Aug 13, 2015

---ပြောတာလဲ ဟုတ်တာပဲလို့

သည်လိုပဲ ချီကောက်လိုက်လာတဲ့ပွဲဆိုတော့ သိတဲ့အတိုင်း
ကျနော်က အသံပိုင်းဆိုင်ရာ ဂေါ်ကီပါ
(နိုင်ငံခြားနာမည်ပါလား----စက်ပိုင်းဆိုတော့ သည်လို ဗိုလ်ဆန်တာနေမှာ---)

ကျနော်ကတော့ စန္ဒယားတင်သိန်း
(တကယ့် အနုပညာရှင်ပဲ ရုပ်အနေနဲ့တော့ စန္ဒားတီးတတ်လိမ့်မယ်လို့တောင် မထင်မိဘူး----)

ကျနော်ကတော့ လျှပ်စစ်ပိုင်းနဲ့ပါတ်သက်ပြီး တာဝန်ယူပါတယ် စမ်းလင်းထွန်းငြိမ်း
(နာမည်ကိုက ခေါ်လို့ တယ်ကောင်းပါလား---)

ကျုပ်ကတော့ ဆိုင်းသိန်းမောင်
(မြန်မာမှုနဲ့ လိုက်ဖက်လှတဲ့ နာမည်ပါပဲ----)

ဒီတစ်ဇာတ်လုံးမှာ ကျနော်က ကြိုးကိုင်ပဲ နာမည်က တက္ကသိုလ် မိုးညို (အညတရ)
(အင်း--ဒါရိုက်တာဆိုတော့---လည်း---နာမည်ကိုက ကဗျာဆန်တာနော်---)

ကျနော်က နောက်ပိုင်းတာဝန်ယူတယ်----စန္ဒကူး ဖြိုးလဲ့အောင် (တရဖျား)
(ရှင်ဘုရင်နာမည်တောင် ပါသေးဟ ဟင်---အင်း နောက်ပိုင်းမင်းသားဆိုတော့ ခမ်းခမ်းနားနား ရှိပေမပေါ့---)

ပွဲ(၂)ညကပြီး၊ ပြန်ကြတော့မည်။ ပစ္စည်းတွေရောလူရော အားလုံးကားပေါ် ရောက်ပြီ၊
ရပြီကားဆရာရေ မောင်းတော့---ဇာတ်ဆရာရဲ့အသံနှင့်အတူ ကားဘီးစလိမ့်ပြီ
တစ်ယောက်က စခန်းထလာသည်၊

အောင်မလေးဟဲ့ ငါ့မှာတော့ အဟုတ်မှတ်ပီး ဂေါ်ကီဆိုလို့ နိုင်ငံခြား နာမည်များ မှည့်ခေါ်ထားတယ်အောက်မေ့နေတာ လတ်စသတ်တော့ တစ်ညလုံး အသံချက်စက်က ဂေါ်ကွီ ဂေါ်ကွီနဲ့ ခဲနဲ့ အထုခံရတာ နည်းတောင်နည်းသေးတယ်
ငါ့မပြောပါနဲ့ မင်းကတော့ရော စန္ဒယားတင်သိန်းဆို ဇာတ်ခုံပေါ် စန္ဒယားတင်တာနဲ့ စန္ဒယား သိမ်းတာကိုများ ဆိုင်းသိမ်းမောင်နဲ့ ဘာထူးလဲ အလကားဖွတ်တွေ
ဟေး ဟေး ကိုယ့်ဟာကိုယ် ဖြစ်ကြ ငါ့ဆွဲမထည့်နဲ့ ငါလည်း ဆိုင်းတီးတတ်တယ်လို့ မပြောမိပေါင်ဗျာ မင်းတို့ဘာသာ မင်းတို့ ထင်နေတာတော့ မတတ်နိုင်ဘူး၊
ထင်မှာပေါ့ဗျ ခင်ဗျားပြောတဲ့လေသံကိုက ဘဝင်လေဟပ်နေတဲ့ အသံကိုး ပီးတော့မှ ဆိုင်းပစ္စည်းတွေ သေတ္တာထဲ ထည့်သိမ်းတဲ့ ဆိုင်းသိန်းမောင်
မင်းလို စမ်းရင် လင်းပြီး ထွန်းရင် ငြိမ်းသွားတဲ့ မီးလုံးတွေလောက် ရုပ်မပျက် ပီးတာပဲကွာ
ဟာကွာ ဟေ့လူတွေ ခင်ဗျားတို့ တော်ကြတော့ဗျာ သည်မှာ အိပ်ရေးပျက်လာတယ်ဗျ၊ အေးဆေး အိပ်ပါရစေ မဆူကြပါနဲ့
ဆူတော့ မင်းက ဘာလုပ်ချင်လဲကွာ၊ မင်းတစ်ယောက်တည်း အိပ်ရေးပျက်တာ မဟုတ်ဘူးကွ၊ အားလုံး အတူတူ ပျက်တဲ့လူကြီးပဲ၊ ငါလည်း ငါ့ဟာငါ အေးဆေးဆေး နေတာကွ ငါ့လာ ဆော်ကားလို့ ငါပြန်ပြောနေတာ
အဲဒါကြောင့် ပြောတာလေ၊ ခင်ဗျားတို့လည်း အိပ်ပေါ့၊ အတူတူနဲ့ အနူနူခြင်းဆိုရင် သိတတ်တရားရှိမှပေါ့ဗျ၊ ဒီလောက် ဆူညံနေတာ အိပ်လို့ မရဘူး တော်ကြတော့
အောင်မာကွာ--သူ့ကိုယ်သူ တစ်ဇာတ်လုံးမှာ ကြိုးကိုင်ဆိုပီး ကားလိပ်ဆွဲနေ တဲ့ကောင်က လူပါးဝလို့ မင်းကိုယ်မင်း အဟုတ်မှတ်မနေနဲ့ မသိခဲ့လို့ ဒါရိုက်တာမှတ်ပြီး အသာငြိမ်နေခဲ့တာကွ၊ သိပြီဆိုတော့ ဟေ့ကောင် ကားလိပ်ဆွဲက ကားလိပ်ဆွဲပဲ လာဆရာမလုပ်နဲ့ ဆူတယ်ကွာ မင်းဘာလုပ်ချင်လဲ၊ ကိုင်းကွာ ဘယ်ကောင်မိုက်လဲ ချမလား အခု ကားရပ်လိုက်စမ်း
ဘာလဲ ဘာလဲ ခင်ဗျားက လူမိုက်လား လာ ကျုပ်နဲ့ ချမယ် အခု အောက်ဆင်းလိုက် ငြိမ်နားထောင်နေလို့ အကောင်းမမှတ်နဲ့
အေး ကြိုက်ပြီဟေ့ကောင် ဟေ့ ကားရပ်လိုက်စမ်းဟေ့၊ ဆိုင်းသိန်းမောင်ကွ အေးရင် ရေခဲတုံးက အဖေခေါ်ရတယ်မှတ်၊ အေး ပူပီဆိုလို့ကတော့ မီးကြီးခဲတောင် ဖျာလိုခင်းအိပ်မယ့်ကောင် ခွေးမသား ဆင်းလေကွာ ဘာ စန္ဒကူး ဖြိုးလဲ့အောင် (တရဖျား) ဟုတ်လား နောက်ဖေးထမင်းချက်တဲ့ကောင်၊ ဆန်တစ်ဘူးခိုးတဲ့ကောင် အရက်သမား ခုဆင်း
လာ ပါ လာပါ ခင်ဗျားကြီး သေချင်းဆိုးနဲ့ သေဘို့သာ ပြင်တော့ ကျုပ်နာမည်ကို ဖျက်တဲ့ ခွေးသူခိုးကြီး တွေ့ကြသေးတာပေါ့
ဟေး ဟေး ကားရပ်ပေးလိုက်စမ်း ရပ်ပေးလိုက်စမ်း ဆင်းကြ ခုဆင်းကြ ကောင်းတယ် မြေကြီးပေါ်မှာ မင်းတို့ သေသေ ကျေကျေ ချကြစမ်း၊ သေတဲ့ကောင် ရွာက လာပီး မြေမြုပ်ပေးလိမ့်မယ် ၊ နှစ်ယောက် လုံး သေနေရစ်ခဲ့လည်း အေးတာပဲ၊ မောင်း ကားဆရာ မောင်းတော့ ထားခဲ့လိုက်
ဇာတ်ဆရာက အဲသလိုလည်း ပြောလိုက်ရော ကားက ဝူးကနဲ မောင်းအထွက်၊ မြေကြီးပေါ် ရောက်နေ တဲ့ လေးလုံးသံ ခြောက်ပေါက်နဲ့ ဘယ်ညာ မြှောက်နေတဲ့ ဘသချော နှစ်ယောက်လည်း
နေဦး ကား ဆရာ နေပါဦး ကျုပ်တို့ ပါ လိုက်မယ်
ဆိုပြီး ဖုံလုံးကြီးတွေနောက်က ဒရောသောပါး ပြေး၍ လိုက်လာကြလေတော့သတည်း။

(၈၆-ခုနှစ်၊ ဇာတ်အဖွဲ့ တစ်ဖွဲ့နှင့်အတူ မုံရွာဒီပဲရင်း (ဟိုးယခင်က ထိုရွာနည်မည်သည် ယခုလောက် နာမည်မကြီးသေးပါ) ရွာကလေးသို့ လိဒ်ဂစ်တာ တီးသူနှင့် ဘာမှ မဆိုင်ဘဲ လိုက်ပါသွားခဲ့စဉ်က အကြောင်းလေးကို မှီးပီး ဆန်းသစ်ပါသည်၊ အဲဒီအကြောင်းလေးကိုလည်း အလျဉ်းသင့်တဲ့ အခါ ဖော်ပြပေးပါမည်၊ နည်းနည်းတော့ သဘောပါလောက်ပါပြီ ပွဲတိုင်းကျော် တေလေဂျပိုးဆိုတာ)

ရယ်စရာ ဟာသပြက်လုံးများ 46-51

[ ရယ်စရာ ဟာသပြက်လုံးများ (၄၆) ]
သမီးရေ ဦးကိုလေ ဟေ့ချစ်စရာ လမ်းထိပ် လက်ဘက်ရည်ဆိုင်က ငါစားဘို့
ပေါင်ထောပတ်သုပ် သွားဝယ်ချေစမ်းလို့ ခပ်မာမာလေး ပြောလိုက်စမ်းသမီး

ပေါင်မုန့်ထောပတ်သုပ် လုပ်ပါဗျ ပေါင် ထောပတ်သုပ်ရင် ပုရွက်ဆိတ်တွေ တက်ကုန်မှာပေါ့
ငါ့ဟာငါ ဘယ်လိုပြောပြောကွာ မင်းကို လျှာရှည်တယ် ပြောစမ်းသမီး
ဟေ့ချစ်စရာ ငါစားဘို့ ပေါင်မုန့် ထောပတ်သုပ် သွားဝယ်ချေစမ်း
လေနည်းနည်းပျော့သေးတယ်သမီး လေမပျော့နဲ့ လေပျော့တော့ ကျွတ်နာတယ်
ခပ်မာမာလေး သာ ဟောက်ပြီး ပြောလိုက်စမ်းသမီး အားမနာနဲ့

ဟောက်စမ်းကောင်မလေး ဟောက်ပစ်လိုက်စမ်း ဟောက်တာမှ ရိုးရိုးကို မဟောက်နဲ့ ခွေးဟောက်နည်း ဟောက်၊ ခွေးတောင်မှ ရိုးရိုးခွေးမဟုတ်ဘူး ချီးစားခွေး
ဘယ်ခွေးကတော့ ရေခဲမုန့်နဲ့ ကိတ်မုန့် စားနေလို့တုန်း ငါ့ကောင်ရယ်
ချီးတောင်မှ အပျိုယိုထားတဲ့ချီးမဟုတ်ဘူး မုဆိုးမ ယိုထားတဲ့ချီး၊
ဟင်
မုဆိုးမတောင် ကြက်သားဝက်သား စားထားတာ မဟုတ်ဘူး နှမ်းဖပ်ချဉ်နဲ့ ချဉ်ပေါင်ရွက်ကြော်စားပြီး ပါထားတဲ့ ချီး
နထင်ကြောကနေ ဖင်ကြောအထိကို ချဉ်နေတော့တာပါလား ဟင် ကဲလုပ် သမီး ခပ်မာမာလေသံနဲ့ ခိုင်းလိုက်စမ်း
ဟေ့ ချစ်စရာ ငါစားဘို့ ပေါင်မုန့်ထောပတ်သုတ် သွားဝယ်ချေစမ်း
ဟုတ်ကဲ့ပါ မမရယ် ပေါင်မုန့် ထောပတ်သုပ်တင် မကပါဘူး
တောက်တလောက်ကြော်လေးပါ တွဲပြီး ၀ယ်လာခဲ့ပါ့မယ်ခင်ဗျာ

အောင်မာ အသံကိုက ငါမပြောလိုက်ချင်ဘူး
တောက်တောက်ကြော်တောင် တောက်တလောက်ကြော်ဖြစ်ရတယ်လို့

ချစ်တာလေကွာ ချစ်တာ ချစ်တာ ဂွီ ခွစ်
အဲဒါ ဘာဖြစ်ရတာလဲ
ကောင်မလေးနဲ့ တွေ့တော့ ကိလေသာတွေ အပေါ်ဆန်တက်လာတာ ဒါနဲ့ မင်းက ငါ့ကို အစ်ကိုကြီး ချစ်စရာ လက်ဘက်ရည်သောက်ဦးမလားလို့ လေသံချိုချိုလေး နဲ့ ပြောကြည့်စမ်း
အစ်ကိုကြီး ချစ်စရာ လက်ဘက်ရည် သောက်ဦးမလား
" ခွပ် "---- လေနာ သေအောင် လုပ်တာလားကွဟင် လေနော ရောဂါ ရှိတယ်ကွ မင်း နားမလည်ဘူးလား
ဟော ဗျာ သက်သက်မဲ့
မုန်းနေလျှင်အပြစ်မြင် ချစ်နေလျှင်အပြစ်မမြင်လေကွာ မင်းကလဲ အဟက်ဟက်ဟက်
(မန္တလေး ဦးချစ်စရာ အမှတ်တရ)

[ ရယ်စရာ ဟာသပြက်လုံး (၄၇) ]
ရှင်မွေးနွမ်းနဲ့ မင်းနန္ဒာ ချစ်တာ အလကား
ယိုမီယိုနဲ့ ဂျူးလိယက် ချစ်တာ ဖွတ်ကြား
ငါနဲ့ ငါ့မိန်းမ ချစ်တာကမှ တကယ့် စူပါစတားဗျား
အံမယ် တယ်ဆိုတဲ့စာပါလား သမိန်ပေါသွပ်ထဲက ခိုးချထားတဲ့ စာသားအတိုင်းပဲ
အောင်မယ် အဟုတ်ပြောတာ ငါတို့ လင်မယား သိပ်ချစ်ကြတာ
ပြောစမ်းပါဦး
ကိန္နရီမောင်နှံ ချောင်းခြားလို့ တစ်ညတာဝေးတယ်ဆိုပြီး ရက်ပေါင်းခုနစ်ရာ ငိုကျွေးတယ်ဆိုတာ ဘာဟုတ်သေးတုန်း
အင်း
ငါတို့လင်မယား ထမင်းစားရင်း ဟင်းချိုသောက်တာ အလယ်ခေါင် ဇွန်းကွယ်နေလို့ ဝေးတယ်ထင်ပြီး ငိုလိုက်ရတာဆိုတာ မပြောပါနဲ့တော့
အဲသလောက်တောင်ပဲလား အံ့သြစာဟယ်
မအံ့သြနဲ့ ဟိုတစ်နေ့က စိတ်မရှည်တာနဲ့ ရဲတင်းနဲ့ ထခုတ်လို့ သေပါရောလား
တိန်



[ ရယ်စရာ ဟာသပြက်လုံး (၄၈) ]
ငါးကို အထီး အမ ခွဲတတ်လား
ကြံကြံဖန်ဖန် ငါး ဘယ်လိုလုပ် အထီးအမ ခွဲမလဲ
လွယ်လွယ်လေး
ဒါဆို ခွဲပြ
ဗိုက်ကို ခွဲကြည့်လိုက် ဥပါရင် အမ၊ ဥမပါရင် အထီး
မင်းသမီးနဲ့ ငါနဲ့ ဆိုရင်ရော ဘယ်သူက အထီး ဘယ်သူက အမလဲ
ခင်ဗျားက အထီးလေ၊ မင်းသမီးက အမ ပေါ့ဗျ ရှင်းနေတဲ့ဟာကြီးကို
မင်းပြောတော့ ဥပါရင်အမ၊ ဥမပါရင် အထီးဆို
ငင်
ငါလဲမေးမယ်
မေး
ပုရစ်ကို အထီး အမ ဘယ်လိုခွဲလဲ
သိဘူး ပြောပြ
ဟောသလိုလေး ကိုင်ပြီး လှန်ကြည့်လိုက် အနက်တံလေးပါရင် အမ၊ အနက်တံလေး မပါရင် အထီး
ဒါဆို ကျနော်နဲ့ မင်းသမီးဆိုရင်------
မင်းက အထီးလေ၊ မင်းသမီးက အမ
ခင်ဗျားပြောတော့ အနက်တံလေးပါရင် အမ ဆို
ငွင့်---
ဟုတ်ပီလေ လူတစ်ယောက်ကိုကြည့်ပြီး လူယုတ်မာလား သူတော်ကောင်းလား မင်း ချက်ချင်း ခွဲပြနိုင်လား
လုပ်ပီ အတွင်းစိတ်ကို ဘယ်လိုလုပ် သိနိုင်မလဲဗျ ကြာကြာပေါင်းကြည့်မှ သိမှာပေါ့
ဒါများ လွယ်လွယ်လေး
ပြောပြလေ
မင်းမျက်နှာနဲ့တူရင် လူယုတ်မာ ခွေးသူခိုး ငါ့မျက်နှာနဲ့တူရင် သူတော်ကောင်း သူတော်မြတ် အဟက် ဟက် ဟက်

(သည်ဟာသလေးကတော့ လူတိုင်း သိဘူး ကြားဘူးပြီး ဖြစ်မှာပါ ဒါ့ကြောင့် အနည်းငယ် ပြန်လည် ဖြည့်စွပ်ထားပါသည်)

[ ရယ်စရာ ဟာသပြက်လုံး (၄၉) ]
ဘာလူမျိုးလဲ
မြန်မာ လူမျိုး

သတ္တိရှိလား
ရှိတယ် ရှိတယ်

ဒါ ဘယ်သူ့တိုင်းပြည်လဲ
ငါ တို့ တိုင်း ပြည်

ဒါ ဘယ်သူ့ နိုင်ငံလဲ
ငါ တို့ နိုင် ငံ

ဒါ ဘယ်သူ့ မြေလဲ
ငါတို့မြေ ငါတို့မြေ

ဟင် ဘုန်းကြီးကျောင်း မြေကြီးကိုများ သူတို့မြေတဲ့
ဟေ့ တိုင်းပြည်မထိနဲ့
မီးပွင့်သွားမယ်

လူမျိုး မထိနဲ့
မီးပွင့်သွားမယ်

ဘုန်းကြီးမထိနဲ့
မီးပွင့်သွားမယ်

မယ်သီလရှင် မထိနဲ့
ဆန်ဗန်း မှောက် သွား မယ်

(လူရွှင်တော် (ဦး)ဒီပါ၊ (ဦး)သောင်းဥာဏ် အမှတ်တရ)

[ ရယ်စရာ ဟာသပြက်လုံး (၅၀) ]
အမာရေ မတွေ့တာကြာလို့နော် အင်း--ကျန်းကျန်းမာမာတော့ ရှိကြရဲ့
ကျန်းမာပါစ
အင်း အခုလိုပြန်တွေ့ကြတော့ ၀မ်းသာတယ်--အော--ပြောလို့သာ ပြောနေရတာ ဗမာစကားထဲ ဟောသည် စကားကြီးကပိုနေ
ဘာလို့
လူများ တစ်ယောက်နဲ့တစ်ယောက်တွေ့လို့ရှိရင် ဟာ ဘယ့်နှယ်တုန်း နေကောင်း ရဲ့လား၊ နေကောင်းလို့ တွေ့တာပေါ့ နေမကောင်းတွေ့ပါ့မလား
ဒါ ကျမတို့ရဲ့ မြန်မာယဉ်ကျေးမှုလေ
အင်း ဒါပေနဲ့ ဒီပြောမယ့်စကားကို အစားထိုးလိုက်ရအောင်
ဘယ်လိုတုန်း
ပြီးတော့ ကျက်သရေလည်းရှိတယ် မင်္ဂလာလည်း ရှိတယ်
အင်း
တစ်ယောက်နဲ့တစ်ယောက်တွေ့လို့ရှိရင် ဟာ ကုသိုလ်ကောင်းမှုများ ပြုပြီးပါပြီ လား၊ ပြုပြီးရင်လည်း ပြုပြီးပါပြီခင်ဗျာ၊ သာဓုခင်ဗျာ သာဓု၊ မပြုရသေးဘူးဆိုရင်လည်း ကြိုးစားပါခင်ဗျာ ကြိုးစားပါ ဘယ်လောက်ကောင်း၊ ခုတော့ တစ်ယောက်နဲ့ တစ်ယောက် လမ်းတွေ့ ဘယ့်နှယ်တုန်း နေကောင်းလား နေကောင်းလို့တွေ့ တာပေါ့ နေမကောင်း တွေ့ပါ့မလား
မေး----စမ်း ပါ အ မာ ရယ်
အင်း--ခုန--မေး
ဦးပေါစံရေ
အ မာ
ကုသိုလ်ကောင်းမှုလေးများ ပြုပြီးပါပြီလားရှင်
ပြုပြီးပါပြီခင်ဗျာ
သာဓုရှင် သာဓု သာဓု
ကဲ ဘယ်လောက်ကောင်း၊ ငါက ပြန်မေးမယ်၊ အမာရေ
ရှင်
မင်း ငါ့ ချစ်ကဲ့လား ဟာ ဟုတ်ပါဘူး
ဘာ ကြီး လဲ
ကြိုးစားပါခင်ဗျာ ကြိုးစာပါ ဟာ ကိုတက်တိုး
ခင်ဗျာ
ခင်ဗျား ဘယ်တုန်းက လွှတ်လာတုန်း
ကြာသေးပါဘူး ဟ ဟာ ဘယ့်နှယ် ထောင်ကျခိုင်းနေတာတုန်း
ကုသိုလ်ကောင်းမှုလေးများ ပြုပြီးပလား
ပြုပြီးပါပြီခင်ဗျာ
သာဓု ခင်ဗျာ သာဓု
ဟာ ကိုပေါစံ
ဗျာ
ဘယ်တော့ သေမတုန်း
နက်ဖန်ခါ ဟာ မလုပ်ပါနဲ့
ကြိုးစားပါခင်ဗျာ ကြိုးစားပါ
ဟာ သေပါတယ်ဆို ကြိုးစားပါတဲ့----

(ဦးပေါစံ၊ ဦးတက်တိုး၊ ယိုးဒယားပြန်အမာစိန် အမှတ်တရ)

[ ရယ်စရာကောင်းသော ဟာသ အောက်လုံးများ (၅၁) ]
များသောအားဖြင့် အငြိမ့်ခွင်တွင် ပြက်သောပြက်လုံးများသည် အထူးသဖြင့် အောက်လုံးများ အများဆုံး ပြက်ကြတာများပါသည်။ အငြိမ့်ခွေများတွင်တော့ ထိုကဲ့သို့ အောက်လုံးများ မပါဝင်တာ များပါသည်။ အကယ်၍ လူရွှင်တော်၏ နှုတ်မှ ရုတ်တရက် ထွက်သွားလျှင်လည်း ဆင်ဆာက ဖြတ်တောက် ပစ်တတ်သည့်အတွက်ကြောင့်လည်း မကြား မသိ ရတာက များပါသည်။
အောက်လုံးဆိုသည်မှာ မောင်နှင့်နှမ သားနှင့်အမိ နားမခံနိုင်သော ယုတ်ရင်းသည့် ကြမ်းတမ်းသော စကားလုံးများကို အသုံးပြုလျက် ပရိသတ်ကို ရယ်ရွှင်ဘွယ်
ဖြစ်အောင် ပြက်ခြင်းမျိုးကို ခေါ်သည်။ အချို့ ၀ါရင့်လူရွှင်တော်ကြီးများ နိုင်ငံသိ
ပြည်သိ ပုဂ္ဂိုလ်ကြီးများတောင် တစ်ခါတစ်ရံ အဆိုပါ အောက်လုံးများ ထည့်သွင်း
ပြောဆိုနေကြသည်ကို တွေ့မြင်ဘူးကြပါလိမ့်မည်။ ခွင်နှင့်ပြောဆို ပြက်လုံးထုတ်ခြင်းမျိုး မဟုတ်ဘဲ အသားလွတ်ကို ထည့်သွင်းပြောဆို သွားတာကိုလည်း မြင်ခဲ့ရ သိခဲ့ရဘူးပါသည်။ အကြောင်းမဲ့ သက်သက်ကြီး ခွင်မဟုတ် ဘာမဟုတ် ငါကိုင်တုတ်တာမျိုး ဆဲတာမျိုးကတော့ အတော်လေး ရုပ်ပျက်လွန်းလှ သည်ဟု ထင်ပါသည်။
သဘာရင့် ၀ါရင့် လူရွှင်တော်ကြီးများတောင်မှ အဆိုပါ အောက်လုံးများနှင့် မလွတ်ကင်းကြပါ။ သို့သော် အောက်လုံးဆိုပေမယ့် ရယ်လည်းရယ်ရ မှတ်သားဘွယ် လည်းဖြစ်အောင် ပြက်ကြသည်ကိုလည်း တွေ့ဘူး မှတ်သားဘူး ပါသည်။
ဟေ့ အမာစိန်
ဘာ----လဲ
မင်းက ဘာတုန်း ငါ့ဘော်ဒါ ကိုတက်တိုးကို ဘာပြောတာလဲ
ဘာပြောရမှာလဲရှင့်၊ ကျမက ယဉ်ယဉ်ကျေးကျေးပြောတာကို သူက ကျမကို----
အဲဒါမျိုးတွေမလုပ်ပါနဲ့ကွ မင်း ဘာအောက်မေ့လို့တုန်း
သွားပါ ရှင်တို့ အပေါက်အလမ်းကို မတည့်ဘူး
မူးလာတာကိုးကွ----------
ကဲ----ဘယ်လောက် ကောင်းတဲ့ ပြက်လုံးဖြစ်သတုန်းဗျာ၊ ဦးပေါစံရဲ့ ပြက်လုံးပါ။ မျက်နှာအမူအရာ အခံအအုပ် အလွန်ကို ကောင်းတဲ့ လူရွှင်တော်ကြီးပါ။ အခု မရှိတော့သည့်အတွက် အလွန်ကို နှမြောမိပါသည်။
သည့်ထက် ကြမ်းလာရင်တော့ အောက်လုံးဆန်လာသည်လို့ ပြောရတော့မည်။
ငါတော့ နောင်ဘ၀ ခွေးဖြစ်ချင်တယ်ကွာ
ဟ---ဘယ့်နှယ်ကြောင့်တုန်း
ကျွတ်ခဲတယ်ကွ
ဘ၀လို့ ထည့်ပြောပါဟ၊ ငါတော့ ခွေးမဖြစ်ချင်ဘူး
မင်းက ဘာဖြစ်ချင်တာတုန်း
နွားမ ဖြစ်ချင်တာ
ဘာလို့
အောင်မယ် နွားမများဖြစ်လို့ကတော့ ကိုယ်က တစ်ကောင်တည်း အမြီးကလေးကို
ထောင်လို့ ရှေ့ကပြေး၊ ဟော နောက်က နွားသိုးတွေက တစ်အုပ်ကြီးလိုက်လာ ဘယ်လောက်ပျော်စရာကောင်းလိုက်မတုန်း
နင့်---၀ါးရုံပင်ကြား ခေါင်းညပ်နေရင် ဘယ့်နှယ်လုပ်မတုန်း
အဲတော့လဲ ခြေထောက်နဲ့ ဟောသလို ဟောသလို ကန်ထည့်လိုက်မှာပေါ့
အဲသလိုကန်တော့ နွားသိုးကလည်း ဟောသလို ဂျိုနဲ့ ဝှေ့ထည့်လိုက်မှာပေါ့
ငါကျတော့ ခွေးလည်းမဖြစ်ချင်ဘူး နွားမလည်း မဖြစ်ချင်ဘူး
ဒါဖြင့် မင်းကဘာဖြစ်ချင်တာလဲ
ငါက အိမ်သာထဲက လောက်ဖြစ်ချင်တာ
ထွီ ရွံစရာကြီး မင်းမို့၊ ဘာလို့ ဖြစ်ချင်ရတာလဲ
မင်းဘာသိလို့လဲ ဟော ချီးလည်း စားရသေးတယ်၊ အပေါ်လည်း မော့ကြည့်ရသေး တယ်မောင် ဘယ်လောက် မိုက်လဲ
အေး အေး မိုက် မိုက်---နော်၊ နင်လိုကောင်မျိုး ဘုန်းကြီးကျောင်းက ကုဋီထဲ ရောက်မှာ

နောက်ထပ်ရှိပါသေးသည်၊ ကက်ဆက်ဖွင့်တဲ့ ပုံစံမျိုးနဲ့ ပြက်သွားတာ၊ ဟိုတလောကမှ (မြန်မာ့အသံမှာ) ကြည့်လိုက်ရပါသေးသည်။ ထိုပြက်လုံးများသည် လွန်ခဲ့သော (၁၅)နှစ်လောက်က မန်းဒလေးအငြိမ့်တွင် လူရွှင်တော် ငှက်ခါး(ကွယ်လွန်) ရွှေတောင် အငြိမ့်တွင် ပြက်သွားခဲ့ဘူးပါသည်။ (သူ့အရင်လည်း ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါသည်) ပရိသတ် ရယ်သော ပြက်လုံးဆိုတာ ရှေးပဝေသဏီကတည်းကနေတစ်ဆင့် တစ်ဆင့် လက်ဆင့်ကမ်း ကူးပြောင်း လာတတ်သည်မဟုတ်ပါလား။
ကက်ဆက်က ဖွင့်လျှင် ဒေါက်၊ ပိတ်လျှင် ညှောင့် အသံထွက်သည်၊ သီချင်းသံ အဆုံးနှင့် ညှောင့်ဆိုတာကို ချိန်သားကိုက် လုပ်ပြီး ပြက်သော ပြက်လုံးဖြစ်သည်။
ဒေါက်
အို တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာဘီ လာ ကိုမြို့မ ကျမနဲ့တွဲ သွားကြမည် အို နောက်ကနေ---ညှောင့်
ငယ် သူငယ်ချင်းရေ--ခုတော့ ငယ်ကျွမ်းဆွေ--အခုလို ပြန်လည် ဆုံတွေကြကာ---ညှောင့်
လမ်းဘေးနားက အကြော်ဆိုင်ထဲမှာ မထိုင်နိုင်ဘူး--၀မ်းတီး တူးတီး ကော်ဖီဆိုင်မှာ မသောက်ချင်ဘူး အက်စ်အီးပေါ်ဝယ်---ဇိမ်နဲ့----ညှောင့်-----

(တညှောင့်ထဲ ညှောင့်နေလို့--မညှောင့်အောင်ဆို တရားခွေဖွင့်ခိုင်းလိုက်တော့---)
အတ္တဂေဟေ ကနေ့ ပြောသမျှ ဟောသမျှထဲမှာ သဘောမကျပဲ အပြစ်တွေ့ခဲ့လျှင် ချစ်ရိပ်တွေဖုံး မုန်းစိတ်တွေ ပစ်ပြီးတော့ အသီးသီးသော မိမိတို့ အိမ်ဂေဟာဌာနသို့ နယူတံတု သီးခံရွေ့သာ ပြန်ကြပေတော့ နယူတံတူ မေတ္တာရေ ပက်ခါဖြန်း လိုက်မယ် ပြစ်ဘယာတွေ ဝေးရာကမြန်းစေတော့ ချစ်သဒ္ဒါဆွေကာလျန်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မှန်စွာမသွေ ပြန်ပါလေတော့ ပြန်ကြလေ ကုန်သတည်း------အဲသလို တရားပွဲပြီးလို့ ဒကာကြီးနဲ့ ဒကာမကြီးတို့ အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ----ညှောင့်---
ဟော--တရားခွေတောင် သည်ညှောင့်က ပါလာသေးတယ်-ဒါဆိုရင် ဒီတစ်ခါ သူ့(ကက်ဆက်)အဖေနဲ့ အမေကို ညှောင့်ခိုင်းမယ်ကွ၊ ဟိုသီချင်း ဖွင့်ခိုင်းစမ်း
ဘယ်သီချင်းလဲ
မိသားစု ကန်တော့်ခန်းကွာ အဲဒါဆို သူ့အဖေနဲ့ အမေ ညှောင့်လိမ့်မယ် လုပ်စမ်း
ဒေါက်----
သားတို့ သမီးတို့ လက်ဆယ်ဖျာ ထိပ်မှာမိုးလို့ ရှိခိုးလို့ ကန်တော့်ပါရစေ ကျေးဇူးရှင် ဖေဖေ နဲ့ မေမေ
အင့်--ဟာ ပိတ်ပဟေ့ ညှောင့်စမ်းဟ
ကျေးဇူးရှင် ဖေဖေ နဲ့ မေမေ
သေဂျင်းဇိုးကက်ဆက် ဒီတစ်ခါ ဘာလို့ မညှောင့်တာလဲ
အဖေ ခရီးထွက်သွားလို့ပါကွယ်
ကဲဟာ ---ဂေါင်--
(ကိုင်း---ရှည်ကုန်ပြီ----တိဦးမှ---)