မဖြစ်နိုင်ဘူး မပြောနဲ့ ဖြစ်ကြည့်လိုက်စမ်း

လူရယ်လို့ဖြစ်လာရင်--စားရဘို့ဒုက္ခ၊ ဝတ်ရဘို့ဒုက္ခ၊ နေရဘို့ဒုက္ခ၊ ဒီ စားဝတ်နေရေးကြီးဆိုတဲ့ ဟာကြီးနဲ့ မဖြစ်မနေ ကြုံတွေ့နေကြရမှာပါပဲ၊
တိုင်းရေးပြည်ရေးထက် ဝမ်းရေးခက်ဆိုသလို (လွမ်းရေးကို အသာထား လိုက်ဦး)
ဒီ---စားရဘို့အရေးအတွက်ကိုက ဒီခေတ် ဒီအခါထဲမှာ အတော်လေးကို
ရုန်းကန်နေကြရတာမဟုတ်လား၊
လခစားသမားတွေကတော့ ထားတော့၊ ကိုယ့်
ရတဲ့လစာလေးနဲ့ တစ်လတစ်လ အလင်မီအောင် ခြိုးခြံချွေတာချင့်ချိန်ပြီး
စားသောက်သွား လို့ရသည်၊ အလင်မမီတော့လည်း ကြိုတင်ငွေထုတ်ပေါ့လေ၊ သည်တစ်လမလောက်တော့
နောက်လအထိပါ ကြိုတင်ကြိုတင် ထုတ်ကြယုံရှိတာပေါ့၊ (ကနေ့အထိ
ကျင့်သုံးဆဲ ကိုယ်တွေ့မို့ပါ)
တစ်နေ့လုပ်မှ တစ်နေ့စား
ကြုံရာကျဘန်းလုပ်ကိုင် စားသောက်နေကြရတဲ့ သူများ ဒီခေတ်ကာလ
ကုန်ဈေးနှုန်းနဲ့တော့ ဒီတစ်နေ့ပြီးပြန်တော့ နောက် တစ်နေ့ ပေါ်လာပြန်ဆိုသလို
နောက်တစ်နေ့ ဘယ်လိုများ စခန်းသွားရပါ့ ဆိုတဲ့ စိတ်အစဉ် ရင်လေးစရာကြီးက
ဘဝမှာ ဒုက္ခတစ်ခုလို ခံစားနေကြရ တာမဟုတ်လား၊
စီးပွားရေးက အဆင်မပြေ၊
နေ့စဉ်ဝတ်ဘို့ထက် စားရဘို့အရေး ရုန်းကန်နေ ရတော့ အိမ်ထောင်ရေးဆိုတာ
ဘယ်မှာလာပြီး အဆင်ပြေချောမွေ့နိုင် ပါတော့မလဲ၊ အဆင်မပြေတော့
ထွက်ပေါက်တစ်ခုအနေနဲ့ အရက်သောက်၊ သွေးဆိုးတဲ့ အိမ်ထောင်ဦးစီးဆို
သွားပါလေရော၊ နေ့လည်က မကျေနပ်ချက်တွေကို မူးတော့မှ အတိုးရော အရင်းရော
ပေါင်းပြီး အာဠာဝက ဝင်ကုန်ကြတာ၊ စားဝတ်နေရေးကြောင့်ဖြစ်ရတာ၊ ဒါဟာလည်း လောက
သဘာဝ နိယာမ ဘဝတွေပါပဲ၊
အဲသည်လိုဖြစ်နေကြတဲ့ ဘဝကြီးကို
အဆင်ပြေစေချင်တာ၊ အစားလေး တစ်လုပ်အတွက် ပင်ပန်းခြင်းကြီးစွာ ရုန်းကန်
နေရတာကို မဖြစ်စေချင်တာ၊ အဓိကက တစ်ထွာလောက်ရှိတဲ့ ဝမ်းစာပြည့်တင်ရေးပဲမဟုတ်လား၊ အဲဒီ ဝမ်းတစ်ထွာလောက်ရှိတဲ့ လမ်းကြောင်းကို
ဘယ်ကနေသွားနေသလဲ၊ ပါးစပ်၊ ဟုတ်တယ်၊ အဲဒီပါးစပ်ပဲ၊ နှစ်လက်မ သာသာလောက်ရှိတဲ့
ပါးစပ်နဲ့ လျှာကို အလိုလိုက်နေကြလို့ သည်ဒုက္ခ သုက္ခတွေကို ခံနေကြရတာ၊
ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး၊အအီ၊အဆိမ့်--အကုန်ကို တွယ်နေတော့တာ၊ ဒီပါးစပ်နဲ့
ဒီလျှာ---ဒင်းတို့ကြောင့် ဒုက္ခရောက်နေရတာ၊ ဒါ့ကြောင့်
အစားလေးတစ်လုပ်အတွက်နဲ့ ဒုက္ခမရောက်အောင်
ဘယ်လိုလုပ်ရင်ကောင်းမလဲ--စဉ်းစားကြည့်တာ၊
အင်း---ခုမှတော့ မရတော့ဘူး
ဦးကောင်း ဟင်္သာမျက်လုံးက ညှိုးယုံ တင်မဟုတ်ဘူး ပေါက်တောင် ထွက်နေဘီလို့
ပြောရမလို၊ အချိန်က နှောင်းသွားခဲ့ပြီ၊ နောက်ကျသွားပြီ၊
အမှန်တကယ်က
ဟိုးယခင် အစကတည်းက လူသားတွေ (ကန်တော့်နော်) လူတွေ ထွေထွေထူးထူး တစ်ခြားဟာ
လျှောက်မစားခဲ့ဘဲ ကိုယ့်ချီးကို ကိုယ် ပြန်စားလို့ ရခဲ့ကြရင် ဘယ်လောက်များ
ကောင်းလိုက်မလဲ လို့----နောဗျာ၊(ဝေါ့)ရေးရင်းနဲ့ အန်ချင်တာကွယ်၊
နှလုံးမကောင်း၊ တစ်လုံးတည်း ကောင်းတဲ့သူများ ဒီနေရာမှာတင် ရပ်ပါ၊
ရှေ့ဆက်မဖတ်ပါနဲ့၊ အေးနော်--ဆက်သွားလို့ ထိုးအန်ရင် ကျနော့်အပူ မဟုတ်ဘူး
(ဝေါ့)
အစားအတွက်နဲ့ ဒုက္ခခံ ရှာဖွေနေစရာမလိုတော့ဘူးလို့
ပြောချင်တာပါ၊ ဟုတ်တယ်လေ၊ ကိုယ့်ချီးကိုယ် ကိုယ်ပြန်စားလိုက်၊ ချီးပါလိုက်၊
ချီးပြန်စာလိုက်နဲ့ စမတ်ကို ဂွမ်လို့၊ rotation အနေနဲ့ အဆင်ကိုပြေနေမှာပဲ၊
Basic Programme လို Looping ပတ်နေရုံပဲ၊
အင်း--ဟို--ပုံဝတ္ထုလိုဖြစ်နေမှဖြင့်---ငါယိုတာ ခွေးလေးကစားလိုက်၊
ခွေးလေးယိုတာ ငါကစားလိုက်၊ ငါလည်း ဓာတ်ချုပ်ရော ခွေးလေးလည်းငတ်ရော
ဆိုရင်တော့ မကောင်းဘူး၊ ဓာတ်မချုပ်အောင်တော့ ဂရုစိုက်၊ နို့မဟုတ် ဘေးအိမ်
သွား ချေးငှားနေရဦးမယ်၊
အဲသလိုသာ
တကယ်ဖြစ်ခဲ့မယ်ဆိုရင်--ဘယ်ရုံးဌာနတွေများ အစားတစ်လုပ် အတွက်နဲ့ ငွေရဘို့
အလုပ်ကို ရှာဖွေနေရဦးမှာလဲ၊ လုပ်နေစရာ မလိုတော့၊ ဝတ်ဘို့နဲ့
နေဘို့အတွက်လား၊ ဘာ ပူစရာရှိလဲ၊ စားဖို့တောင် မပူရတော့ တာ၊ အဲဒီ နှစ်ခု
အတွက်တော့ အေးဆေးဖြစ်သွားပြီ ဟေ့ အေးဆေးဖြစ် သွားပြီ သီချင်းတောင်
ကောက်ညီးတွားနေလို့ ရသေး၊
ဧည့်သည် ဆောင်သည်လာတဲ့အခါမှာတော့ အနည်းငယ် ပြဿနာရှိနိုင် သည်၊ ဧည့်သည်က နားလည်မှုနဲ့ အလိုက်သိလျှင်တော်ရဲ့---
ကျုပ်တို့အတွက်တော့များ ထူးထွေ ဘာမှ စီစဉ်မနေနဲ့၊ အားနာ
စရာတွေဖြစ်ကုန်မယ်၊ ကိုယ့်ရိက္ခာနဲ့ ကိုယ်လာတာ၊ တစ်ညတည်းပြီးတာနဲ့
ခရီးဆက်မှာ--အဲသလို မဟုတ်ဘဲ ဧည့်သည်အနေနဲ့ အလိုက်ကမ်းဆိုးမသိ၊ ဧည့်သည်လာ
အိမ်ရှင်က ကျွေး ဆိုတဲ့ စိတ်ကူးနဲ့များ စားပွဲမှာ ပေတိပေကပ် ထိုင်နေရင်
အိမ်ရှင်မှာလည်း အားနာတာနဲ့---
ဟို--အငယ်ကောင်သွားစမ်း၊ ဧည့်သည်သုံးဆောင်ရအောင် တစ်တုံးသွားပါ စမ်း၊ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပန်းကန်ပြားယူသွား
ဆိုပြီး--ဖခင်လုပ်တဲ့သူက လေသံမာမာနဲ့များ ခိုင်းလိုက်ပါပြီတဲ့၊ သားတော်မောင်ကလည်း---
အဖေကလည်းဗျာ---ဧည့်သည်လာတိုင်း သားကိုပဲ ပါခိုင်းနေတော့တာပဲ၊ ကိုယ်တောင်မှ ကုန်သွားမှာစိုးလို့ ချွေတာ ပါနေရတဲ့အထဲ
လုပ်ချင်လည်း လုပ်နေဦးမည်၊ သူမှ မသထာတာကိုး၊ လုပ်လည်းမလုပ်ချင်၊
ဖအေဆိုတော့ ပြန်လည်းမပြောရဲ၊ ကိုယ့် စားမယ့်အစာ သူများချကျွေးရဦး
မယ်ဆိုတော့ နှမြောကလည်းနှမြော၊ ပန်းကန်ပြား ယူပြီး နောက်ဖေး
ဆောင့်ဆောင်အောင့်အောင့်နဲ့ ထွက်သွားရမယ့် အဖြစ်မျိုးကြုံနိုင်သည်။
တစ်ခါ မိခင်လုပ်သူအနေနဲ့လည်း--မချိတင်ကဲဖြစ်ရမည်၊ ကိုယ့်သားလေးချီး သူများ
စားတော့မည်ဆိုတော့ အသည်းခိုက်အောင် နာကျင်နေရှာမည်၊ အဲဒီအခါ ပြောပါတော့မည်
ဟုတ်ပါ့တော် ကိုယ့်မှ စားဘို့အနိုင်နိုင်၊ စီးပွားရေး ဓာတ်ချုပ်နေပါတယ်ဆို
မှ ရွှေမေတ္တာတွေက ဟောတစ်ယောက် ဟောတစ်ယောက် လာ လာ နိုင်တယ်၊
နေပစေဦး---နောက်တစ်ခါအော်တဲ့ ကျီးတို့ အိမ်မြောင်တို့တော့လား၊ ဒီတစ်ခါ
ချီးမစားဘူးဟေ့၊ နင်တို့ကို မီးဖုတ်ပြီး စားပစ်မယ် ရှင်းလား၊
တစ်ချို့ဆို---
ဘယ့်နှယ်တော် ဟိုဘက်အိမ်က ဝမ်းဒလဟောလျှောပြီး စီးပွားရေး အဆင်ပြေနေတဲ့
အန်ကယ်လ်ကြီးတို့အိမ်တော့ဖြင့် ဘယ်--အလေနတောမှ မလာကြဘူး၊
ဓာတ်ချုပ်နေပါတယ်ဆိုတဲ့ အိမ်ကျမှ တကတည်း---ဟွန်း မပြောလိုက်ချင်ဘူး---
စသဖြင့် လုပ်ချင်လုပ်နေကြမည်၊ အဲသလိုကို ဧည့်သည်တွေ မကြားကြားအောင်
ပြောနေကြမှာလား ဆိုတဲ့ အတွေးက စိတ်မှာ ထင်ရောင် မြင်ရောင်မိရင်း
ရင်ခေါင်းထဲကကို ပျို့တက်လာရပါတော့သည်။
ဆေးဝါးတွေတော့ ရှိချင်ရှိမှာပေါ့၊ အဲ---ဝမ်းပိတ်ဆေးတော့ ရှိ မထင်ဘူး၊
လျက်ဆားတို့ အစာကြေဆေးတို့၊ ဝမ်လျှောစေတဲ့ အစားအစာတို့ ကတော့ ရောင်းကောင်းပေါ့လေ၊
အဲဒီအတွက် ငွေကြေး ထုတ်ချင်လည်းထုတ်၊ မထုတ်ဘူးဆိုလည်း ကုန်ပစ္စည်းခြင်း
လဲလှယ်တဲ့စနစ်ကျင့်သုံးကြပေါ့၊ ခပ်မာမာစားချင်တဲ့သူက ကိုယ့်ဆီက အပျော့နဲ့
လဲစားချင်လည်းစားကြ၊ သည်လိုပေါ့၊ အဆင်ပြေရင် ပြီးတာပါပဲ၊
ရွှေဝါရောင် ဥသျှစ်သီးတို့ သင်္ဘောသီးတို့များ အချိုပွဲတည်းပြီးတဲ့နောက်
များတော့၊ အင်း---ဘာပြောကောင်းမလဲ အရောင်တွေများ ဖိတ်ဖိတ်တောက်အောင်
လှလိုက်မယ့်ဖြစ်ခြင်း--
ဒါ့ကြောင့်လည်း ပြောတာပေါ့၊ စားဘို့အတွကတော့
ပူစရာကို မလိုဘူး၊ ကိုယ့်ချီးကိုယ်ယို၊ ကိုယ့်ဘာသာ ကိုယ်ပြန်စား၊
ဘယ်သူ့ကိုမှ မျက်နှာငယ် အောက်ကျို့ခံ နေစရာကို မလိုဘူး၊ အခုလို---ဘီယာလေး
တစ်ခွက် တစ်ဖလား သောက်ချင်တဲ့စိတ်ကို မနည်းကြီးချိုးနှိမ်ထားရတဲ့ဘဝ က
လွှတ်ကရော၊ ကိုယ့်လစာနဲ့ကိုယ် တစ်လ တစ်လ အလင်မီအောင် ခြိုးခြံချွေတာပြီး
ရှိနေတဲ့ အကြွေးလေး စားမယ့်အထဲက ဖဲ့ဖဲ့ဆပ်နေရတဲ့ ဘဝက----ဟော ဟော ပြောရင်း
ဆိုရင်း ဟိုမှာ--ရန်ကုန်က ဧည့်သည်တွေ လားမသိဘူး၊ လာနေကြပြီ၊ ပိုက်ဆံမှ
မရှိပါဘူးဆိုမှ တော်ကြာ ညအိပ်ဦး မယ်ဆိုရင် ထမင်းက ချက်ကျွေးရတော့မယ်၊
ထူးပါဘူး၊ တံခါးပိတ်ထားပြီး အိမ်သာထဲ ဝင်ပုန်းနေဦးမှဖြစ်မှာပါ၊
ပန်းကန်ပြားလား--ဟင့်အင်း
ယူမသွားပါဘူးဗျာ---ဒါနဲ့--ရှူးတိုးတိုး--မပြောနဲ့နော်၊
No comments:
Post a Comment