Aug 12, 2015

ရယ်စရာ ဟာသ ပြက်လုံးများ 21-25

 [ ရယ်စရာ ဟာသ ပြက်လုံးများ (၂၁) ]
သိန်းဆုရေ
ဟေ
ခု--တို့ကတဲ့ အရပ်က ဘာအရပ်လဲ
သူဌေးတန်းရပ်လို့ ခေါ်တယ်
သူဌေးတန်းရပ်ဆိုတော့ သူဌေးတွေ ပေါမှာပေါ့ ဟုတ်လား
ဒါပေါ့ဟ ပေါစံရ
ငါတော့ မယုံပေါင်
ဘာလို့
ဟ--ခုထိ ဆုတော်ငွေ တစ်ပြားမှ မှ မလာတာ သူဌေးတန်းရပ် ဖြစ်နိုင်ပါ့မလား
မင်းကလည်း---အေးတာနဲ့ ပြန်လို့ အိပ်ကုန်ပေါ့
ဟေ--ဟုတ်ကလား၊ မအိပ်တဲ့သူတော့ ချချင်ချမှာပေါ့ကွာ
မင်း ဘာပြောတာလဲ
ဆုငွေပြောတာပါကွာ မင်းကလဲ--------

(ဦးပေါစံ၊ ဦးသိန်းဆု အမှတ်တရ)

[ ရယ်စရာ ဟာသပြက်လုံးများ (၂၂) ]
သေစကားမပြောနဲ့ မင်္ဂလာရှိတဲ့အချိန် သေစကားမပြောနဲ့
အို လူသေ တစ္ဆေဖြစ် မဆန်းပါဘူးကွာ မင်းကလဲ
လူသေတစ္ဆေဖြစ်ဆိုတော့ မင်းက တစ္ဆေ သရဲ ရှိတယ်ဆိုတာ ယုံတယ်ပေါ့
ဟ--ဘုရားရှင်လက်ထပ် အနာထ ပိန် သူဌေးကြီးရဲ့အိမ်မှာ ပုဏ္ဏကတိုက်သလို ဖြစ်နေလို့ သူဌေးကြီးက မြတ်စွာဘုရားကို လျှောက်တယ် မြတ်စွာဘုရား တပည့်တော်ရဲ့အိမ်မှာ အဲသလို အဲသလိုတွေ ဖြစ်နေပါတယ်ဘုရား ဘာ့ကြောင့် အဲသလို ဖြစ်နေရတာပါလဲ ဘုရားလို့ လျှောက်တော့ မြတ်စွာဘုရားက သူဌေးကြီး မကျွတ်မလွတ်သေးတဲ့ သူတွေက အမျှအတမ်း လိုချင်လို့ သတိပေးတာ အဲဒါတစ်ခြားမဟုတ်ဘူး နင့်အမျိုးတွေ ----ပေတ၀တ္ထု ၀ိမာန ၀တ္ထုထဲမှာ အတိအလင်းကို ပါတာ
တစ္ဆေ သရဲရှိတယ်ဆိုတာ ယုံတယ်ပေါ့
ယုံတာပေါ့ဟ
ဒါ----ဆို မင်း အခြောက်ခံဘူးလား
ငင်
အခြောက်ခံဘူးလား လို့
အင်း ဒီမေးခွန်းဖြေရမှာ အတော် ကျပ်တယ်၊ အခြောက်မခံဘူးပါဘူးဆိုပြန်ရင်လည်း ကိုယ့်စကားနဲ့ကိုယ်၊ ခံဘူးပါတယ်ဆိုရင်လည်း ကိုယ်ညံ့ရာ ကျတော့မယ်၊ နေပါဦး ငါ့တော့ မေးတယ် မင်းကရော အခြောက်ခံဘူးလား
ခံဘူးတယ်
ဘယ်မှာလဲ
တောင်ပြုံးပွဲမှာ--စီးကလက် နှစ်လိပ်တောင် ပေးသွားသေးတယ်

(ဦးပေါစံ၊ ဦးသိန်းဆု--အမှတ်တရ)

[ ရယ်စရာ ဟာသပြက်လုံးများ (၂၃) ]
ဟာ ဟေ့ကောင် နောက်တိုး မင်းသမီးဖင်ကို မရိုက်ပါနဲ့ဟ
ရိုက်တော့ ဘာဖြစ်လဲ ရွှေဗျိုင်းရဲ့
ဒါ တို့ကို လုပ်ကျွေးနေတဲ့ ထမင်းအိုးလေးပါကွာ၊ တော်ကြာ အိုးလေး ကွဲသွားလို့ ငါ တို့ ငတ်နေပါဦးမယ်ဟ
ဟေ---ဒါ အိုး ဟုတ် လား
အေး----
ဒါဆို ငါ့ အိုးခဏ ငှားစမ်း
ဘာလုပ်မလို့တုန်းဟ အောင်စိန်ရ
ငါ---အာလူးလေး ထည့်ပြုတ်ချင်လို့
အားသေးဘူး
ဘာလို့ မအားတာလဲ
ငါ ပဲမြစ်ပြုတ်ထားလို့

(သက်ကြီးအငြိမ့်----ဦးနောက်တိုး၊ ဦးရွှေဗျိုင်း၊ အမယ်ကြီးအို ဦးအောင်စိန် အမှတ်တရ)

[ ရယ်စရာ ဟာသပြက်လုံးများ (၂၄) ]
ငါက ကိုယ်ဟန် အမူအယာနဲ့ သဏ္ဍာန်လုပ်ပြမယ် ကြည့်ပြီး ဘယ်ရုပ်ရှင်ဇာတ်ကားလည်း ဆိုတာ ပြောပြ
ကျနော်တို့က ပြောနိုင်ရင်
လင်ဗန်းနဲ့ ငါ့ခေါင်းဆော်လေ၊ မပြောနိုင်ရင် မင်းတို့ခေါင်း ငါ ဆော်မယ်
စိန်လိုက် ဒါနဲ့ ကျနော်တို့ ဆိုင်ကယ်ဦးထုပ်လေး စောင်းထားလို့ ရမလား
မရဘူး ဒီအတိုင်းအလွတ်၊ ကိုယ့်ထက် အငယ်တွေဆိုတော့ ညှာညှာတာတာ ဆော်ပါ့မယ်၊ ဦးနှောက်ထွက်ရုံလေးပေါ့
ငင်
ကဲ စမယ်--မင်း ဒီနားကို လှဲအိပ်လိုက်စမ်း၊ ဟုတ်ပြီ၊ မင်းသမီးခဏ သမီးက ဒီနားမှာ ရပ်နေ ဒီဘက်လှည့်ထား ဟုတ်ပြီ ငါက ဒီကောင့်ပေါ်ကို ကျော်ပြီး ဟောသလို မင်းသမီးဆီကို ဒိုက်ထိုးဝင်လိုက်တဲ့ကား အဲဒါ ဘာကားလဲ
အောင်မလေး ဒါများ လွယ်လွယ်လေး
လွယ်ရင် ပြောစမ်း
ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်
မှားတယ်
ဂေါင်
ဂေါင် ဂေါင် ဂေါင်
မှတ်ထား ချောင်းကိုပစ်၍ မြစ်ကို ရှာ
နည်းနည်းပဲ လွဲသွားတယ်ကွာ ဘာလို့များချောင်းဘက်က လှည့်မသွားမိပါလိမ့်
ဒါဆို ကျနော်တို့လည်းမေးမယ်
မေးစမ်း
ဟော ကောင်းကင်မှာ လကလေးကသာလို့၊ မိန်းမက ခြင်ထောင်ထဲအိပ်နေတယ်၊ အဲဒါ အသာလေး ဟောသလို ချွတ်နင်း တီးလုံးလေး ဆရာရေ့ ---------------ကဲ ပြောစမ်း အဲဒါ ဘာရုပ်ရှင်ကားလဲ
လွယ်လွယ်လေး၊ သည့်ထက် ခက်တာ လုပ်ပြစမ်းပါဟ
ကဲ ဘာကားလဲ
စနေနေ့ည ကိုးနာရီ
မှားတယ်
ဂေါင်----ဂေါင်--ဂေါင်---ဂေါင်
အား----ဖြည်းဖြည်းလုပ်ကြပါဟ---အိမ်သာခေါင်မိုးလည်း ပြုတ်ထွက်သွားပါဦးမယ် ပြောစမ်း အဲဒီကားမဟုတ်ရင် ဘာကားလဲ
မသေမချင်းမှတ်ထား အဲဒါ တိုက်ပွဲခေါ်သံ---ဂေါင်--
အား---အဆစ်ပါ ထပ်အုပ်သွားပြန်ပီ၊ ကိုင်း ဒီတစ်ခါ ငါ့အလှည့်၊ ငါက မင်းတို့ကို ကျောခိုင်းပီး ထွက်သွားမယ်၊ ငါက သမင်လည်ပြန်လှည့်ကြည့်ပြီး လက်ပြရင် မင်းတို့လည်း ပြန်ပြ အဲဒါမျိုး သုံးလေးခါ လုပ်မယ် ဟုတ်ပလား
မင်းသမီး ကတော့မယ်တဲ့
ရတယ်၊ မကရရင် နေပလေ့စေ၊ ဒီဇာတ်ကားကို ပြီးအောင် ဆက်ပြမယ်၊ ရှင်းလား
ဟုတ်
ကဲ သွားပြီ----(လှည့်---လက်ပြ၊ ၄ယောက်သား ပြန်ပြ၊ တစ်ခါ ၊ နှစ်ခါ--------) ကဲ အဲဒါ ဘာကားလဲ
ဟား သိပြီ--အဖေနှင့်သားများ
မှားတယ်--(ဂေါင်)
ဗိုလ်အောင်ဒင်
မှားတယ်-(ဂေါင်)----ဘာ ဗိုလ်အောင်ဒင်လဲ ဘာမှကို မဆိုင်ဘူး--(-ဒေါင်)
ဦးပေါလုတို့ နှုတ်ဆက်တာလေ တောင်ကုန်းပေါ်ကနေ ဟောသလိုလေး
ဟား ဟား သိပြီ လက်ကလေးပြလို့ နှုတ်ဆက်ပါတယ်
ဂေါင်----အဲဒီလိုဇာတ်ကားမျိုး ကြားကို မကြားဘူးဘူး
ဟား သိပြီ--ရွှေလက်နဲ့ ခေါ်သော်လည်း မလာ အဲဒီကား---အကယ်ဒမီ မြတ်လေး
ဂေါင် ဂေါင် မှားတယ် လုံးဝ မဟုတ်ဘူး
ဒါဖြင့် ဘာကားလဲ ပြော
ဘာကားမှ မဟုတ်ဘူး၊ အဖေ နိုင်ငံခြားသွားလို့ သားတွေ လေယာဉ်ကွင်း လိုက်နှုတ်ဆက်တာ
ဂေါင် ဂေါင် ဂေါင် ဒေါင်----------

(ဦးကျော်ကြား အမှတ်တရ------)

[ ရယ်စရာ ဟာသပြက်လုံးများ (၂၅) ]
လောကမှာ--
အာဏာရူး
ဘ၀င်ရူး
ဥစ္စာရူး
တဏှာရူး
မယားတရူး
လင်တရူး
အရူး အမျိုးမျိုး ရှိတာကို မင်းကျတော့ တစ်မျိုးရူး

ဘယ်လိုရူး
စောက်ရူး
ဟင်--ဒါဆို အရပ်ထဲမှာ စောက်ရူး နှစ်ယောက်တောင် ရှိသွားပီ
တစ်ယောက်က ဘယ်သူလဲ
ခင်ဗျားလေ

ရယ်စရာ ကောင်းသော ပြက်လုံးများ 16-20


[ ရယ်စရာ ကောင်းသော ပြက်လုံးများ (၁၆) ]
ဘဝက အတော်ကို ဆိုးပါတယ်ကွာ အီးတောင် ကျယ်ကျယ် မပေါက်ရဲဘူး
ဘာဖြစ်လို့လဲ
သိပ်လှတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထိုင်စကားပြောနေလို့




[ ရယ်စရာ ကောင်းသော ပြက်လုံးများ (၁၇) ]
---ဟဲ့ ကောင်မလေး လာစမ်း
ဟုတ် ဦး
နင်--အခု ဆိုပီး ကသွားတဲ့ သီချင်းက ဘာ သီ ချင်း
ချစ် သူ ဝိုင်း ဝိုင်း လည်
အောင်မယ်--နင်က ချစ်သူ
ဝိုင်း ဝိုင်း လည် သီချင်းကို ဆိုရအောင် ဘာလဲ နင့်မှာ ချစ်သူတွေ ဘာတွေ ရှိနေပီလား
ရှိတာပေါ့ ဦးရဲ့
ငါ ပါး ပိတ် ရိုက် လိုက် ရ
အမလေး---ဘာ လဲ --- ပါးက အပေါ်မှာလေ ဦး ရဲ့
သိတယ် လျှာမရှည်နဲ့---ဒေါ်ခြုံပြောတဲ့ မှော်ရုံတောကနေ ဖြတ်ပြီး လက်က လာမှာ၊ နေပါဦး--ညည်းက ချစ်သူထားရအောင် အခု အသက်ဘယ်လောက်ရှိပြီလဲ
သမီး အသက် အခု ၁၉ နှစ်
အေး ညည်းက ငါ့ ထက် ကြီး သဗျ
ဘာ လဲ
အသက်လေ ဟာ အသက် အသက်
ဦး အသက်က ဘယ်လောက်လဲ၊ မယုံပေါင်
အဟုတ်ပြောတာ နင်က ငါ့ထက်ကြီးသဗျာ၊ အခု ငါလေ ၁၈နှစ်ကျော်လို့ ၁၉ နှစ်ကလေးထဲကို ဝင်မလို့ ချိန်နေတာ ရွစိကိုတက်လို့--အဟက် ဟက်
နှာ ဘူး ကြီး


[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၈) ]
ပြောလို့ ပြောတာဟုတ်ဘူး ငါတို့ မျိုးရိုးက စာရေးဆရာ မျိုးရိုးကွ
ဟုတ်လား
ငါတို့ အဘိုးဆို ရွှေမန်းတင်မောင် ဇာတ်မှာ နောက်ပိုင်းဇာတ်ထုပ် တစ်ချို့တစ်ဝက်တောင် ရေးဘူးသေးတယ်
တစ်ပုဒ်လုံးလည်း မဟုတ်ဘူး တစ်ချို့တစ်ဝက်တဲ့ ဘယ်ဇာတ်ထုပ်လဲ ပြောပြပါဦး
မင်းကြီးများ---ဘုရား ဆိုတဲ့ ဇာတ်ထုပ်ထဲမှာ ပါတဲ့ စကားလုံးလေ ဒါ့ကြောင့် တစ်ချို့ တစ်ဝက်လို့ ပြောတာပေါ့
အထင်ကြီးစရာ အလွန်ကောင်းဗျား၊ သတ်စေ ဆိုတဲ့ စကားလုံးတောင် မင့်အဘိုး ရေးခဲ့သလားတောင် မသိဘူး
မနောက်ပါနဲ့ကွ၊ ပီးတော့ ဦးလေးဆိုလည်း ခေသူမဟုတ်
ဘယ်လို ခေသူမဟုတ်တာလဲ
ဇာတ်ပွဲရှိပြီဟေ့ဆို သူ့ရေးချက်တွေဆိုတာ မပါမဖြစ်
ဟုတ်လား---ဘာစာတွေများလဲ
ကျား-မ ဆိုတာလေ--နောက်ဖေး မှာ ရေးတာ သူပေါ့
ဖနောင့်နဲ့ ပေါက်ချင်လောက်အောင်ကို အထင်ကြီးလာပဟေ့
နေဦး ရှိသေးတယ်၊ အခု သတင်းစာတွေမှာ အကျိုးပြု စာတွေရေးနေတဲ့သူဆိုတာ ဘယ်သူမှတ်တုန်း
သိဘူး---အဲဒါ ဘယ်သူတုန်း
အဲဒါ ငါ့ ဘကြီး၊ မင်း စာမဖတ်တာ သိသာတယ်၊ အလိမ္မာစာမှာရှိတဲ့ကွ၊ စာဖတ်စမ်းပါ၊ ငါ့ဘကြီး စာတွေ ဖတ်ရရင် မင်း ဖျားသွားမယ်
မင့်ဘကြီးက ငှက်ဖျားအကြောင်းတို့ကြက်တုတ်ကွေး ငှက်တုတ်ကွေး အကြောင်းတွေ ရေးတာမို့လို့လား
မင်းက လှောင်တာလား၊ ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တဲ့ကွ၊ ငါ အကောင်းပြောနေတာ
ဟုတ်ပါပြီ၊ ရှာကျန်ဖတ်ပါ့မယ်၊ ပြောပါဦး ဘယ်လိုမျိုး နိုင်ငံ အကျိုးပြု စာတွေဆိုတာ
မင်းသိတော့ သိမှာပါ ဟိုလေ--သင့်သွေးဖြင့် အသက်ကယ်ပါတို့၊ လူကူးမျဉ်းကျားကကူးပါတို့၊ ဥတုရာသီ တောကိုမှီဆိုတာတွေလေကွ အဲဒါ အကျိုးပြုတွေပဲ ငါ့ဘကြီး ရေးတာ
မင်းဘကြီး ရေးခဲ့တဲ့ အကျိုးပြုစာ ဟား ဟား ဟား ဟား
ဟာ--ဒီကောင်၊ ခက်ပါလား၊ အလကားနေရင်း ရယ်နေတယ်၊ အရူးလားမသိဘူး၊


[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၉) ]
မနက်ဖန်မှာ ငါရန်ကုန်ကို သွားစရာရှိတယ်၊ အဲဒါ ငါ ဒီရက်ပိုင်း စာတိုပေစတွေ တင်နိုင်မယ် မထင်ဘူး
ဝမ်းသာလိုက်တာကွာ--မျက်စိနောက် သက်သာပေါ့ဟ ၊ ဒါနဲ့ ရန်ကုန် ဘာလုပ်
ငါတို့ ဘောစိ မွေးနေ့ အဲဒါ ဖိတ်လို့
မိုက်လှချည်လား----ဘယ်နှစ် နှစ်မြောက်တဲ့လဲ
သိဘူးကွ---ဖိတ် တယ် ဆိုတော့လဲ သွားရတာပေါ့ကွာ
မင်းဟာကလဲ ---အင်း---တကူးတက ဖိတ်တယ်ဆိုတော့ ကြီးကြီးကျယ်ကျယ် လုပ်မလို့နေမှာပေါ့ကွ---ဘယ်မှာ လုပ်မှာတဲ့လဲ
အဲဒါလည်း မသိဘူး
နေပါဦး မင်း ကိုယ့် ဘောစိကိုယ်ရော မြင်ဘူးရဲ့လား၊ သိရော သိရဲ့လား
အင်း--မြင်ဘူးပါတယ် သိလည်း သိပါတယ် ဘာလို့လဲ
အော် တော်သေးတာပေါ့ မင်း မသိတာတွေ များနေလို့
ငါကတော့ သူ့ကို သိတယ်ကွ၊ သူကသာ ငါ့ ကို မသိတာ
နောက်ထပ် မင်း သိတာ ဘာရှိသေးလဲ ပြောပြပါဦး
သိတာ ဘာရှိသေးလဲဆိုတာကို ဘယ်လို ပြောရမှန်းကို ငါမသိဘူး
တိန်---


[ ရယ်စရာကောင်းသော ဟာသ ပြက်လုံးများ (၂၀) ]
အဌာရသ (၁၈)ရပ်ထဲမှာ ဟာသဆိုတာ ပါတယ်ဆို
ပါ တယ် လေ
(၁၈)ရပ်စလုံး မင်းသိလား
သိတာပေါ့
ပြောပြပါ့လား ဘာတွေလဲဆိုတာ

၁။ အကြားအမြင်သုတ အတတ်၊
၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊
၃။ သချာင်္ဆိုင်ရာ အတတ်၊
၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊
၅။ လောကနီတိ အတတ်၊
၆။ ယတြာ အတတ်၊
၇။ ကဗျာ၊ ဂီတ၊ လင်္ကာ၊ ပညာ အတတ်၊
၈။ လက်ပစ် အတတ်၊
၉။ လေးမြှား အတတ်၊
၁၀။ စကားဟောင်း ရှေးကျမ်းဂန် အတတ်၊
၁၁။ ဆေးပညာ အတတ်၊
၁၂။ ရယ်ရွှင်ဖွယ် (ဟာသ) အတတ်၊
၁၃။ ဗေဒင် အတတ်၊
၁၄။ လှည့်ပတ်ဖြားယောင်းတတ်သော မာယာ အတတ်၊
၁၅။ ဆန်းကျမ်း အတတ်၊
၁၆။ သံတမာန် အတတ်၊
၁၇။ မန္တန် အတတ်၊
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ်။

ဟာ တော်လှ ပိုင်လှချည်လား
ပိုင်မှာပေါ့ အကုန် ကူးရေးပြတာကိုး အလွတ်ဆို ဘာမှ မရဘူး
ဟာသဆိုတာ ပညာရပ်တစ်ခုအနေနဲ့ ရှိနေခဲ့တာကိုး
အစစ်ပါပဲ
ဒါနဲ့---ဟာသပညာကို မင်း ဘယ်လို ထင်လဲ
လူသတ်လက်နက်လို့ ထင်တယ်
လူသတ် လက်နက်၊ ဘာ့ကြောင့် အခုလို ပြောရတာလဲ ဟာသဆိုတာ အသက်ရှည်ဆေးဆို
မကြားဖူးဘူးလား တစ်သက်လုံးမှ (၃)ခါပဲ ပြုံးတဲ့ သီလဝါ မင်းသား
အင်း
အဲဒါ နောက်ဆုံး လှတောသားနဲ့ တွေ့ပီး အရယ်လွန်လို့ အူတက်ပီး သေတာလေ
ငင်
နောက်ရှိသေးတယ် အငြိမ့်ပွဲကြည့်ပြီး ရယ်ရလွန်လို့ ပါးချိတ်ပြုတ်ပီး တစ်သက်လုံး စကားမပြောနိုင်တော့တဲ့သူ အဲဒါ ဟာသကြောင့်ဖြစ်တာ
ဟာ ဒုက္ခပဲ----ဟာသက ကြောက်စရာကြီးပဲ
ဒါ့ကြောင့်---သတိပေးထားမယ်--မင်း ငါ့တင်တဲ့စာတွေတို့ ဟို ကိုပြောင်ပြောင်အေး ရေးတင်နေတဲ့ စာတွေတို့ မဖတ်မိစေနဲ့
ဟာသတွေမို့ အရယ်လွန်ပီး သေမှာ စိုးလို့လား
သေမယ် မသေမယ်တော့ မသိဘူး---ပေါကြောင်ကြောင် ဂေါက်တောက်တောက် ဖြစ်မှာတော့ ကျိန်းသေတယ်




ရယ်စရာကောင်းသော ပြက်လုံးများ 11-15


[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၁) ]
စိတ်ချမ်းသာ ပျော်နေချင်လို့ face book မှာ
ရယ်စရာ လေးတွေ တင်နေတာပေါ့ကွ
စိတ်ဆင်းရဲပြီး ငိုချင်စိတ် ပေါက်နေချင်ရင်
ကိုယ့်အိမ်က ဆန်အိုး ကိုယ်ပြန် ငုံ့ကြည့်နေမှာပေါ့ ဟုတ်ဘူးလား




[ ရယ်စရာကောင်းသော ဟာသပြက်လုံးများ (၁၂) ]
မိန်းမ
ဘာလဲ
ငါ ထမင်း အရင်ချိုးရမလား ရေအရင် စားရမလား
တော့်ဟာတော် ကြိုက်တာလုပ်
ဒါဆို ဒီနားလာ
မသာကြီးနော် ဒုတ်ထဲက လက်နဲ့ ပစ်လိုက်လို့ နဖူးမှန်ပြီး ခြေမ ကွဲသွားမယ်
အဲသလို ကွဲရင်လည်း မင်းပဲ မျက်စဉ်းခပ်ပေးရမှာပဲလေကွာ ၊ ဟေ့---မိန်းမ
ခေါ်ပြန်ပီ ဘာ---လဲ
ဟ--ထမင်းစားမယ်လေဟာ ပြင်ပေးဦး တော်ကြာ နင့်အဘ ဗုံးတွေ လာလို့ လေယာဉ်တွေ ပစ်ချနေရင် ထမင်းလေးတောင် စားမသွားရပဲ သေသွားမှာ စိုးလို့ ဟ
မအားသေးဘူး ဒီမှာ အဝတ်လှည်းရဦးမယ် တံမြက်စီး ခေါက်ရဦးမယ် တော့်ဟာတော် နောက်ဖေးမှာ သွားခူးစား
တယ်ခက်တဲ့မိန်းမပဲ ဟော ဟော ကြားလား နင့်အဘ ခွေးဟောင်သံတွေ တဝီဝီ၊ လေယာဉ်သံတွေ တဝုတ်ဝုတ် နဲ့ ကြားလား နားကန်းမရဲ့----
ကြားတယ် ကြားတယ် လုပ်ပါတော့် ခြင်ထောင်မြန်မြန်မှုတ်ပါ
ဒီမိန်းမ ပြောလိုက်ရင် သောက်တလွဲချည်းပဲ၊ အဲဒီနား နေမနေနဲ့လေ၊ သေချင်လို့လား၊ လာ---ဒီအထဲ မီးခွက်ထဲ အသာဝပ်နေ

(ဒါကတော့ ဂျပန်ခေတ်က ကျနော့် ဘကြီး ကိုယ်တိုင် ကျနော့်ကို ပြောပြခဲ့တဲ့ ဇာတ်လမ်းလေးပါ၊ ခက်တာက ကျနော့်ဘကြီး သေတော့ ကျနော်တောင် မမွေးသေးဘူးဆိုပဲ)

[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၃) ]
မင်း----ဘာဖြစ်လို့ အဲသလို သောက်တလွဲတွေ ရေးနေရတာလဲ--တဲ့
ပြန်ပြောလိုက်ပါတယ်
လူသားအားလုံး အကြောပြေဘို့
လိမ်းရွှေဝါကို ထွန်းကြစို့
သူလည်း--ဓာတ်ကူးသွားပုံရပါတယ်
ကမ္ဘာကျော် ရေမွှေးကြီး တန်ဘိုးတွေရဲ့ အထပ်နဲ့
တနံ့ထဲပဲကွာ----တိုက်ကြယ်---ဆိုပြီး ခေါင်းတခါခါ လည် တယမ်းယမ်းနဲ့ ထွက်သွားပါလေရော။


[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၄) ]
သတ္တိရှိတဲ့နေရာမှာတော့ လာမပြောနဲ့--လက်ဝှေ့သမား ရွှေဓူဝံတို့ ဝမ်ချိုင်းတို့ သိမှာပေါ့
သူတို့တစ်တွေဆိုတာ ကျုပ်လက်အောက်က ထွက်သွားတဲ့သူတွေချည်းပဲ
မင်းက--လက်ဝှေ့ဆရာကြီးပေါ့
ဟုတ်ဘူး---ဆံပင်ညှပ်ပေးဘူးတာကိုပြောတာ ဟီး
အဟုတ်မှတ်လို့နားထောင်နေတယ်---သတ္တိရှိတာ ငါမှကွ
ဘယ်လိုရှိတာလဲ
မနေ့ညက မကြာသေးဘူး---အယ်ထီးကော် သိတယ်မဟုတ်လား
အင်း--သိတယ်
ငါ---ထိုးပစ်တာ
လက်သီးနဲ့လား
ဟုတ်ဘူး--လက်နှိပ်ဓာတ်မီးနဲ့
သတ္တိရှိတဲ့နေရာမှာတော့ တို့ကမှ မျိုးနဲ့ ရိုးနဲ့ကို ရှိခဲ့တာ
လုပ်ပါဦး ဘယ်လို ရှိခဲ့တာလဲ
တို့ဘကြီးဆို ရထားတစ်စီးလုံး ခေါင်းပေါ်က ဖြတ်သွားတာ ဆေးလိပ်သောက်တောင် မပျက်ဘူးမောင်
ဟာ---ဘာမှမဖြစ်ဘူး မင်းဘကြီးက သံဂျပ်ကာတွေများ ဝတ်ထားလို့လား
ဝတ် ပါ ဘူး
ဒါဖြင့် ဘာလို့ မသေတာလဲ--အတွင်းအားများ ကောင်းလို့လား
ဟုတ်ဘူး---တံတားအောက် ချီးထိုင်ယိုနေတာ--ဟီး
သတ္တိရှိတဲ့အကြောင်းတော့ လာမပြောနဲ့--ငါတို့ အမျိုး သတ္တိရှိတဲ့အကြောင်းပြောရင် ဂျပန်ခေတ်က စပြောရမယ်
ပြောပါဦး
ငါတို့ အဖေ မယားငယ်ရဲ့ အဖွား ဘယ်လောက်အထိ သတ္တိရှိသလဲဆိုရင် ရွာအပြင် ညောင်ပင်အောက်မှာ ဂျပန်(၅)ယောက်၊ ချောင်းစပ်မှာ ဂျပန်စစ်သား(၂)ယောက်၊ တောင်ကုန်းပေါ်မှာ (၃)ယောက်
အကုန် သတ်ပစ်ခဲ့တယ်ပေါ့---
မုဒိန်း အကျင့်ခံခဲ့ရတာလို့ ပြောမလို့ပါ 


[ ရယ်စရာ ကောင်းသော ပြက်လုံးများ (၁၅) ]
ငါက လူရွှင်တော်သာ ဖြစ်နေတာ တကယ်တန်း ဝါသနာပါတာက ဆိုင်းတီးဝါသနာပါခဲ့တာကွ ဆိုင်းအကြောင်း အကုန်သိ အကုန်တတ်မောင်၊ ဟော--ပက်ရင်ကွဲ၊ ပက်ပြေး၊ ပက်ခြောက်၊ ပက်မူတဲ့ အမျိုးမျိုးရှိတယ်၊ အဲဒါ မင်းတို့ သိလား
မသိပါဘူးဆရာရယ် ဗဟုသုတအဖြစ် နည်းနည်းလောက်ပြောပြပါ့လား
လက်ကလေးကို အလယ်ကနေ လိပ်ပြာတောင်ပံလေးလို ခွဲထွက်သွားတာ ဟောဒါ ပက်ရင်ကွဲ---ဗလူ ပလူ ပူ ပူ ပူ
ပက်ပြေးကရော
ပက်ပြေးက လက်ကလေးတွေကို ဗုံလေးတွေပေါ်ကို အစကနေအဆုံး၊ အဆုံးကနေအစ ဟောသလို ဗလူ ပလူ ပလူ ပလူ ပူ ဗလူ လူ လူ ပူ ဗ လူ လူ လူ
ဒါဖြင့်--ပက်ခြောက်
ပက်ခြောက်က--ပလို့ပက်---ဟေ့ ဟိုဘက်က---ဂျိ--အဲဒါ ပက်ခြောက်--ပလို့ပက်ဂျိ
တယ်ဟုတ်ပါလား---ကဲ--ပက်မူ ဆိုတာက
ပက်မူဆိုတာက- ဟိုလေ--ဟို---အစ်ကို--ရယ် ညီမ နေမကောင်းလို့ပါနော် နော် အစ်ကို
မဟုတ်ဘူးလေ---ပက်မူကို ပြောပြလေ
အင်း လေ ပြောပြနေတာပဲ--အစ်ကိုလို့ဆိုနေ---ညီမ တကယ်နေမကောင်းလို့ပါနော် နော်လို့
ပက်မူကို ပြောပြလို့ ပြောနေတယ်
ဟ--ဒိထက် မူရရင်လည်း ကုတင်ပေါ်က ပြုတ်ကျယုံရှိတော့တာကွာ မင်းကလဲ
ပက်မူမဟုတ်ပါဘူးဗျာ ပက်ချွဲကြီးပါ၊ ကဲ--ခြောက်လုံးပက်ဆိုတာကရော ဘာလဲ ပြောစမ်း
ခြောက်လုံးပက်ဆိုတာ ဟိုကွာ မင်းကလဲ ဒါလေးတောင် မသိဘူးလား လူရွှင်တော် သုံးဦး မင်းသမီးတစ်လက်ကို ပြောတာ
ဘယ်လို
ခြောက်လုံးပက်လေ လူရွှင်တော် သုံးဦး မင်းသမီးတစ်လက်
တစ်ယောက်က ဟိုဟာဖြစ်နေရင်ရောဗျာ ကိုင်း
အဲတော့လည်း ငါးလုံးပက်ပေါ့ကွာ
နောက်တစ်ခုမေးမယ်
မေး
အုပ်စုံ ဆိုတာကရော ဘယ်လိုဟာလဲ
ရပ်ကွက်ထဲကကောင်တွေပြောတာကတော့ မင်း တူမ လို့ ပြောတာပဲ
ဘာဗျ-----
(ပါပါလေး အမှတ်တရ)




ရယ်စရာကောင်းသော ပြက်လုံးများ 6-10



[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၆) ]
မင်းဆိုတဲ့ကောင်ကတော့လေ အသေအချာ သင်ထားရဲ့သားနဲ့ နားကျ ပါးကျလည်း နားမထောင်ဘူး၊ လိုဗြူ လိုဗြူ ဘယ့်နှယ် မင်းသမီးသွားပြီး လိုတီးတုန်း၊ အကုန် သွားတွေတော့ ကျွတ်ကုန်တော့မှာပဲ
ကျနော်လည်း ကြောက်ကြောက်နဲ့ဆိုတော့ ဘာတွေထွက်သွားမိမှန်း မသိပါဘူး ဆရာရယ်
ဒီတစ်ခါ မမှားစေနဲ့
ဟုတ် ဆရာ
ဒီတစ်ခါ မင်းသမီးကို ပြောင်းပြောလိုက်
ဘယ်လို ပြောရမလဲ ဆရာ
ဟေ့မင်းသမီး နင်နဲ့ငါနဲ့ ခွေးလျားသီး ဘိုင်စကယ်
ဘာလဲဆရာ အဲဒါ
ခွေးလျားသီးက မယားလား
ယားတယ်
ဘိုင်စကယ်က မစီးရဘူးလား
စီးရတယ်
ယားစီးတော့
ရီးစား---ဟာ တယ်မိုက်ပါလား
သွား သွား ပြောတော့
ဟေ့ မင်းသမီး
လာပြန်ပီ ဘာလဲ
နင် နဲ့ ငါနဲ့ ခွေးလျားသီး ဘိုင်စကယ်
ဘာလဲအဲဒါ
နင် ဘိုင်စကယ် စီးတော့ မယားလား
ဘာ ပြောတယ် သေနာကြီး
အောင် မ လေး သောက်ကျိုး နည်းပြန်ပါပြီ


[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၇) ]
သေချာသင်ထားတာကို မှားဖြစ်အောင်မှားသေးတယ်၊ စိတ်နဲ့ ငါနဲ့တော့ ဝမ်းဆက် ညစ်တော့တာပဲ
မညစ်ပါနဲ့ ဆရာရယ် အဆင်ပြေအောင်သာ လုပ်ပေးပါ ဆရာ့ ကျေးဇူးမမေ့ပါဘူး
ဘယ်လို မမေ့တာလဲ
မင်းသမီးလေးနဲ့ကျနော်နဲ့သာ ရခဲ့ရင်လေ
ရခဲ့တော့
၆လလောက် ဆရာ့အိမ်မှာ လိုက်စားမယ်လေ
တိန်----ငါတောင် မိန်းမလုပ်စာ ထိုင်စားနေတာ
အလကားပြောတာပါ သူလေးနဲ့ ကျနော်နဲ့ အိမ်ထောင်ကျလို့ သားဦးလေးမွေးရင် ဆရာ မွေးစားဘို့ အပိုင် ပေးလိုက်မယ်
ဖနောင့်နဲ့ ပေါက်ချင်စရာကောင်းဗျာ၊ ငါတောင် ယောက္ခမအိမ် ကပ်နေရတာ
အလကားပြောတာ ပိုင်အောင်သာ လုပ်ပေး ဆရာ့ကို ဟောသည် ပုဆိုးလေး ကန်တော့်ပါ့မယ်
ငါ့ကန်တော့်လိုက်ရင် နင့် ဘာဝတ်ပြီး ပြန်မတုန်း
ဆရာ့ပုဆိုး ပြန်တောင်းမယ်လေ ဆရာ့ပုဆိုးက ကျနော့်ပုဆိုးထက် ပိုလတ်တယ်


[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၈) ]
လ စာ တွေ တိုးတော့မယ် ဆိုပါလား---------

[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၉) ]
ဝေ----ကရင်ကြီး နင်ဘာလူမျိုးလဲ ဝေး
နင့် အမေလင် လူမျိုးဝေး--ကရင်ပါဆိုမှ ဘာလူမျိုး ဖြစ်ရမလဲဝေ

ဝေ--ငါပြောတာ နင် စကောကရင်လား လင်ဗန်းကရင်လားလို့ မေးတာဝေ
ငါ---နို့ထမင်းအိုးတင်တဲ့ ဗျပ်ကရင်ဝေ--ဟာ နင့်ဥစ္စာ ဘာတွေမေးနေတာလဲ ဝေး ငါစကောကရင်ဝေ
ဟေးကရင်ကြီး ငါမသိလို့ မေးစမ်းပါရစေဦး
မေး ပါ ဝေ
နင်တို့ဆီမှာ အိမ်ဆောက်ရင် အမိုးကို အပေါ်ကထားဆောက်သလား အောက်က ထားဆောက်သလား ဖြေပါဝေ
အပေါ်ကနေ ထားဆောက်တာပေါ့ဝေ အောက်ကထားလို့ ဖြစ်မလားဝေ

နင့် အဖ ဖထီးကပြောတော့ အမိုးက အောက်ကဆို
ဟင်---ငါ့ကို နားမျက်စိလည်အောင် မလုပ်ပါနဲ့ ဖေလိုးမသားရယ် ဟိုဟာက အပေါ်ကထားရတဲ့ အမိုး၊ ဒီဟာက အောက်ကနေတဲ့ အမိုး နင် မတူတာကို မမေးပါနဲ့
နင်--ကရင်ဆိုတော့ ကရင်စကားတော့ ပြောတတ်မှာပေါ့
ကရင်ပါဆိုမှ မပြောတတ်ပဲ ရှိမလားဝေ
ဒါဆို---မောင်း ကို ကရင်လို ဘယ်လို ခေါ်လဲဝေ

 မောင်း ကို ကရင်လို ဝက်ခွာလန် လို့ ခေါ်သဝေ
ဝက်ခွာလန်---ဘယ်လိုကြောင့် ဝက်ခွာလန် လို့ ခေါ်ရသတုန်း ရှင်းပြပါဦးဝေ

နင်ကလဲ မသိဘူးလားဝေ ဝိုင်းဝိုင်းလေးနဲ့ အလယ်က ဘုလေးပါရင် ဝက်ခွာလန် လို့ ခေါ်သဝေ တီးကြည့်ရင်လည်း ဒူ ဒူ နဲ့ အသံမြည်ရတယ်
အော်--အဲသလို ခေါ်သလား၊ ဗုံကျတော့ရော ဘယ်လိုခေါ်လဲ
သူ့ကျ တစ်မျိုးပြောင်းသွားပြီ
ဘယ်လိုပြောင်း
ဝက်ခွာလန်
ဟင်--ဒါကြီးပဲ---ဘာလို့
ဝိုင်းဝိုင်းလေးနဲ့ အလယ်မှာ ဘုလေး ပါတယ်လေ နင်တို့ခေါ်တဲ့ ပက်စာ ဟာ ဘုလေး ပေါ့ကွယ် မယုံရင် တီးကြည့် သူလည်း ဗုံပုံပုံ နဲ့ အသံမြည်တယ်
ဒါဖြင့် မင်းသမီး ကိုရော ဘယ်လိုခေါ်တုန်း
အဲ--မင်းသမီး ကျ တစ်မျိုးခေါ်တယ်ဝေ
ဘယ်လိုခေါ်
ဝက်ခွာလန်
ဟင်--လာပြန်ပီ ဒီဝက်ခွာလန်---ဘာ့ကြောင့်
သေချာကြည့်လေ ဝိုင်းဝိုင်းလေးနဲ့ အလယ်မှာ ဘုလေးပါတယ်၊ မယုံရင် ငါ ကိုင်တီးပြရမလား ဂြီကြီကြီ နဲ့ အသံမြည်-------------


[ ရယ်စရာကောင်းသော ပြက်လုံးများ (၁၀) ]
နှစ်လုံး ဘယ်က ထွက်လဲ
မီးလောင်ပေါက်က ထွက်တာပေါ့
ခင်ဗျား ဘာကို ပြောတာလဲ
မင်းကရော ဘာကို မေးတာလဲ
နှစ်လုံး သုံးလုံး ဂဏန်းကို မေးနေတာဗျ
နင့်အမေလင် ထိုင်းက ထွက်တာ ဒါလေးတောင် မသိဘူးလား
သိဒယ် သေချာအောင် ထပ်မေးတာ
ဘာလို့လဲ
ရှမ်းကလေးကျွန်း ဆရာကြီး ပေးတဲ့အကွက်ဆိုလို့ ပုံအောလိုက်တာ
ပေါက်ကရောလား
အခု လမ်းဘေးရောက်နေရပြီလေ စိတ်နာလွန်းလို့ အဲဒီဆရာကြီးဆိုတဲ့သူကိုလိုက်ရှာနေတာ
တွေ့လား
တွေ့ပါ့
တွေ့တော့ အသေသတ်ပစ်ခဲ့တယ်ပေါ့
သူလည်း ကျွန်းပေါ် ရောက်နေရှာပြီး ငတ်နေတယ်လေ စီးစရာ ဖိနပ်တောင် မရှိလို့ သနားတာနဲ့ ကိုယ့်ရှိတဲ့ဟာလေး ချွတ်ပေးခဲ့တယ်
စိတ်ကုန်သွားပြီပေါ့
အင်း နည်းနည်းတော့ကုန်သွားပြီ
တော်သေးတာပေါ့ အချိန်မီ အသိတရားရလို့
ရသေးဘူး ခုတောင် ဝတ်ထားတဲ့ ပုဆိုးလေး ပေါင်ပြီး ထပ်တွယ်ရကောင်းမလားလို့ ဆရာကြီးက ပြောလိုက်တယ် ညနေ နှစ်လုံးပေါင်းခြင်း ၁၀ တဲ့ တွယ်မလားလို့ စဉ်းစားနေတာ

 

ရယ်စရာကောင်းသော ပြက်လုံးများ 1-5


[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၁) ]
ဦး မိုး ဒီ လား---ရှင်
သမီးရေ သမီးရဲ့---လှလိုက်တာ သမီးရယ်၊ ဘယ်သူ့သမီးလေးမို့ ဒီလောက်များ လှနေပါလိမ့် သမီးရယ်
ဦးမိုးဒိ
ဗျာ--ဦး ဦး မော့စ်
ဒီလို သမီးလေးများ ရရင် မလိုချင်ဘူးလား
ဘယ့်နှယ်ပြောပါလိမ့် ဦးရယ် လိုချင်တာပေါ့ဗျာ လိုချင်တာပေါ့
လိုချင်--ခင်ဗျား မိန်းမကြီး သူ့အဖေဆီ ပို့လိုက်ပါလား



[ရယ်စရာကောင်းသော ပြက်လုံးများ (၀၂)]
မန္တလေး တာရိုး အနောက်ဘက်ဆင်းလိုက် နန်းတော်ကျွန်း မင်းကွန်းနဲ့တည့်တည့်
အဲဒီနန်းတော်ကျွန်းဟာ ဘာ့ကြောင့် နန်းတော်ကျွန်းဖြစ်ရတာတုန်း သိလား

အဲဒါ မသိလို့ဗျာ
အနောက်ဘက်ကမ်းမှာကြီးလေးကြီး တည်တော့ ဘုရင်ထီးဘုရားကြီး အဲဒီနေရာမှာ ခေတ္တယာယီ နန်းစံတာ
ဟုတ်ကဲ့
* ပီးတွေးရဲ့စာ ကြီးလေးဖြာ တည်တုန်းခါက ဧကရာ စံတဲ့ကွန်းကို ကျွန်းခေါ်ကြမြဲ နန်းတော်ကျွန်း----ကြက်ထောက်တစ်ဝပ် ၀ါကျွတ်မှထ --ကြီးလေးကြီး အပြီးမသတ် မုဆိုးသုည ကပ်---ဒါ့ကြောင့်မို့ နန်းတော်ကျွန်း--ဟိုဘက်မှာ သုံးဆယ်ဘေးရွာ သိလား
ဟုတ်ကဲ့ ရှင်းပြပါဦး
ပန်းရံတွေက အလုပ်လုပ်ရတာ တစ်ပတ်ပြည့်တော့ ဘုရင်ကို လခတောင်းတာပေါ့ အဲဒီမှာ ၀န်ကြီးတွေက သွားလျှောက်တာ--မှန်ပါဘုရား ပန်းရံသမားတွေက လုပ်အားခတောင်းနေပါတယ် ဘယ်လောက်ဆီများ စွန့်ကြဲရမတုန်းဆို
ဟေ့ သုံးဆယ်ဆီ ပေးလိုက်ကွာ ဆိုလို့ သုံးဆယ်ပေး

သုံးဆယ်ဘေးကနေ အပြန်မှာ အနော်ရထာနဲ့တွေ့တော့မှ မဏိစန္ဒာနဲ့ ဖောက်ပြန်တယ် ဆိုပီးတော့ အရိန္ဒိမာလှံတော်နဲ့ ထိုးတော့ ကျန်စစ်မင်းသားက ထွက်ပြေး အဲမှာ ဗျပ်ဝိ ဗျတ္တက မြားမှန်ပြီးတော့ ရွှေစာရံချောင်း နဋောင်းပျောက်တာပဲ
ဘာဆိုင်တုန်း ဘာဆိုင်တုန်း မင်းဟာက
ငါလည်း တစ်မျက်နှာဆီ ဖတ်ထားတာ
[မန်းနှစ်တစ်ရာ့ငါးဆယ်အကြိုမှ---]
* အသံမသဲကွဲသည့်အတွက် မှားယွင်းနိုင်ပါသည်

[ ရယ်စရာ ကောင်းသော ပြက်လုံးများ (၀၃) ]
တို့မင်းသားကတော့ ခြေထိုးကောင်းတဲ့ အောင်မောင်းကြီးအကနဲ့ မင်းသမီးလေးတွေနဲ့ တွဲကသွားပြီ ဘယ်လောက် ကြည့်ကောင်း
ခင်ဗျားလည်း တွဲကချင်လို့လား
အေးပေါ့ ကချင်တာပေါ့
ကချင်ရင် ခြေထိုး တတ်သလား
ဟ ခြေထိုးတတ်တာတော့ မပြောနဲ့ တစ်ဖွဲ့လုံး တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြတော့ဘူး အဲဒါ ငါလုပ်တာ နောက်ဆုံး တစ်ယောက်တည်းကို ရန်ဖြစ်တတ်နေကြပြီ ဟာ ဟ
အဲဒါပြောတာ မဟုတ်ဘူးဗျ ကတတ်သလားလို့ မေးတာ
အဲဒါတော့ မတတ်ဘူးကွာ ကောင်မလေးတွေနဲ့တော့ တွဲ ကချင်တယ်
တွဲကချင်ရင် အပြောလည်း လိုတယ် ခင်ဗျား ကျနော့်ကို ကြည့်ထား အဲဒီအတိုင်း လိုက်လုပ်
ဟုတ် ဆရာ ဟုတ် ဟုတ်
ဟေ့ ကောင်မလေးတွေ ကောင်မလေးတွေ
ဘာလဲ ဘာလဲ
ညီးတို့ တစ်ချောင်းထိုး ကြိုက်တယ်မဟုတ်လား
ကြိုက်တယ် ကြိုက်တယ်
ကြိုက်ရင် ကိုင်းလာလေ့ ဟေ့ ဗေတို့ပက် ဗေတို့ပက် မှတ်ထား အဲဒါ အောင်မောင်း ခြေထိုး အကတဲ့ မြင်တယ်နော်
ပိုင်လှချည်လား ဆရာရယ်၊ ကျနော်လည်း ဆရာ့လို တွဲကလိုက်ချင်စမ်းပါဘိ၊
ဒါဆို ကျုပ်လို ပြော၊ ကျုပ်လို ခေါ်၊ ကျုပ်လို က ပေါ့
ဟုတ် ဆရာ ဟုတ် ဟုတ် ဟေ့ ကောင်မလေးတွေ ကောင်မလေးတွေ
ဘာလဲ ဘာလဲ
ညီးတို့ တစ်ချောင်းထိုး ကြိုက်လား
နှစ်ချောင်းထိုးပဲ ကြိုက်တယ်
ငင့် အင် အင်---- မှတ်ထား ငါ့နာမည် ငပွားတဲ့ကွ ဟေ့ ဗေတို့ပက် ဗေတို့ပက်
အောင်မလေးဗျာ တစ်ခါတည်း နှစ်ချောင်းမြောက်ထိုးတာ ပက်လက်လန်လဲကုန်ပြီဟ မင့် မင်းသမီးတွေကလည်းကွာ ငါ့ကျမှ နှစ်ချောင်းထိုးဆိုတော့ ဘယ့်နှယ်လုပ် ကမလဲဟ
ရှေ့ကလုပ်သွားတော့ ကောင်မလေးတွေက သိကုန်ပီပေါ့ဗျ ဘယ်နှစ်ချောင်းထိုးဖြစ်ဖြစ် ဖြစ်အောင် ကတတ်ရင် တွဲရပါတယ်ဗျ ခင်ဗျားတို့ နှစ်ယောက် ဘေးဖယ် ကျုပ် တွဲကပြမယ် ဟေ့ ကောင်မလေးတွေ ကောင်မလေးတွေ
ဘာလဲ ဘာလဲ
ညီးတို့ တစ်ချောင်းထိုး ကြိုက်လား နှစ်ချောင်းထိုးကြိုက်လား
ဘယ်နှစ်ချောင်းထိုးမှ မကြိုက်ဘူး
တိန်---မှတ်ထား ငါ့နာမည် ငတိတဲ့ကွ လာလေ့ ဗေတို့ပက် ဗေတို့ပက်


[ ရယ်စရာ ကောင်းသော ပြက်လုံးများ (၀၄) ]
ခင်ဗျား၊ ကောင်မလေးကို တကယ်ကြိုက်တယ်ပေါ့
ဘယ်နှယ်ပြောပါလိမ့် လေးလေးရယ်
သေခါနီးကများ လေးလေးတဲ့ နင့်ထက်ကြီးတဲ့သူ အကုန်သေကုန်ပြီ
မနောက်ပါနဲ့ လေးလေးရယ်
မနောက်ပါဘူး သေချင်းဇိုးကြီးရယ် တကယ် လိုချင်တယ်ပေါ့
အို-----လိုချင်လိုက်တာမှ ၀စ္စနှစ်လုံးတောင် ပေါက်လိုက်ချင်သေးတယ်
သွား သွား ဒီလောက် ညစ်ပတ် စုတ်ပျက်နေတာ မေတ္တာပျက်တယ် သွားတော့
ဟဲ--အလကား နောက်တာ ပြောပေးနော် လေး လေး ပြောပေး
တကယ် လိုချင်တယ်ပေါ့
ဟုတ်
လိုချင် ကျနော့်ပြောပေးစမ်း
ဟင် လေးလေးက လုပ်ပီ ကျနော်ပြောပေးမယ် လုပ်ပါ
အော်အင်း---ကျနော် ပြောပေးမယ်၊ ကောင်မလေးက ကျနော် ပြီးရင် ပြီးပါတယ်
တော်ပီ မင်းပီးမှတော့ ဘာ သောက်သုံး ကျတော့မှာလဲ
ပိုင်တယ်လို့ ပြောတာ
အဲလို လုပ်ပါ ၊ လေးလေးကလဲ-------


[ ရယ်စရာကောင်းသော ပြက်လုံးများ (၀၅) ]
ဟေ့ကောင်--မင်း -- မင်းသမီးလေးကို ကြိုက်နေတာမဟုတ်လား ငါသိပါတယ်
ဟာ ကြိုက်လိုက်သမှ အောက်ပိုင်းကို မရှိတော့ဘူး
ဟင်--နင့်ဟာ အောက်ပိုင်းမရှိမှတော့ ဘာသွား သောက်သုံးကျတော့မှာလဲ
တစ်ပိုင်းကို သေနေတာကို ပြောတာဗျ---ပါးရိုက်ခံရမှာကြောက်လို့ မပြောရဲလို့ ငြိမ်နေရတာ
အဲဒါ နည်းမသိလို့ကွ၊ ကိုယ်ကြိုက်တဲ့အကြောင်းကို တစ်ဖက်လှည့်နဲ့ လူပျိုစကား ပြောတတ်ရတယ်
ဟာ ဒါဆို ကူညီပါဦးဆရာ ဘယ်လိုများ လုပ်ရမလဲ
ကြိုက်ရင် ရည်းစားစကားပြောတဲ့နေရာမှာ တုတ်ထိုးအိုးပေါက် ဘယ်တော့မှ မပြောရဘူးကွ မိန်းခလေးဆိုတာ ကြမ်းလို့ မရဘူး နားလည်လား
ဟုတ် အားကိုးပါတယ်ဆရာ
စကားကို လိမ္မာပါးနပ်စွာနဲ့ သွယ်ဝိုက်ပြီးကိုယ်လိုတဲ့နေရာကို ရောက်အောင် ဆွဲခေါ်တတ်ရတယ်ကွ
ဆွဲခေါ်ရင် ပါးရိုက်ခံရမှာပေါ့ ဆရာရယ်
ဟာ--လူကို ဆွဲခေါ်ခိုင်းတာ မဟုတ်ဘူး စကားအရာ လိမ္မာဘို့ကို ပြောနေတာ
ဟုတ် ဟုတ် ဆရာ နားမလည်တာရှိရင် ဆုံးမပါ ဆရာ၊ သင်ပေးပါဆရာ
ပထမဆုံး မင်း လူပျိုဖြစ်တဲ့အကြောင်းကို မင်းသမီး သိအောင် စကားလိမ်နဲ့ ပြောရမယ်
ဟုတ်ဆရာ ဘယ်လိုပြောရမလဲ သင်ပေးပါဆရာ
မင်းသမီး ထွက်လာရင် ခေါ်လိုက် ပြီးရင် ငါ ပြောသလို ပြော
ဟုတ်
ဟေ့ မင်းသမီး
ဟေ့ မင်းသမီး
ဟိုက ထူးတာနဲ့ မင်းက မရှိဗျိုင်းအတောင် လို့ ပြောလိုက်
အဲဒါ ဘာလဲ ဆရာ
မရှိတော့ မလိုဘူးလား
လိုတယ်
ဗျိုင်းအတောင်က မဖြူဘူးလား
ဖြူတယ်
လိုဖြူတော့
လူပျို--ဟာ တယ်ဟုတ်ပါလား ကိုယ်လူပျိုဖြစ်တဲ့အကြောင်း စကားလိမ်လေးနဲ့ လှမ်း အသိပေး လိုက်တာ မိုက်တယ်ဆရာ မိုက်တယ် ဟော ဟော ဟိုမှာ မင်းသမီး လာဘီ လုပ်ထည့်လိုက်တော့ မယ် လုပ်ထည့်လိုက်တော့မယ် ဟေ့ မင်း သမီး
ဘာ---လဲ
မရှိဗျိုင်းအတောင်
ဘာလဲ အဲဒါ
မရှိတော့ မလိုဘူးလား
လို တယ် လေ
ဗျိုင်းအတောင်က မတီးဘူးလား
တီး တယ် လေ
လို တီး---ဟာ အဲဒါမှ သောက်ကျိုးနဲ



ဂေါက်ချင်ရင် ဖတ်ပါကွယ်၊ ဂိုက်သတ်မနေနဲ့ကွယ်



  ကျနော်-----
စာရေးခြင်းကို ဝါသနာ ပါသည့် အလျောက် အတွေး စိတ်ကူးများ ပေါက်ကွဲ မြူးကြွသည့် အခါတိုင်း အိပ်မက်များကို ရိုက်ချိုးပစ်လေ့ ရှိပါသည်။ တစ်ခါ တစ်ခါ လမင်းသည် ကျနော်၏ ချစ်သူ ဖြစ်နေတတ်ပြီး တစ်ခါ တစ်ခါ ကျနော်သည် ဇီးကွက် တစ်ကောင် ဖြစ်နေပြန်ပါသည်။
ကျနော်၏ ဘောလ်ပင်သည် သစ်ပင် ပန်းပင် မဟုတ်သည့်အတွက် စာရွက်အပေါ် သို့ ပြုတ်ကျသည့်အခါတိုင်း ယိမ်းနွဲ့ခြင်း အလျဉ်းမရှိ ပကတိ ထုံးစံအတိုင်း စာရွက်များသည် ပေါက်ထွက်တတ်ပါသည်။
ပေါက်ထွက်သွားသောအပေါက်များမှလည်း နေရောင်ခြည်များ ဖြာထွက်လာသည်ကို ဘယ်သောအခါမျှ မြင်လာလိမ့်မည်ဟုလည်း ကျနော် မအောက်မေ့ပါ။
ဒါကလည်း--ဘယ်သူ့ဘယ်သူတစ်ဦးတစ်ယောက်ကမှ သွေးဆောင်ဖျားယောင်း ခြင်းမျိုး၊ အမိဖမ်းခြင်းမျိုး တစ်စိုးတစ်စိမျှ ပါဝင်ခြင်း မဟုတ်ဘဲ ကိုယ်တိုင် ကျေကျေနပ်နပ် ပူးကပ်ခုန်ဝင်လက်ထပ်ယူလိုက်သော သတို့သမီးသာ ဖြစ်ပါသည်။
အများအမြင်မှာ အကျည်းတန်တဲ့ သတို့သမီး ဖြစ်နေလင့်ကစား ကျနော့်အတွက်တော့ သူမဟာ လှနတ်သမီးပါပဲ။
ကိုယ်တိုင်လည်း အိုးထဲက ဆန်ဟာ လျှံထွက်ကျလာတာမျိုးလည်း မရှိတဲ့နောက်တော့ မီးတောက်တစ်ခု ဖြစ်လာအောင် ဖန်တီးပါစေဦး နဂါးတွေကြားမှာ ကျနော်ဟာ အရိုးနဲ့ အသားတောင် ရှိမှာ မဟုတ်တော့ပါဘူး ဆိုတာလည်း နားလည်ပါတယ်။
အောင်မှတ်သည် အင် အားနဲ့ ဆန့်တန်းမှ မမှီ့ တစ်မီ ထိရုံသာ ခံစားလိုက်ရတဲ့အခါ စိတ်အနာတရ ဖြစ်တာ မဆန်းပါဘူး။ မျက်စိနဲ့ နားထောင်ကြည့်လိုက်တော့ မှတ်ချက်ပြု စကားလုံးတွေက ခင်မင်မှုနဲ့ နယ်ဖပ် ရောသမရင်း ကြိုးဝိုင်းထောင့်မှာ နလန်မထူနိုင်အောင် အလဲထိုး ပစ်လိုက်ကြ၊ အမှတ်စဉ် ရေတွက်မှုတွေက အုတ်အော်သောင်းနင်း၊ အမှန်တကယ်က ဘဲဥကွဲရုံ သက်သက်ကလေးမျှသာ၊ ဖြစ်စေချင်တာ တစ်ကွင်းလုံး ညံစေချင်တာ၊ ဒီလိုမဟုတ်ဘူး၊ အားနာ ပါးနာမှုတွေကလည်း အလိုက်မသိ ဂဃနဲ့ နဏတောင် မခွဲခြား ဇွတ်အတင်း ဂုဏ်ထူးတန်း တင်ပေးနေတော့တာပဲ။ မြင်ပြင်းကပ်လိုက်ပုံများ မပြောချင်ပေါင်တော်ရေ လို့သာ အော်လိုက်ချင်တော့။
တစ်ချို့များ ကြိုးစား ပမ်းစား အဝိဂတ ပစ္စယောတိ မလုပ်ချင်ဘဲ လုပ်နေကြ၊
တစ်ချို့ကတော့ အသုံးလုံး တက်နေကြဆဲ၊ တစ်ချို့ကတော့ မျက်စိ မမြင်သည့်အတွက် အလင်းအမှောင်ဆိုတာ အရသာ ခြောက်ပါးထဲကို ထည့်မထားဘူး၊ အေးပါလေရော၊ တစ်ချို့ကတော့ စိတ္တဇဆေးရုံးအားကိုးပြီး မိုးခါးရေတွေ သောက်နေလိုက်ပုံများ လက်ဖဝါးနဲ့ ရင်ဘတ် ကပ်ထားရတဲ့အထိပါပဲ။
တစ်ခါသား----ကျနော် ကြယ်တွေနဲ့ ရန်ဖြစ်ကြည့်တယ်၊ ကျနော့် အကျည်းတန်မလေး လမင်း သို့မဟုတ် လှနတ်သမီးနဲ့ စိတ်ကောက်လိုက်ကြတယ် အဲဒီမှာ ကြယ်တစ်လုံး ကြွေကျသွားတယ်၊ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတယ်၊ ကျနော် ထို အလင်းတန်းကို အမိအရ ဖမ်းဆုပ်ပီး ဓာတ်ပုံရိုက်ယူလိုက်တယ် ပီးတော့ နေရောင်ခြည်အဖြစ် ပြောင်းလဲ ထုတ်ယူလိုက်တယ်၊ ဒါကို သတိထားမိသွား ကြတဲ့အခါ ကျနော့်ကို လိမ်လည်မှုနဲ့ ဖမ်းကြမလားဆိုပီး ကျနော့်အတွေးနဲ့တင် ကြောက်ရွံ့နေတုန်းမှာပဲ ---ထင်မှတ်မထားဘူး အံ့အားသင့်ဘွယ် ကောင်းပုံများ ဂိုးသွင်းသမားကို ကြည့်တဲ့ မျက်ဝန်း အစုံများနဲ့ ကျနော့်ဆီ အအုပ်အဖွဲ့ကြီး ပြေးဝင်လာလိုက်တာ ကြောက်ခမန်းလိလိ။
ကျနော် သိလိုက်ပါပြီ။ တကယ်ဆို ဘာမှ မဟုတ်ဘူး၊ သို့သော်
ပီတိအတုတွေနဲ့အတူ ကျနော် အခုချိန်မှာ မော်ဒယ်လ်မလေးတွေနဲ့တော့ ဆပ်စလူး ထတတ်နေပါပြီ၊ နောင်လည်း ထနေပါတော့မည်။

[ကိုင်း ရေးလို့ မပြီး တပြီးပဲ---မိတ်ဆွေ ဒီစာဖတ်ပြီး ခင်ဗျား ရူးမလား
ဒါမှမဟုတ် ကျနော် ရူးရမလား၊ ကျနော်ကတော့ အစကတည်းက ဂေါက်တောက်တောက်မို့--မိတ်ဆွေသာ လိုက်ခဲ့ပါတော့၊ ရှိတ်ကင်း]

(ဒီလိုဗျာ အမှန်က ကျနော်ပြောချင်တာက အဲ--နေဦး၊ မိတ်ဆွေ အရင် နည်းနည်း လောက်ပြောကြည့်လေ၊ ပြီးမှ အတူတူ ပေါင်းပြီး လွဲကျတာပေါ့)

သည်းခံခြင်း သရဖူ ပြိုင်ပွဲ


ခန္တီပါရမီ ရှိတဲ့နေရာမှာတော့ မင်း ငါ့ကို မီမယ်မထင်ဘူး သူငယ်ချင်း
အောင်မယ် ကျုပ်ကသာ သည်းခံတဲ့နေရာမှာ နှစ်ယောက်မရှိတာ နားလည်လား
မင်း အတော်လေး ဟာသပြောတတ်တဲ့ကောင် ငါကသာ No Two ကွ
ကျုပ်ကသာ ဇော်ဝမ်း
ငါက special one
ကျုပ်က သောက်ကျိုးနဲ နံပါတ်တစ်
အလကားနေရင်း သောက်ရူး ထနေတဲ့ကောင်
ဘဝင်ရူးပြီး ရွနေတာခင်ဗျား
ဘီလူး ရုပ် နဲ့ ဖုတ်ကောင်ကများ ငါ့ကို
အရူး ရုပ် နဲ့ သုတ်ကြောင်ကြောင်နေတဲ့သူက ပြောရှာတယ်
ဘာ ကွ မင်း ခွေးစကားမပြောနဲ့
ခင်ဗျားလည်း လူစကားပြော
မင်း မိုက်လား ချမလား
ဘက်တူရင် လူမရွေးဘူး ကိုယ့်လူ
ငါ့လက်သီးက ဘယ်ဆေးရုံ ညာသင်္ချိုင်း
ဝိုက်လက်သီး ဒူးပျံ ပက်တံတောင် မြည်းစမ်းကြည့်ချင်တယ်ဆို စိန်လိုက်လေ
အာကီဒို ကရာတေး ဂျူဒို ဘာလဲဆိုတာ မင်း သိသွားအောင် ပြရသေးတာပေါ့
၆၃ ကိုးမောင်းကို ကျော်လို့ရရင် ကျော်ကြည့်လိုက်လေ
လာ လေ
လာ ပါ
ဟိုင်း---ဟိုင်း ယား----ယိစ်
အုစ်--ရှ်
ဝှစ်----
ဝှစ်---ဝှစ်
ဖောင်း----ဖောက်---ဖောက်
ခွပ်--ဒုတ်---ဒုတ်

(အဲသလိုနဲ့ ဖုန်လုံးကြီးတွေကြားမှာ သည်းခံခြင်းတွေ ပြိုင်နေကြလေရဲ့---)