Feb 15, 2016

[ ပေါ်ကုန်ပီ---]


ဗီဒီယိုပြသော ရုံပေါက်တွင်ဖြစ်သည်။ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော လူက--ပိုက်ဆံထုတ်ပေး၏။
ရော့---နှစ်ပါးတွက်
ငင်----
နောက်မှာ ပါလာတဲ့သူက တံတောင်နဲ့တွက်ရင်း သတိလှမ်းပေးသည်
ကိုယ်တော်--စကားပြောရင် ဆင်ခြင်ပါဆိုမှ
တိန်
credit to: someone

[ မှတ်မှတ်ရရ ဟာသများ ]


ကျောင်းထိုင်ဆတော်ကြီးဆို မနက်မနက် အစောကြီးထ နေထွက်ရာဘက် မျက်နှာမူပြီး ဥဒါန်းကျူးရင့်လိုက်တာများ ----
ဘယ် လို များ ကျူး ရင့်---
အာ ရုံ ဆွမ်း စား မယ် ဟေ့------------
(မန္တလေးအငြိမ့်ဟာသအမှတ်တရ)

[ မှတ်မှတ်ရရ ဟာသများ ]


သည်ကျောင်းက ကိုယ်တော်များ မင်းဘာမှတ်လို့တုန်း ဟိုတစ်နေ့က တင်ပျဉ်ခွေထိုင်လျက်ကြီး မြေကြီးနဲ့ နှစ်တောာင်လောက် လွတ်နေတာဗျာ
ဟင်---ဒါဆို---ဈာန်သမာပတ်ဝင်စားပြီး ဈာန်ကြွနေတာနေမှာဟ
ဟုတ်ဘူး-- ကုတင်ပေါ် သူ့ဟာသူ ထိုင်နေတာ
ငင်
အောင်မယ်---မင်းကိုယ်တော်က ဘာဟုတ်သေးတုန်း--ကိုယ်ရင်ကြီး တစ်ပါး ကမှ တကယ်ဗျာ
ကိုယ်ရင်ကြီး ဘာဖြစ်လဲ ပြောစမ်း
ဘာဖြစ်ရမလဲ ဝါးနှစ်ရိုက်လောက် အမြင့်မှာဗျာ လွှားလွှား လွှားလွှားနဲ့
ဟား--အဲဒါကမှ တကယ့် ဈာန်အစစ်
အေး ငါလည်း အံ့သြလွန်းလို့ ကိုရင်ကြီးဘုရား ဈာန်များရနေသလား လို့ မေးတော့
ဟုတ်ဘူးတဲ့ ကျောင်းရေတံလျှောက်ပျက်လို့ တက်ပြင်နေတာတဲ့
ငင်
credit to: မန္တလေးအငြိမ့်မှ

[ အားလုံး အပြတ်ကို ဆွဲပေးသွားပါမည်---]


ကျွန်ုပ်၏ ဖေ့စ်ဘုတ် မိတ်ဆွေသူငယ်ချင်းများအားလုံးကို
ခင်မင်ရင်းစွဲ ရှိသည့်အတိုင်း
လက်ရာကောင်းသည် ဖြစ်စေ
မကောင်းသည် ဖြစ်စေ
လက်ရာကောင်းခြင်း မကောင်းခြင်းနှင့် မဆိုင်
အမှတ်တရ အနေဖြင့်---ပုံတူ ခဲပန်းချီလေးများကို---လက်ဆောင်ပုံကလေးများ ရေးဆွဲပေးလျက်ရှိရာ--
အချို့လည်း ဆွဲပေးပြီး
အချို့လည်း--မဆွဲရသေး
အချို့လည်း---စိတ်ဆိုးကြ
အချို့လည်း---ကျေးဇူးတင်ကြ
အချို့လည်း--ဆဲကြ----(မတူလို့)
အချို့လည်း ဝမ်းသာ ကြ ပေါ့ လေ
တကယ်ပါ--
အကျွန်ုပ်သည်---မိတ်ဆွေများအားလုံး၏ ပုံတူကို
ဆွဲသား၍ မပြီး မခြင်း ---ဘယ်သောအခါမျှ---အသက်ဇီဝိန် ချုပ်ငြိမ်းလိမ့်မည် မဟုတ်ကြောင်း ရဲရဲကြီး အာမခံပါသည်
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကျန်သွား ချန်ထားခြင်း မရှိရလေအောင်
ဝါသနာပါသော မြတ်နိုးသော တန်ဘိုးထားသော
အကျွန်ုပ်၏ လက်ရာများဖြင့်---ခင်မင်စွာ လက်ဆောင် ရေးဆွဲသွားမည် ဖြစ်ပါသည်။
အကျွန်ုပ်၏---အကောင့်တွင် မိတ်ဆွေ--ငါးသိန်းကျော် ရှိနေသည့်အတွက် အလှည့်မရောက်သေးသည့် မိတ်ဆွေများ သည်းခံပြီး စောင့်၍ နေကြပါကုန်---
ဟ--ဟုတ်မှလည်း လုပ်ပါ--ငါးထောင်ကျော်ရင် fri စာရင်း ပိတ်တယ်ဆို---
ဘာ မှ လာ မ ပြော နဲ့--- မယုံချင်လည်း နေ ကြ--
ဖေ့စ်ဘုတ်တည်ထောင်တဲ့ Mark Zuckerberg-- ဆိုတဲ့ ပုဂ္ဂိုလ်က---အကျွန်ုပ်၏ ဘော်ဘော်---၊
အထူးအနေနဲ့ Fri စာရင်းလက်ခံနိုင်ဘို့--အကျွန်ုပ်အား အုံလီ ဖော်မီ အိုးပင်းဒလဟော ဖွင့်ပေးထားတာ သိလဲ မသိကြဘဲနဲ့---
သူနဲ့ ဘယ် လို သိ ကြ တာ လဲ--မေး မ နေ နဲ့
သူ့အဖွားနဲ့ အကျွန်ုပ်၏ အမေကြီးနဲ့က ဟိုးတုန်းက မိန်းမချင်း
အကျွန်ုပ်နဲ့ကလည်း-----ကျား ထိုးဖော် ထိုးဘက်----
လက်ရည်ချင်း မယှဉ်နိုင်လို့----အဝေးကို လွှင့်ပြီး အနူတော လူချော လုပ်နေရင်းနဲ့ နာမည်ကြီးနေတာ---
နွားတောင် အတူ ကျောင်းခဲ့ကြဘူးတဲ့---ငယ်သူငယ်ချင်းတွေ---ဘာမှတ်လို့လဲ
အဲဒါကြောင့်ပြောတာ---
fri ငါးသိန်းကျော်ပါဆို----မှ
အကုန်လုံးကို တစ်နေ့ တစ်ပုံ လက်ဆောင်ဆွဲပေးမယ်
ပြီးမှ
သေမယ်
ဒါပဲ---
အဲဒါ---ကြိုတင် သိရအောင်လို့ ပြောပေးထားတာ သက်လား
ဆွဲမပေးရစကောင်းလားဆို--စိတ်မဆိုးကြပါနဲ့လေ---
လာ မှာ ပေါ့----အဟက် ဟက် ဟက်
(မှတ်ပြီလားကွ--ဟင်---အဲဒါ ငါ့ကို သူငယ်ချင်း မိတ်ဆွေ နည်းနည်းလေးနဲ့ မွဲအောင် လုပ်ထားဦး)

[ တယ် တော် တဲ့ ငါ ]


အနောက်တိုင်း အရှေ့တိုင်း ဂီတတူရိယာမှန်သမျှ အကုန်တီးတတ်တယ်
ဘာတီးတီး--အသံမြည်တာပဲရှိတယ်---ဘာသံစဉ်မှ မရှိဘူး
သီချင်းလည်း ဆိုတတ်တယ်
ဆိုတဲ့သီချင်းတိုင်း ကီး မကိုက်ဘူး---နားညီးလည်း မတတ်နိုင်ဘူး
အင်္ဂလိပ်စကားလည်း ပြောတတ်တယ်
ကိုယ် ပြောတဲ့အင်္ဂလိပ်စကား ဘယ်သူမှ နားမလည်ဘူး
သူတို့ ပြောတဲ့ အင်္ဂလိပ်စကား နားထောင်တတ်ပါတယ်
---ပြောတဲ့ အဓိပ္ပါယ်တော့ တစ်လုံးမှ မသိဘူး---
အင်္ဂလိပ်စကားတင်လား ဘယ်ဟုတ်မလဲ
ဘာသာပေါင်းစုံ အကုန်နားထောင်တတ်ပါတယ်
ပြောခဲ့တဲ့အတိုင်း---ဘာတစ်ခုမှ နားကို မလည်ဘူး
ပါဠိဘာသာလည်း ဖတ်တတ်တာပဲ
မထူးဘူး---ဖတ်တတ်တာပဲ ရှိတယ် အနက် အဓိပ္ပါယ် သိကို မသိဘူး
ကားမောင်းတတ်လား မမေးနဲ့
မောင်းတတ်ပါ့လို့ပဲ ပြောလိုက်မယ်
မောင်းခိုင်ကြည့်လေ
အုတ်နံရံ ဝင်အောင်းရင်တော့ မတတ်နိုင်ဘူး
ခွင့်ပြု လက်ခံမယ်ဆို
မီးရထား၊ သံချပ်ကား၊ ရေငုပ်သင်္ဘော လေယာဉ် မည်သည့် ယာဉ်မဆို တက်မောင်းဆို မောင်းပါ့မယ်
ကယ်ဆယ်ရေးတော့ ကြိုတင် အဆင်သင့်ပြင်ပေးထားဘို့ လိုမယ်
ပန်းချီလည်း ဆွဲတတ်တယ်
ဘာပုံလဲလို့ လာမေးရင် ပါးချိတ်ကော်သတ်ပစ်မယ်
ရေခဲသေတ္တာ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း မှန်သမျှ အကုန် ပြင်တတ်တယ်
မယုံ တစ်ခုလောက် အပ်ကြည့်
ပြန်ကောင်းတယ်ဆို ကြိုက်သလို လုပ်
တီဗီ ဗွီအိပ်ခ်ျအက်စ် အကုန် ကျွမ်းတယ်
ဝမ်းတန်းကို တူးတွမ်တီး ပါဝါ ထိုးလိုက်မိလို့ မီးကျွမ်းသွားတာ ပြောတာ
ကွန်ပျူတာလည်း သိလိုက်တာပဲ
သိတယ်ပြောတာ တတ်ယောင်ကား အဆင့် သိပ် နားမလည်ဘူး
ဒါဖြင့်--
ဘာ သောက် သုံး ကျ သ လဲ မ မေး နဲ့
အဲ့ဒါနဲ့တင် ဗိုလ်အောင်ဒင်ကွ ဗိုလ်အောင်ဒင်----ငှဲ ငှဲ ငှဲ

{အတော်ခက်တဲ့ အီဒီယမ်}


ဟေ့ မိန်းမ
က-----တော်
ဒီမိန်းမနှယ် ထူးပုံကိုက အိနြေ္ဒ သိက္ခာ ရှိရှိ မထူးဘူး
ကျုပ်ကသိက္ခာနဲ့ မထူးရအောင် ဆပ်စလူးထပြီး ဖာသည်လိုထူးနေလို့လား-ကဲ 
အေးလေ---ခုလည်း ထူးမခြားနားပါပဲ
ဘာပြောတယ်--ဘာကို ထူး မခြားနားတာလဲ ပြော
ကြက်လို ထူးနေလို့လေ--ကြက်လို ထူးနေလို့ ဟ ရှင်းပလား

[ ဘုရားစူးရပါစေ့ရဲ့ဗျာ တကယ် တကယ် မသိဘူး]


ဘယ်လိုပဲ ပြောပြော အပြောခံပါ့မယ်၊ အမှန်အတိုင်း ဝန်ခံရရင်
မဲပေးတဲ့ အချိန်က ဘယ်သူ ဘယ်ဝါ ဆိုတာ တကယ်ကို မသိခဲ့ပါဘူး
မဲရေတွက်တဲ့အချိန်သွားကြည့်တော့မှ--
အော်--ပြည်သူ့လွှတ်တော်အတွက် ငါထုပစ်ခဲ့တာ-
ဒေါက်တာလှဖေတဲ့လား
အော်-အမျိုးသားလွှတ်တော်အတွက် ငါထုပစ်ခဲ့တာ
ဒေါက်တာသန်းဝင်းတဲ့လား
တိုင်းဒေသကြီးအတွက် ငါထုပစ်ခဲ့တာ
ဒေါက်တာ အောင်ကျော်ဦး တဲ့လား
တကယ် တကယ် အဲဒီအချိန်ကျတော့မှ သိတော့တာပဲ၊
ဟုတ်တယ်လေ--လူတူမရှား နာမည်တူမရှား၊ နာမည်က တူချင်တူနေဦးမှာ
အမှတ်တံဆိပ်က---အင်း---လိုတူမရှား ဂိုတူမရှားဆိုပေမယ့်
ဘာပဲပြောပြော---အဲဒါတော့ မှားကို မမှားခဲ့ဘူး၊ ဒုန်း ဒုန်း ဒုန်း-----
အဲဒီအချိန် ဆရာမလေးတွေကို သိပ်သနားတာပဲ
ပြီးရင်--အိပ်တဲ့အခါမှာများ ဒေါက်တာဆိုပြီး ယောင်အော်နေမလားတောင် မသိဘူး---
မဲစာရွက်က နာမည်မို့သာပေါ့ အနီးအနားမှာများ ရှိနေလို့ကတော့---အဲဒါ ငါ့နာမည်ဟဲ့ ဘာလို့ ဒေါက်တာ့နာမည် အော်ရတာတုန်း ဆိုတော့လဲ
ဆရာမလေးကလည်း ပြန်ပြောလိမ့်မယ် ထင်ပါတယ်
ဒါဖြင့် ဘာလို့ လိပ်လို ငုတ်ငုတ်သွားပြီး တစ်ချက် တစ်ချက်မှာ အသက်ထထ ရှူရသတုန်း----လို့ အော်ထည့်လိုက်မှာပေါ့ နော ဆရာမလေးရာ---