်စင်သွားတဲ့ ဖြတ်စလေးတွေက ပိုပြီး စို့စို့ ပို့ပို့ ရတာမဟုတ်လား၊ လက်ခငွေထက် မိုက်ကို ပိုတန်ဘိုးထားကြတာပါ။
အပ်ထည် တစ်မျိုးစီမှ နည်းနည်းခြင်း ပေါင်းစုလိုက်ရင် သူတို့အတွက် ဝင်ငွေက သေးမှ
မသေးတာ၊ ဒါ့အပြင် ခြောက်လ တစ်နှစ် မိုက်ထုတ်တဲ့အခါမှာလည်း ဝင်ငွေက ရရှိကြ သေးတာလေ၊ တစ်ခါတော့ ပြသနာ တက်ဘူးခဲ့တယ်၊
အပ်တာ ကျနော်သွားအပ်တာပါ၊ တစ်ကျပ်သားနီးနီး ဆွဲကြိုးကုံးကို ပြန်ယူလာပြီး အဖေ့ကို ပေးလိုက်တော့ အဖေက ချိန်ကြည့်ပြီး ဒေါသဖြစ်ပါလေရော၊ လိုက်ရှင်းတော့တာ၊ အကြီးအကျယ် ဖြစ်ခဲ့တာ၊
တစ်ရွေး နှစ်ရွေးအထိ မပြောဘူး ခုဟာက တစ်ပဲ နီးပါး ဖြစ်နေပြီ
ဘယ်လို ပြောပေမယ့် မရတော့ပါဘူး။ ကျနော်က အချိန်ကို သေချာစစ်မယူခဲ့ မိတဲ့အတွက် ကိုယ့်ဘက်က တစ်ပန်း ရှုံးသွားခဲ့ရတာလေ၊
အဖေဆိုတာ ကျနော့်ကို မရိုက်ပေမယ့် မျက်ထောက်နီကြီးနဲ့ ကြည့်ပြီး စိတ်တွေတိုနေလိုက်ပုံများ ကြောက်စရာကြီး၊
မင်းတို့ ဆိုင် ဘယ်တော့မှ မအပ်ဘူး ဆိုတဲ့ စကားပဲ ပြောပြီး သားအဖနှစ်ယောက်
သည်အတိုင်း ပြန်လာခဲ့ကြရတယ်လေ
မှတ်မိပါသေးတယ်၊ အဲဒီတုန်းက---
အဲဒီဆွဲကြီုး----ပြသနာ ဆွဲကြိုးပါပဲ
အစအဆုံး မင်းလုပ်စမ်းကွာဆို----ကျနော့် လုပ်ခိုင်းခဲ့တဲ့ဆွဲကြိုး
အမျိုးထဲက အပ်ထည်ဆိုတော့-----အချိန်ကြာလည်း ဘာမှ မဖြစ်ဘူးဆို ကျနော့်ကို ခိုင်းခဲ့တာ၊ ကျနော်ကလည်း ကျနော်ပါပဲ အလုပ်ကလေးလုပ်လိုက်----လက်ကလေး ဆေးလိုက် အပြင် လက်လား လက်လား ထွက်လိုက်၊ ပြန်လာလိုက် ခုံပြန်ထိုင်လိုက်၊
မီးခွက်လေးထွန်း၊ ကပ်ကြေးနဲ့ ရွှေ အကွင်းလေးတွေ ထောက်ခနဲဖြတ်၊ ဇာဂနာနှစ်လက်နဲ့
တစ်ကွင်းခြင်းကိုင်ချိတ် စေ့သွားတဲ့ အစပ်နေရာကို ဂဟေပန်းကန်ထဲက ဂဟေမှုန်လေးတွေ နားဖာကလော်တံလို ဟာလေးနဲ့ ကော်ပြီး ပုံလိုက်၊ ပြောင်းကောက်လေး ပါးစပ်တပ် ဖူးဖူးနဲ့ မှုတ် မီးပေးပြီး အရည်ပျော်အော် စပ်သွားအောင်လုပ်လိုက်---
ဆွဲကြိုးအရှည် တစ်လက်မသာသာ လောက် ရောက်တာနဲ့ လူက် အား အီး ဆို ထိုင်ရာမှ ထ လက်ကလေး ဆေးလိုက် အပြင် သွားလိုက်ဆိုတော့---ကြာတော့ အဖေက
မျက်စိ စပါးမွှေး စူးလာပုံရပါတယ်---
မင်း ဥစ္စာကကွာ အလုပ် လုပ်တာ နည်းနည်း ထနေတာက များနေတာ ရှိသမျှ ရွှေလည်း အင်တုံထဲကြီးနေမှာပါ---တစ်ကျပ်သား လုပ်တဲ့ ရွှေက တစ်ဝက်မှ ကျန်ပါ့မလား မသိပါဘူး--------တဲ့၊ သြဘာ အပေးခံရပါတယ်၊
ရွှေကွ---ဟင်းရွက်ကန်စွန်းမဟုတ်ဘူး-------ဇွဲနဲ့ နဘဲနဲ့ အလေအလွင့် မရှိအောင်
လုပ်တတ်မှ-----ပေါ့၊ မင်းလို ကောင်မျိုး ပန်းထိမ်သမားနဲ့ မဖြစ်ပါဘူး၊ ဖြစ်လည်း မွဲလို့ကို အတောသတ်မှာ မဟုတ်ပါဘူး ခွီးတဲ့မှပဲ----
တဲ့လေ၊ အင်း---------ပြောရမယ်ဆို အဲဒီ ဆွဲကြိုးက--------ရာဇဝင်နဲ့-------- ချီတယ် ပြောရမယ်၊ြ ပသနာ ပေးတာတော့ မပြောနဲ့ အစကနေ အဆုံးအထိ တောက်လျှောက်ကြီးပါဆိုမှ--
(အမှတ်တရပါ ဖားသားကြီးရယ်----------------)

No comments:

Post a Comment